News

LGရဲ့ “Ultrawide” All-In-One PCအသစ်

LGအီလက်ထရောနစ် ကုမ္ပဏီအနေဖြင့် IPS(In-plane Switching)အချိုး 21:9ရှိတဲ့ မျက်နှာပြင်ကျယ်“UltraWide” All-In-One PCကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပနေသည့် IFA Trade Showတွင် မိတ်ဆက်ပွဲထုတ် ပြသခဲ့ပါတယ်။ အဆိုပါ All-in-One PC၏ မော်ဒယ်နံပါတ်မှာ “V960”ဖြစ်ပြီး ရုပ်ရှင်ပိတ်ကားပုံစံ အသစ်ဖန်တီးထားသည့် မျက်နှာပြင် အလွန်ကျယ်သော LG၏ ထူးခြားသော ထုတ်ကုန်အသစ် ဖြစ်ပါတယ်။ ဘာလင်မြို့ IFAကုန်စည်ပွဲ တွင်LGအနေဖြင့် 29EA73, 29EB73နှင့် 29MA73အစရှိသည့် မော်နီတာအသစ်များကိုလည်း ပြသခဲ့ကြောင်း သိရပါတယ်။ အဆိုပါ IPS 21:9အချိုးရှိ UltraWideသည် PCအနေဖြင့် Multitaskingများ ပိုမိုလုပ်ဆောင်နိုင်ပြီး TVအနေဖြင့်လည်း ဖျော်ဖြေမှုများကို ပိုမိုတိုးတက်အောင် ဖန်တီးပေးထားကြောင်း သိရပါတယ်။

LGအီလက်ထရောနစ်၏ ITခေါင်းဆောင် ဖြစ်သူ Hyoung-Sei Parkကလည်း “LGအနေနဲ့ ကမ္ဘာ့ပထမဆုံး 21:9အချိုးရှိတဲ့ မော်နီတာကို လွန်ခဲ့တဲ့ တစ်နှစ်လောက်တည်းက မိတ်ဆက်ပွဲထုတ် ခဲ့ပေမယ့် အသုံးပြုသူတွေ အနေနဲ့ကတော့ ပိုမိုကောင်းမွန်တဲ့ အချက်တွေနဲ့အတူ အခုထွက်ရှိလာတဲ့ မော်ဒယ်အသစ်ကို ပိုမိုစိတ်၀င်စားကြပါတယ်”ဟု ပြောကြားခဲ့ပါတယ်။ “IPS 21:9 UltraWide All-In-One PCဟာ LGရဲ့ ဂုဏ်သတင်းကို ပိုမိုကျော်စော စေမှာဖြစ်ပြီး UltraWideလောကမှာလည်း LGကို ထိပ်တန်းရောက်စေမှာ ဖြစ်ပါတယ်”လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

အဆိုပါ All-In-One PCဟာ 21:9အချိုးရှိ ထူးခြားကောင်းမွန်သော Desktopတစ်လုံး ဖြစ်ပြီး Windows 8အသုံးပြု မောင်းနှင်ထားပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ ဂရပ်ဖစ် အတွက်နဲ့ “High-Quality”ဂရပ်ဖစ်ဂိမ်းတွေကို ကောင်းကောင်း ဆော့ချင်တဲ့ ဂိမ်းသမားတွေ အတွက်လည်း NVIDIA GeForce GT 640M GPUကို တပ်ဆင်အသုံးပြု ထားတယ်လို့ ဆိုပါတယ်။ အသုံးပြုသူတွေ အင်တာနက်သုံးနေရင်း TVပါ တစ်ခါတည်း ကြည့်နိုင်ကာ “Expand”လုပ်လို့ ရတဲ့ ၂၉လက်မအရွယ် ယူနစ်ဟာ PPI(Picture-In-Picture)ဖန်ရှင်လည်း ထည့်သွင်းထားတာကြောင့် အလွန်အသုံး၀င်မှာ အသေအချာပါပဲ။ အဆိုပါ PCနဲ့ တွဲဖက်အသုံးပြုဖို့ ကီးဘုတ်နဲ့ Mouseတစ်စုံလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *