How-to

Net Monitor Software သုံးပြီးသူများ ကွန်ပျူတာကိုကြည့်မည်

ဒီတစ်ခါတော့ Net Monitor for Employee pro Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Software လေးက Network သမားတိုင်းအသုံးပြုသင့်တဲ့ Software ကောင်းလေးပါ။ အဲဒီ Software ကကိုယ့် Network ထဲမှာရှိတဲ့ User Client Computer တွေကို Management နဲ့ Monitoring လုပ်တဲ့ Software လေးပါ။ များသောအားဖြင့် Company တွေ၊ Educational Center တွေမှာ အသုံးပြုကြတာများပါတယ်။ Company တွေမှာ MD ကိုယ်တိုင်၀န်ထမ်းတွေ အလုပ်လုပ်နေလား၊ Game ပဲဆော့နေလား ၊ Gtalk ပဲ Chat နေလားဆိုတာ Computer အကုန်လုံးကို Live Show ထိုင်ကြည့်နေလို့ရပါတယ်။ တကယ်လို့ ထိုင်ပြီးကြည့်ဖို့ မအားဘူး ဆိုရင်တောင် Recording System ပါပါသေးတယ်။ CCTV View လိုမျိုး ဇယားအကွက်တွေ့နဲ့ User Computer Screen တွေကိုမြင်ရမှာပါ။ ကြည့်ချင်တဲ့ Computer ကိုရွေးပြီး Full Size ကြည့်လို့ရပါတယ်။ ဒါ့အပြင် Remote Control ပါအသုံးပြုနိုင်ပါတယ်။

networklookout.com

networklookout.com

ဒီ Software မှာ နောက်ထပ်အသုံးပြုလို့ရမဲ့ Feature တွေအကြောင်း ဆက်လက်ရှင်းပြပါအုံးမယ်။ User Computer တွေကိုတစ်ဦးချင်းစီ Internet Control လုပ်လို့ရပါသေးတယ်။ ပေးမကြည့်စေချင်တဲ့ Website တွေကို ပိတ်မယ်၊ ဘယ် Website တွေကိုပဲ ပေးကြည့်ခွင့်ပေးမယ် ဆိုတာတွေကို Control လုပ်လို့ရပါတယ်။ ပိတ်ထားတဲ့ Website တွေကို ကိုယ် လိုချင်တဲ့ Page နဲ့ Loading တက်လာအောင်လဲ လုပ်လို့ရတယ်။ ဒါမှမဟုတ် URL Linkကို ဘယ်Link နဲ့ တက်စေချင်လဲဆိုတာလုပ်လို့ရပါသေးတယ်။ ဥပမာ- (Facebook Website ကိုပိတ်ထားတယ် ၊ Redirect to URL Link မှာ www.google.com လုပ်ထားမယ် ဆိုပါစို့၊ user က facebook ကိုဖွင့်လိုက်ရင် facebook page မတက်လာပဲနဲ့ google page ပဲတက်တက်လာမယ်။ အဲဒါကိုဆိုလိုတာပါ။)

ပြီးတော့ User Computer တွေကို software ကနေ Shut Down လုပ်တာတို့၊ Computer ကို Restart ချတာတို့ ၊ Log Off လုပ်တာတို့ အပြင် Computer တစ်ခုလုံးကို Keyboard တွေ Mouse တွေအသုံးပြုလို့မရနိုင်အောင် Lock လုပ်ထားနိုင်ပါသေးတယ်။

Share Desktop Feature လဲပါ၀င်ပါသေးတယ်။ အဓိကကတော့ Share Desktop Feature က Educational မှာအသုံးပြုရတဲ့ Feature တစ်ခုပါ။ User Computer တွေကို Message တွေလဲ တစ်ဦးချင်းစီပို့နိုင်ပါသေးတယ်။ User Computer မှာ Run နေတဲ့ Process တွေကိုလဲ ပိတ်ပစ်နိုင်ပါသေးတယ်။

05-06

ဒီ Software ကို Install လုပ်ပုံလုပ်နည်းကတော့ Server, Client နှစ်မျိုး Install လုပ်ရပါမယ်။ ဒီ Software ရဲ့အားသာချက်ကတော့ User Computer တစ်စုံတစ်ခုဖြစ်ရင် လူကိုယ်တိုင်သွားစရာမလိုပဲနဲ့ Network ပေါ်ကနေပဲ Remote လှမ်းလုပ်ပေးလိုက်လို့ရပါတယ်။ ကျွန်တော် ဒီ Software အသုံးပြုခဲ့တဲ့ Company မှာပေါ့ Department တွေက
အေ၀းကြီးတွေ၊ တစ်ခါတစ်ခါ Computer ပျက်လို့သွားပြင်ရင် တော်တော်သွားရတယ်။ ဒီ Software အသုံးပြုပြီးကတည်းက Network ပေါ်ကနေပဲ အဲ့ဒီ Computer ကို Remote နဲ့လှမ်းပြင်ပေးတာ တော်တော်အဆင်ပြေသွားတယ်။ အဲဒီ Software အသုံးပြုပြီးမကြာပါဘူး၊ ရုံးစရောက်တာနဲ့ထိုင်နေရ၊ ထမင်းစားပြီးလဲ ထိုင်ခုံမှာပဲထိုင်နေရ လမ်းမလျှောက်ရတော့ လူက၀၀ လာရော ၊ အဲဒီ Software အသုံးပြုခြင်းရဲ့ မကောင်းတဲ့ အချက်ကတော့လူကို၀၀လာစေချင်းပါပဲ၊ Net Monitor for Employee pro Software ကိုအသုံးပြုဖို့အတွက် ၀ယ်ရမှာဖြစ်ပါတယ်။ License ဈေးနှုန်းကတော့ အသုံးပြုမယ့် User Computer ပေါ်မူတည်ပြီး ဈေးနှုန်းတွေကမတူပါဘူး။ ၀ယ်ယူမယ်ဆိုရင်သ့ူရဲ့ address ကတော့ http://www.networklookout.com/employees_pro.htm ဖြစ်ပါတယ်။ မြန်မာပြည်မှာဘယ်တုန်းက Licence Version ၀ယ်ဘူးလို့လဲ။ အကုန်လုံး Crack ပြီးသုံးနေကြတဲ့သူတွေကြီးပဲ။ Crack သုံးချင်တယ်ဆိုရင်တော့ www.4shared.com မှာပဲ ရှာလိုက်တော့နော်။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

One thought on “Net Monitor Software သုံးပြီးသူများ ကွန်ပျူတာကိုကြည့်မည်

  1. thuya199 says:

    ရှာရမှာ အလုပ်ရှုပ်နေမှာစိုးလို့  လင့်ပေးလိုက်တယ်။

    http://www.kothuya.com/2012/09/free-download-net-monitor-for-employee.html

Leave a Reply

Your email address will not be published. Required fields are marked *