Gaming

Batman : Arkham Origins

Batman : Arkham Origins

Warner Brosရဲ့ ရုပ်ရှင်ရော ဂိမ်းအဖြစ်ပါ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Batman : Arkham Origins ဂိမ်းကို October 25, 2013 မှာ Release လုပ်တော့မှာ ဖြစ်ပါတယ်။ Batman ဂိမ်းဆိုတာတော့ သိထားတဲ့အတိုင်း လူစွမ်းကောင်း တစ်ယောက်ရဲ့ ဘ၀နဲ့ သူနှိမ်နင်းရတဲ့ လူဆိုးတွေရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတဲ့ ဂိမ်းတစ်ခုပါ။ တစ်ချိန်က လင်းနို့လူသား (Batman)လို့ ကလေးတွေ အရမ်းကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကို ဂိမ်းအဖြစ် ပြောင်းလဲခဲ့တာ Arkham City ပြီးရင် အခု Arkham Originsတွေဆိုပြီး Batman စီးရီးတွေ ထွက်ရှိလို့ နေပါတယ်။ ဒီတစ်ခါ ထွက်လာတဲ့ Arkham Originsက Arkham Cityလို ဇာတ်လမ်းမျိုးဆိုပေမယ့် ပြောင်းလဲမှုတချို့လုပ်ထားပါတယ်။ Batmanနဲ့ တိုက်ခိုက်တဲ့ လူဆိုးအသစ်တွေ ထပ်တိုးပေးထားတယ်၊ လက်နက်ပြောင်းလဲတယ် ဇာတ်လမ်း အနဲငယ်ပြောင်းထားတာတွေကို Arkham Originsမှာ တွေ့ရမယ်။ ဂိမ်းထဲမှာလဲ Batmanရဲ့ သဘာ၀တွေကို မြင်တွေ့ရမှာဖြစ်သလို ညဘက်မှ လူဆိုးတွေကို တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ညဘက်မြင်ကွင်းနဲ့အတူ ကစားသူက Batmanကို ကိုင်တွယ် ကစားသွားရမှာ ဖြစ်ပါတယ်။

Warner Bros. Interactiveက ထုတ်ပေးမှာဖြစ်ပြီး Developer အနေနဲ့ WB Games — Montreal, Splash Damageတို့က တာ၀န်ယူထားကြပါတယ်။ အကျဉ်းသား အများဆုံးရှိတဲ့ မြို့ဆိုမှတော့ ပြစ်မှုတွေကတော့ မျိုးစုံပေါ့။ အဲ့ဒီမြို့မှာရှိတဲ့ အကျဉ်းသားတချို့က ထွက်ပြေးလွတ်မြောက်နေတယ်ပေါ့။ ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေကို Batmanက နှိမ်နင်းနေရတယ်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ဆော့ကစားရမှာပါ။ မြင်ကွင်းတွေ အားလုံးကတော့ ညဘက်တွေချည်းပါပဲ။ Batmanရဲ့ ထုံးစံအတိုင်းပေါ့။ Arkham Originsမှာ Batmanရဲ့ ရန်သူတော်ကြီး ဂျိူကာအပြင် တခြားရန်သူတွေလည်း ပါ၀င်လာပါတယ်။ ဂိမ်းထဲမှာ Batmanရဲ့ သဘာသအတိုင်း သူရဲ့ ၀တ်ရုံ၊ လက်နက်တွေအပြင် အပြောင်းအလဲ လုပ်ထားတဲ့ လက်နက်အသစ် အသွင်အပြင်အသစ်တွေနဲ့ ဇာတ်အိမ် အပြေင်းအလဲလေးတွေကို မြင်တွေ့ရဦးမှာပါ။

လူဆိုးအသစ်တွေရဲ့ စွမ်းအားတွေက Batmanကိုဘဲ နိုင်မလား Batmanကဘဲ လူဆိုးတွေကို နိုင်မလားဆိုတာတော့ ဂိမ်းထဲမှာ ကစားသူရဲ့ ကစားပုံတွေပေါ်မှာ မူတည်နေပါတယ်။ အပြောင်းအလဲ တစ်ချို့မြင်တွေ့ရမဲ့ Batman : Arkham Originsကို ညဘက်မှ ထွက်လာပြီး လူဆိုးအားလုံးကို နှိမ်နင်းတဲ့ လင်းနို့လူသားရဲ့ ဟန်ပန် အမူအရာတွေကို အမြင်သစ်နဲ့ ပြန်တွေ့ရဦးမှာပါ။ Xbox 360 PCPS3Wii Uတို့မှာ ကစားနိုင်မဲ့ Arkham Origins ပရိသတ်တွေအတွက် Octoberလထဲမှာ ကစားနိုင်တော့မှာဖြစ်ကြောင်း သတင်းပေးလိုက်ရပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *