Gadgets, Mobile, Review

Microsoftက Surface Pro 3 Tabletကို ကြေညာ

Microsoftက Surface Pro 3 Tabletကို ကြေညာ

Microsoftက နယူးယောက်မှာ ပွဲတစ်ခု ပြုလုပ်ပြီး Surface Pro 3 တက်ဘလက်ကို ကြေညာလိုက်ပါပြီ။ Surface Pro 3မှာ ၁၂ လက်မအရွယ် 2160×1440 Resolution Display တပ်ဆင်ထားပါတယ်။ အရွယ်ကြီးမားပြီး ကီးဘုတ်နဲ့ တွဲဖက်သုံးနိုင်တဲ့အတွက် အလုပ်ကိစ္စများမှာ တွင်ကျယ်စွာ သုံးနိုင်မှာဖြစ်ပါတယ်။

Surface Pro 3ရဲ့ ဈေးအသက်သာဆုံးအမျိုးအစားကို ဒေါ်လာ ၇၉၉ ဖြင့်ရောင်းချပေးနေပြီဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့မှာ စတင်ပို့ဆောင်ပေးမှာပါ။ ကီးဘုတ်ကို ဒေါ်လာ ၁၃၀နဲ့ သီးခြား၀ယ်ယူရမှာဖြစ်တဲ့အတွက် Laptopလို အသုံးပြုမယ်ဆိုရင် ဒေါ်လာ ၉၂၉ ကျသင့်မှာဖြစ်ပါတယ်။ တက်ဘလက်မှာ စာရေးသားနိုင်တဲ့ ကညစ်တံ ခေါ် Penကို ဒေါ်လာ ၄၉နဲ့ ထပ်မံ၀ယ်ယူနိုင်ပါတယ်။

တက်ဘလက်ကို Processor, RAM, Internal Storageပေါ် မူတည်ပြီး အမျိုးအစားများစွာ ထုတ်လုပ်ပေးထားပါတယ်။ အမျိုးအစားတစ်ခုချင်းစီရဲ့ ဈေးနှုန်းများကို အောက်မှာလေ့လာပါ။

• Intel Core i3, 64GB and 4GB of RAM: $799.
• Intel Core i5, 128GB and 4GB of RAM: $999.
• Intel Core i5, 256GB and 8GB of RAM: $1,299.
• Intel Core i7, 256GB and 8GB of RAM: $1,549.
• Intel Core i7, 512GB and 8GB of RAM: $1,949.

အရွယ်အစားကြီးပေမယ့် Surface Pro 3ဟာ ၀.၃၅၈ လက်မ(၉.၁ မီလီမီတာ) အထူနဲ့ အလေးချိန်မှာ ၈၀၀ ဂရမ်(၁.၇၆ ပေါင်) ဖြစ်ပါတယ်။ အရင် Surface Tabletများမှာလိုပဲ အနေအထားမျိုးစုံမှာ အသုံးပြုနိုင်ဖို့ Kickstandပါရှိပါတယ်။ Kickstandကို ၁၅၀ ဒီဂရီ လှည့်ပြောင်းသုံးနိုင်ပါတယ်။

ကညစ်တံက တက်ဘလက်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပါတယ်။ ကညစ်တံနဲ့ မျက်နှာပြင်ကို ထိတွေ့လိုက်ရင် ပါဝါဖွင့်ပေးမှာဖြစ်ပြီး မှတ်စုမှတ်သားဖို့ OneNote Appကိုပါ တစ်ဆက်တည်း ဖွင့်ပေးမှာပါ။ Microsoftရဲ့ Cloud Storage၀န်ဆောင်မှုဖြစ်တဲ့ OneDriveမှာ ရေးထားတာတွေကိုသိမ်းဖို့လည်း ကညစ်တံကို တစ်ချက်နှိပ်နိုင်ပါတယ်။ ကင်မရာ Appကို ဖွင့်ထားချိန်မှာ ကညစ်တံကို နှစ်ချက်နှိပ်ရင် ဓါတ်ပုံရိုက်ပေးမှာ ဖြစ်ပြီး OneNoteမှာ မှတ်စုနဲ့ အတူသိမ်းပေးမှာဖြစ်ပါတယ်။

တက်ဘလက်များမှာ Intel Core i3, i5, i7 Processorများကို တပ်ဆင်ထားပါတယ်။ အပါးလွှာဆုံး Intel Core Processorများ ဖြစ်တယ်လို့ Microsoftက ပြောပါတယ်။

Microsoftရဲ့ CEO ဖြစ်သူ Satya Nadellaက တက်ဘလက်ကို မပြသမီမှာ” ကျွန်တော်တို့ဟာ ရှိသမျှစွမ်းဆောင်ရည်အားလုံးကို ချပြပေးနိုင်တဲ့ ထုတ်ကုန်များကို တီထွင်ချင်တာပါ။ ဒီနေ့ကတော့ Microsoftရဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ Laptopလိုရော Tabletလိုပါ သုံးနိုင်တဲ့ Deviceတစ်ခုကို ကျွန်တော်တို့ ဖန်တီးနိုင်ပါပြီ။” လို့ ပြောပါတယ်။

Laptop ၀ယ်ရမလား တက်ဘလက် ၀ယ်ရမလား ဝေခွဲရခက်နေသူများအတွက် အဖြေကို ပေးလိုက်တာ ဖြစ်ပါတယ်လို့ Microsoftရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Panos Panayက ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *