How-to

Android Game GPK Fileတွေကို ဖုန်းထဲမှာ Install လုပ်ကြည့်မယ်

GPK for android game

GPK Fileဆိုတာ Android Platform ပေါ်မှာ Runတဲ့ File အမျိူးအစားတစ်ခုပါဘဲ။ APK Fileတွေလို File Size အသေးတွေမဟုတ်ဘဲ File Sizeများ ပါတယ်။ GPK Fileနဲ့ ထွက်တဲ့ Android Game အများစုဟာ Full Versionတွေများ ပါတယ်။ GPK Fileကို Install လုပ်ချင်တယ်ဆိုရင် APK Fileတွေလို Install လုပ်လို့ မရပါဘူး။ သူ့မှာ အဆင့်တွေ ရှိပါတယ်။ ဟိုတလောက Android ဂိမ်းအခွေတစ်ခွေ၀ယ်လိုက်တာ အခွေထဲမှာ GPK Fileထည့်သွင်းနည်းပါ ပါလာတယ်။ GPK Fileနဲ့ထွက်တဲ့ Android Gameတွေက ဆော့လို့ တော်တော်ကောင်းပါတယ်။ အဲဒါနဲ့ ဒီတပတ် How To နေရာမှာ GPK Fileကို Install လုပ်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ GPK Fileကို Installလုပ်ချင်ရင် အရင်ဆုံး GPK Fileကို Download ဆွဲချင်ရင်ဆွဲ မဆွဲချင်ရင် ဂိမ်းခွေရောင်းတဲ့ ဆိုင်မှာ ၀ယ်လိုက်ပါ။

ဒါဆိုရင် GPK Fileကို Install လုပ်ရန်အတွက် GPK File ရှိနေပြီ ဆိုပါတော့။ GPK Fileက ဒီတိုင်း Install လုပ်လို့မရတဲ့အတွက် gpk installerနဲ့ Installလုပ်ရပါမယ်။ ကျွန်တော် ၀ယ်လာတဲ့ အခွေထဲမှာတော့ Muzhiwan installer ပါလာပါတယ်။ အဲဒီ installerလေးကို အရင်ဆုံး ဖုန်းထဲမှာ Installလိုက်ပါ။ ပြီးရင် GPK Fileတစ်ခုကို SD Cardထဲ ထည့်ထားလိုက်ပါ။ တစ်ခုပြောချင်တာက GPK Fileဆိုတာ File Size တော်တော်ကြီးပါတယ်။ SD Cardက အနည်းဆုံး 8 GB ရှိမှ အဆင်ပြေနိုင်ပါတယ်။ ဒါဆိုရင် Muzhiwan installerလည်း သွင်းပြီးဆိုတော့ Muzhiwan ဖွင့်လိုက်ပါ။ သူက တရုတ် Developerတွေ ရေးထားတာဆိုတော့ တရုတ်ဘာသာနဲ့ပဲ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ပုံနှင့်တကွ Share ပေးလိုက်ပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “Android Game GPK Fileတွေကို ဖုန်းထဲမှာ Install လုပ်ကြည့်မယ်

Leave a Reply

Your email address will not be published. Required fields are marked *