ZTE Nubia X6 Phablet ကို ဘေဂျင်း နိုင်ငံတွင် တရားဝင်ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ ၆.၄၄ Phablet ဖြစ်ပြီး Snapdragon 801 Chipset တပ်ဆင်ထားပါတယ်။ SIM Card နှစ်ခုအသုံးပြုနိုင်ပြီး LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါတယ်။
Nubia X6 Phablet မှာ 7.9 mm ပါးလွှာပြီး သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားပါတယ်။ မျက်နှာပြင်ရဲ့ ဘေးပတ်လည် ဘောင် တွေကိုလည်း သေးငယ်ကျဉ်းမြောင်းအောင် ပြုလုပ်ပေးထားပါတယ်။(1080) Pixel Resolution Display တပ်ဆင်ထားပြီး တစ်လက်မ လျှင် Pixel သိပ်သည်းဆ (344) ရှိပါတယ်။
အဆိုပါ Phablet တွင် Chipset နှစ်မျိုးတပ်ဆင်ထားပါတယ်။ တစ်မျိုးမှာ Snapdragon 801 MSM8974AB Chipset ဖြစ်ပြီး (4×Krait 400 at 2.3 GHz) တပ်ဆင်ထားပါတယ်။ နောက်တစ်မျိုးကတော့ 8794AC ဖြစ်ပြီး(4xKrait 400 at 2.5GHz) တပ်ဆင်ထားပါတယ်။ 3GB RAM တပ်ဆင်ထားပြီး အသုံးပြုမယ့် Android Version ကိုတော့ မသိရသေးပါ။
အနောက်ဘက်နဲ့ အရှေ့ဘက်မှာ 13MP ကင်မရာတစ်ခုစီ တပ်ဆင်ထားပါတယ်။
ဆက်သွယ်မှုအပိုင်းမှာတော့ SIM Card နှစ်ခုအသုံးပြုနိုင်ပြီး 3G နဲ့ LTE ကို ဆက်သွယ်အသုံးပြုနိုင်ပါတယ်။ Dual-Band Wi-Fi, Bluteooth 4.0, NFC နဲ့ USB 3.0 with OTG တို့ ပါရှိပါတယ်။ Mics သုံးခု တပ်ဆင်ထားပြီး အသံဆူညံမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။
အဆိုပါ Phablet တွင် 4,250 mAh Battery တပ်ဆင်ထားပါတယ်။ Nubia X6 32GB ကို တရုတ်ယွမ်ငွေ (၃,၀၀၀) ဒေါ်လာ (485) ဖြင့် ရောင်းချပေးနေပြီး 64 GB ကို တရုတ်ယွမ်ငွေ (၃,၅၀၀) ဒေါ်လာ (565) ဖြင့် ရောင်းချပေးနေပါတယ်။ 128 GB ကို တော့ တရုတ်ယွမ်ငွေ (၄,၀၀၀) ဒေါ်လာ (645) ဖြင့် ဝယ်ယူနိုင်ပါတယ်။ micro SD Card ကိုတော့ ထည့်သွင်းအသုံးပြုလို့ ရမယ့်ပုံ မပေါ်ပါဘူး။
တရုတ်နိုင်ငံမှာ စတင်ရောင်းချပေးမှာဖြစ်ပြီး အခြားနိုင်ငံများကိုလည်း ရောင်းချကောင်း ရောင်းချပေးနိုင်ပါတယ်။