Featured, Mobile, Review

Microsoftက ဖုန်းမျက်နှာပြင်ကို ထိတွေ့စရာမလိုဘဲ အသုံးပြုနိုင်မယ့် စွမ်းဆောင်ချက်ကို ၀င်းဒိုးဖုန်းများတွင် ထည့်သွင်းမည်

Microsoftက ဖုန်းမျက်နှာပြင်ကို ထိတွေ့စရာမလိုဘဲ အသုံးပြုနိုင်မယ့် စွမ်းဆောင်ချက်ကို ၀င်းဒိုးဖုန်းများတွင် ထည့်သွင်းမည်

Microsoftက Kinect Sensor နည်းပညာကို တီထွင်အသုံးပြုနေပါတယ်။ Kinectကို Xbox ဂိမ်းစက်များမှာ တွဲဖက်ရောင်းချပေးနေပါတယ်။ Kinectဆိုတာကတော့ လှုပ်ရှားကစားရတဲ့ ဂိမ်းများ ကစားဖို့နဲ့ ဂိမ်းစက်ကို လှုပ်ရှားမှု ဒါမှမဟုတ် အသံနဲ့ ခိုင်းစေနိုင်တာဖြစ်ပါတယ်။ Microsoftက အဲဒီနည်းပညာကို အနာဂတ် ၀င်းဒိုးဖုန်းများမှာ ထည့်သွင်းဖို့ ကြိုးစားနေပါတယ်။ လျှို့ဝှက်နာမည် McLarenလို့ အမည်ပေးထားတဲ့ ၀င်းဒိုးဖုန်းကို ဒီနှစ်နှောင်းပိုင်းမှာ အမေရိကန် Carrierများကို ပြသမှာဖြစ်ပြီး အဲဒီဖုန်းဟာ သူ့ရဲ့ မျက်နှာပြင်ကို ထိတွေ့စရာမလိုဘဲ ဂိမ်းကစားတာ၊ Appများ အသုံးပြုတာကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းနဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ်များက 3D Touch or Real Motionလို့ ခေါ်တဲ့ နည်းပညာကို Nokiaက တီထွင်နေတာနှစ်နဲ့ချီနေပြီလို့ The Vergeကို ပြောပါတယ်။ Evleaksက Nokia McLarenကို အရင်ဆုံး သတင်းပေးခဲ့တာဖြစ်ပြီး Lumia 1020ရဲ့ မျိုးဆက်ဖြစ်လာနိုင်လောက်တဲ့ မျက်နှာပြင် အရွယ်အစား ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနောက်ဘက် အခွံကလည်း Lumia 1020လို ဒီဇိုင်းပဲဖြစ်ပြီး စွမ်းဆောင်ရည်မြင့် ကင်မရာ တပ်ဆင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

McLarenမှာ 3D Touch Systemအတွက် Sensorများစွာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Microsoftက သူ့ရဲ့ နည်းပညာကို အသုံးချနိုင်မယ့် Apps, Gamesများ တီထွင်ရန် Developerများကို ထောက်ပံ့မှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းအရ 3D Touch Systemဟာ ၀င်းဒိုးဖုန်းများနဲ့သာ ပွဲထွက်လာမှာဖြစ်ပြီး Samsung, HTCနဲ့ အခြားဖုန်းများဟာ နောက်ကောက်ကျနေပြီဖြစ်ပါတယ်။ ဖုန်းကို နားနားမှာကပ်လိုက်တာနဲ့ ဖုန်းကို လက်ခံစကားပြောနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိလာမှာဖြစ်သလို ဖုန်းကို စားပွဲပေါ်ချလိုက်တာနဲ့ စပီကာကိုဖွင့်ပေးတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာမှာပါ။ ဖုန်းချချင်ရင် အိတ်ကပ်ထဲထည့်လိုက်ရုံပါပဲ။ ဖုန်းကို Muteလုပ်ဖို့ လက်နဲ့ကာ ဒါမှမဟုတ် ရင်ဘတ်နဲ့ကပ်လိုက်တာနဲ့ အဆင်ပြေမှာပါ။ အချက်ပေးမှုများကို ဖယ်ရှားဖို့ မျက်နှာပြင်ရှေ့မှာ လက်ဝှေ့ယမ်းရုံပါပဲ။

ဖုန်းက Sensorများရဲ့ အကူအညီနဲ့ အိပ်ယာထဲမှာ လှဲလျောင်းလိုက်တာကို သိရှိပြီး Orientationပြောင်းလဲမှုကို တားဆီးပေးမှာဖြစ်ပါတယ်။ Orientationဆိုတာက ကျွန်တော်တို့ အခုသုံးနေတဲ့ စမတ်ဖုန်းကို ထောင်ပြီးသုံးနေရင် ဖုန်းက သိရှိပြီး ဒေါင်လိုက်ပုံရိပ်များကို ပြသတာဖြစ်ပါတယ်။ အလားတူပဲ ဖုန်းကို အလျားလိုက်အသုံးပြုရင် ပုံရိပ်များကို အဆင်ပြေအောင် ပြသပေးတာဖြစ်ပါတယ်။

ဖုန်းရဲ့ ဘေးဘက်ကို ပွတ်ဆွဲရင် ကင်မရာကို Zoomဆွဲပေးမယ့် စွမ်းဆောင်ချက်များလည်း ပါရှိလာမှာ ဖြစ်ပါတယ်။ Microsoftက ဖုန်းမှ Power Buttonလို ခလုတ်များကို အမြင်ရှင်းအောင်ဖြုတ်ချဖို့ကြံရွယ်နေပြီး ဖုန်းကို လက်နဲ့ ဆုပ်ကိုင်လိုက်တာနဲ့ Powerဖွင့်ပေးမှာဖြစ်ပါတယ်။

Microsoftက 3D Touchကို မကြာမီက ဖြန့်ချီလိုက်တဲ့ Windows Phone 8.1နဲ့ Nokia Goldfinger ဖုန်းမှာ ထည့်သွင်းဖို့ ရည်ရွယ်ခဲ့ပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချီမယ့် Updateများမှာပဲ ထည့်သွင်းပေးတော့မယ်လို့ သုံးသပ်ကြပါတယ်။ 3D Touchရဲ့ နောက်ထပ် အဓိကစွမ်းဆောင်ချက်က User Interface ပြောင်းလဲမှုဖြစ်ပါတယ်။ Windows Phone Central ၀က်ဆိုက်က MixViewအကြောင်းကို ဖော်ပြခဲ့ပြီး ဖုန်းမျက်နှာပြင်ကို ထိတွေ့စရာမလိုဘဲ Tileတစ်ခုအပေါ်ကို လက်ဖြင့် ဖိနှိပ်သည့် ပုံစံပြုလုပ်ခြင်းဖြင့် Appများကိုဖွင့်နိုင်တာဖြစ်ပါတယ်။

Amazonကလည်း Microsoftလို 3D စမတ်ဖုန်းထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။ Microsoftက ပြိုင်ဖက်များထက်သာတဲ့ 3D စမတ်ဖုန်း ထုတ်လုပ်နိုင်မလားဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ Samsungက Webpagesများကို Scrollလုပ်ပြီးကြည့်ဖို့၊ ဖုန်းလက်ခံဖို့နဲ့ သီချင်းများပြောင်းလဲဖို့ အတွက် ဖုန်းကို ထိတွေ့စရာမလိုဘဲ လက်ဝှေ့ယမ်းရုံဖြင့် ပြုလုပ်နိုင်တဲ့ Air Gesturesစွမ်းဆောင်ချက်ကို ပြုလုပ်ပေးထားပမေယ့် အသုံးပြုရတာ သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ Microsoftရဲ့ 3D Touch Systemက ဒီနေ့ခေတ် Nokia Windows Phoneများမှာ ထည့်သွင်းပေးထားတဲ့ မျက်နှာပြင်ကို နှစ်ချက်ထိတွေ့ရုံနဲ့ ဖုန်းကို Power ဖွင့်ပေးနိုင်တဲ့ စွမ်းဆောင်ချက်လို လွယ်ကူအောင် ပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်ရပါတယ်။ ဒါမှမဟုတ်ရင်တော့ Kinectစွမ်းဆောင်ချက်ပါရှိတဲ့ ၀င်းဒိုးဖုန်းများဟာ အောင်မြင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *