Gaming

Watch Dogs

Watch Dogs

အခုထိ ထွက်လာမဲ့နေ့ အတိအကျမရှိသေးတဲ့ ဂိမ်းနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။ ထွက်မဲ့နေ့သာ မသေချာသေးတာ ပြီးခဲ့တဲ့ ၂၀၁၂တုန်းက E 3 ပြပွဲမှာ ဒီဂိမ်းကို မိတ်ဆက်ပေးသွားတယ်ဗျ။ ဒီနှစ်ထဲမှာ ထွက်မှာတော့ သေချာပါတယ်။ ဂိမ်းမာတွေလဲ ဆော့ချင်နေကြပြီလို့ ထင်ပါတယ်။ Watch Dogs ကို Ubisoftက ဘာလို့ ဈေးကွက် မတင်သေးတာလဲဆိုတာ မတွေးတော့ဘူး။ IGNမှာတော့ နို၀င်ဘာလို့ Date ပေးထားပါတယ်။ ဒီတော့ ထွက်လာမဲ့နေ့ကိုသာ စောင့်နေရတော့မှာပါ။ Watch Dogsကို PC, PS3, Xbox 360, Xbox One, Wii U အတွက် ရည်ရွယ်ထားပါတယ်။ Demo အဖြစ်ထွက်ရှိနေတာတော့ ကြာပါပြီ။ Ubisoft Montrealရဲ့ ပုံဖော်မှုတွေက မြို့တော် Chicagoကို အသက်သွင်းထားတာပါ။ Open-World ၊ Action ဂိမ်းအမျိူးအစားဂိမ်းတစ်ခုဖြစ်တဲ့ Watch Dogs အကြောင်းလေး Preview လုပ်ပေးချင်ပါတယ်။ မြို့တော် Chicagoမှာ ဇာတ်အိမ်တည်ထားတယ်။ အဆင်မြင့် နည်းပညာတွေ ထွန်းကားနေတဲ့အချိန် Chicagoမြို့ပေါ်မှာ လူတစ်ယောက် မျက်နှာကို တစ်၀က်အုပ်ထားပြီး လူဆိုးတွေကို လိုက်ရှာနေပါတယ်။

 

Open-World ဖြစ်တဲ့အတွက် ထုံးစံအတိုင်း လွတ်လပ်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ Action ဂိမ်းဖြစ်တဲ့အတွက်လည်း တိုက်ခိုက်တာတွေ အပြည့်အ၀ ဆော့ကစားရမှာပါ။ Chicagoမြို့ပေါ်မှာ Face Mask အုပ်ထားတဲ့ လူတစ်ယောက် ဒုစရိုက် နှိမ်နှင်းမှုတွေ ပြုလုပ်နေပါတယ်။ သူ့ကို အမိန့်ပေးနေတဲ့ လူရှိပါတယ်။ အမိန့်တွေ အားလုံးကို ပြီးစီးအောင်ဆောင်ရွက်ရမဲ့ Missionတွေ အများအပြား ပါ၀င်ပါတယ်။ Watch Dogsရဲ့ ဇာတ်လိုက် တစ်ယောက်ဖြစ်တဲ့ မျက်နှာဖုံးစွပ်ထားတဲ့ လူအဖြစ် ကစားသူက ကိုင်တွယ် ကစားသွားရမယ်၊ သူ့အတွက် ပေးထားတဲ့ Missionတွေကို ပြီးစီးအောင် ဆောင်ရွက်ပေးရပါမယ်။

 

ဂိမ်းထဲမှာ အသုံးပြုရမဲ့ လက်နက်တွေက ဂိမ်းကိုစ ကစားပြီးဆိုတာနဲ့ ဇာတ်လိုက်စီမှာ လက်နက်ပါပြီးသားပါ။ တခြား Missionတွေ ပြောင်းသွားရင် လက်နက် ပြောင်းလဲ အသုံးပြုလို့ ရပါတယ်။ Watch Dogsထဲမှာ မြင်တွေ့ရဲ့မယ့် ဂိမ်းပုံစံက Action ပုံစံတွေ ပါ၀င်တဲ့ အပြင်ကို နည်းပညာ မြင့်မားမှုတွေရဲ့ အကူအညီနဲ့ Missionတစ်ခု ဆောင်ရွက်ရမယ့် ပုံစံမျိူးတွေပါ ဆော့ကစားရမှာပါ။ ကဲ…..ဒါကြောင့် စောင့်ရကျိူးနပ်မဲ့ Action ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ Watch Dogsကို အကြို Previewလုပ်ပေးရင်း တကယ်ထွက်လာမဲ့ နေ့ကျမှ ဆော့ကစားရင်း ဘာတွေကောင်းလဲဆိုတာ သိရအောင် ဂိမ်းဇာတ်လမ်းလောက်ဘဲ ပြောပြပေးထားတာပါဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *