Panasonic က 4K UHD TV များကို ဗြိတိန် မှာ ရောင်းချေးဖို့ရှိပြီး စွမ်းဆောင်ရည်မြင့် အမျိုးအစားများ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းအချက်အလက်အသေးစိတ် ကို တော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ Viera AX900 TV ဟာ ရုပ်ထွက်အရည်အသွေး အလွန်ကောင်းမွန်မှာဖြစ်ပြီး စမတ်ကျပါတယ်ဆိုတဲ့ တီဗီ တွေ ထက်တောင် ပိုပြီး စမတ်ကျမယ်လို့ ဆိုပါတယ်။
ဘရာဇီး မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အမှီ AX800, AS800 အမျိုးအစားများ ကို ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ အဆိုပါ တီဗီများ မှာ 4K နဲ့ 1080p Display များ တပ်ဆင်ထားမှာဖြစ်ပါတယ်။
ဇန်နဝါရီလ တွင် ပြုလုပ်ခဲ့တဲ့ CES 2014 ပွဲမှာ ပြသခဲ့တဲ့ Viera AX800 အမျိုးအစား ကို ၅၀၊ ၅၈ နဲ့ ၆၅ လက်မ အရွယ်အစားများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ LED Display များ အသုံးပြုမှာဖြစ်ပြီး 3840×2160 Pixel Resolution ရှိမှာ ဖြစ်ပါတယ်။ 3D ရုပ်ထွက်များ ကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။
အဲဒီ တီဗီများ မှာ Panasonic ရဲ့ Hexa Processing Engine Pro နဲ့ အဆင့်မြင့်ရုပ်ပုံထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ HD ရုပ်ထွက်တွေကို ကောင်းမွန်စွာ ခံစားနိုင်မှာဖြစ်ပါတယ်။ 4K Intelligent Frame Creation Engine လည်းပါရှိမှာ ဖြစ်ပါတယ်။
တီဗီများမှာ two HD TV Tuners များပါရှိတဲ့အတွက် TV Show တစ်ခု ကို Record လုပ်နေချိန်မှာ အခြား TV Show တစ်ခုကို ကြည့်ရှုနိုင်ပါတယ်။
AS800 အမျိုးအစား ကို ၄၇၊ ၅၅ နဲ့ ၆၀ လက်မများ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
AX800, AS800 တီဗီများ ရဲ့ ဈေးနှုန်း နဲ့ ရောင်းချမယ့်ရက်ကို မသိရှိရသေးပါဘူး။