အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် ဆော့ဝဲလ် ကော်ပိုရေးရှင်း ကုမ္ပဏီ Oracle က Micros System Inc ကုမ္ပဏီကို ဘီလီယံ ၅.၃ ဒေါ်လာ or cash နဲ့ဆိုရင် ၄.၆ ဘီလီယံနဲ့ ဝယ်နေတယ်လို့ တနင်္လာနေ့က သူ့ရဲ့ တရားဝင် ဆိုက်ဒ်မှာ ကြေညာထားပါတယ်။ အဲဒီ Micros ဆိုတဲ့ကုမ္ပဏီက ဆေးရုံတွေနဲ့ လက်ကားဖြန့်တဲ့ စက်ရုံတွေကို ဆော့ဖ်ဝဲလ်နဲ့ ဟာ့ဒ်ဝဲလ်တွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Oracle က Micros ရှယ်ယာတစ်ခုကို ၆၈ ဒေါ်လာ ပေးမယ်လို့ ပြောပါတယ်။ Orace ကဆက်ပြီး Micros ရဲ့ စက်ရုံသုံး အထူး အပလီကေးရှင်းတွေနဲ့ တခြား စီးပွားရေး အပလီကေးရှင်းတွေ၊ တခြား cloud သိုလှောင်မှုတွေမှာ သူတို့က မြှင့်သွားမယ်လို့ ပြောပါတယ်။
Oracle က ဒီလိုမျိုး ဝယ်မယ်လို့ ကြေညာပြီးနောက်မှာ သူ့ရဲ့ စတော့ခ် တန်ဖိုးဟာ ၁၈ ဆင့်ကနေ ၄၁ ဒေါ်လာကို ခုန်တက်သွားပါတယ်။ Oracle ရဲ့ ရုံးချုပ်က Redwood ကမ်းခြေအနီး ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖြစ်ပါတယ်။ Micros Systems ရဲ့ ရုံးချုပ်ကတော့ ကိုလမ်ဘီယာက မယ်ရီလန်းမှာ ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ Micros အနေနဲ့ Oracleနဲ့ ချိတ်လိုက်တာဟာ သူတို့ရဲ့ စစ်စတမ်ကို နိုင်ငံတကာမှာ ချဲ့လိုက်တာနဲ့ တူပါတယ်လို့ ပြောပါတယ်။ Micros CEO ပီတာ အယ်တီဘက်ဖ်ကလည်း Oracleနဲ့ ပေါင်းစည်းခြင်းဟာ ကျွန်တော်တို့ရဲ့ စနစ်ကို သုံးစွဲသူတွေကို ပိုပြီး ဆန်းသစ်တဲ့ နည်းပညာတွေ ပိုပြီးများလာတဲ့ cloud သိုလှောင်မှုတွေနဲ့ ချိတ်ဆက်ပေးမလို့ ဖြစ်ပါတယ် လို့ သူက ပြောခဲ့ပါတယ်။