Featured, News

Telenorက အင်တာနက် အသုံးပြုခကို လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်စေမည်ဟု ပြော

Telenorက အင်တာနက် အသုံးပြုခကို လူအများအသုံးပြုနိုင်သည့် ဈေးနှုန်းဖြစ်စေမည်ဟု ပြော

ဒေသတွင်းရှိ လူတန်းစားမျိုးစုံကို အင်တာနက်စနစ် တွဲဖက်ပါဝင်သော မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးမည်ဖြစ်သည့် Telenor Myanmarသည် စျေးနှုန်းနှင့် ပတ်သက်၍ ပူပန်စရာမလိုအောင် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ Telenor Myanmar၏ CEO ဖြစ်သူ Mr.Petter Furbergက“အင်တာနက်အသုံးပြုနေရင်း ဘယ်လောက်ကျသင့်မယ်ဆိုတာကို ပူပန်နေစရာမလိုပါဘူး” ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ Mr.Petter Furbergအနေဖြင့် စျေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း စျေးနှုန်းသတ်မှတ်သည့်အခါ လူအများအသုံးပြုနိုင်သည့် စျေးနှုန်းဖြစ်ရမည်ဟု ကတိပေးပြောဆိုခဲ့သည်။

Telenor၏ အဓိကပြိုင်ဘက် ဖြစ်သော Ooredooသည် အင်တာနက်စနစ်ကောင်းမွန်သည့် 3G ကွန်ရက်ကို စတင်အသုံးပြုသွားမည် ဖြစ်သော်လည်း Telenorသည် 3G ကွန်ရက်နှင့်အတူ 2G ကွန်ရက်မှစတင်၍ ဝန်ဆောင်မှုပေးသွားမည်ဟု ပြောဆိုထားသည်။ “အသံနဲ့အတူ အင်တာနက်စနစ်ကလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ 2Gမှာဆိုရင် ပုံမှန်အသုံးပြုနေတဲ့ emailတို့၊ Facebookတို့အပြင် အခြားသော Applicationတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3Gမှာဆိုရင်တော့ ဗီဒီယိုကို ကောင်းကောင်းကြည့်ပြီး အသုံးပြုနိုင်မှာပါ”ဟု Mr.Petter Furbergက ပြောသည်။ Telenorသည် မြန်နှုန်းမြင့် အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးရန်အတွက် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁၀၀၀ အကြား တည်ရှိရန် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ အဓိကအခက်အခဲသည် တာဝါတိုင်စိုက်ထူရန် မြေနေရာများ ရှာဖွေရခြင်းဖြစ်သည်ဟု ပြောဆိုသည်။ ထို့အပြင် ဆက်သွယ်ရေးအော် ပရေတာများသည် မိုဘိုင်းဆင်းမ်ကတ်ရောင်းချရာ၌ အသံနှင့်ဒေတာစနစ်ကို တွဲဖက်အသုံးပြုနိုင်မည့် မိုဘိုင်းဟန်းဆက်များကိုလည်း ပူးတွဲရောင်းချရန် စီစဉ်ထားသည်ဟု သိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *