Gaming

R.I.P.D THE GAME

R.I.P.D THE GAME

R.I.P.D THE GAMEဆိုတာ Action အမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပါတယ်။ July 24, 2013 ရက်နေ့က ထွက်ထားဖြစ်ပေမယ့် ဒီမှာတော့ Update ဖြစ်နေတုန်းပဲ ရှိဦးမှာပါ။ Actionတွေထဲကမှ R.I.P.D THE GAMEကတော့ ရလဒ်သိပ်မကောင်းဘူး ဖြစ်နေတယ်။ ဂိမ်းကတော့ ဆော့လို့ ကောင်းပါတယ်၊ ဂိမ်းမာတွေအတွက်တော့ စိတ်၀င်စားမှု နည်းနေသေးတဲ့ ဂိမ်းတစ်ခု ဖြစ်နေပါတယ်။ သေနတ်သမား နှစ်ယောက်ပါ၀င်ထားပြီး ဇာတ်လမ်း ရိုးရိုးရှင်းရှင်း ဖြစ်နေတာကြောင့်လားတော့ မရေမရာ ဖြစ်နေပါတယ်။ R.I.P.D THE GAMEရဲ့ ရလဒ်က ၄လောက်ပဲ ရှိပါတယ်။

ဒါပေမဲ့ သူ့ဂိမ်းအနေအထားနဲ့ သူကတော့ ဆော့လို့ ကောင်းတဲ့ ဂိမ်းတစ်ခုဆိုတာ မမှားပါဘူး။ PCအတွက် ထုတ်ထားတာ ဖြစ်တဲ့ R.I.P.D THE GAMEကို Publisher အဖြစ် Atlus ၊ Developer အဖြစ် OldSchool Gamesတို့က တာ၀န်ယူထားကြပါတယ်။ သေနတ်သမား နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကို Actionအဖြစ် ဖန်တီးထားကြတာပါ။ ဂိမ်းရဲ့အနေအထားက ရိုးရှင်းပေမယ့် တချို့နေရာတွေမှာ Actionဂိမ်းတွေရဲ့ အရသာကို တွေ့ရမှာပါ။

R.I.P.D THE GAMEရဲ့ ဇာတ်အိမ်ကို Supernatural ဇာတ်လမ်းရဲ့ ရုပ်ရှင်ရော၊ ကာတွန်းကိုရောပါ အခြေခံထားတာပါ။ သိတဲ့အတိုင်းပဲ Supernatural ဆိုတာ နေရာတိုင်းမှာရှိတဲ့ သရဲတွေကို နည်းမျိုးစုံနဲ့ လိုက်နှိမ်နှင်းတဲ့ ညီကိုနှစ်ယောက်အကြောင်း ဇာတ်လမ်းရိုက်ထားတာပါ။ ဂိမ်းထဲမှာ ဇာတ်ကောင်နှစ်ယောက် ပါ၀င်ပါတယ်။ သူတို့နှစ်ယောက်က ညီကိုတော့ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်လုံးကတော့ လုပ်ရပ်တွေ တူပါတယ်။ ဇွန်ဘီးတွေကို တိုက်ခိုက်နေရတဲ့ သူနှစ်ယောက်အဖြစ် ပါ၀င်မှာ ဖြစ်ပါတယ်။

Jeff Bridgesနဲ့ Ryan Reynoldတို့နှစ်ယောက်က မြို့ထဲမှာ လျှောက်သွားမယ်၊ တွေ့တဲ့ ဇွန်ဘီးတွေကို နှိမ်နှင်းမယ် ဒီလိုပုံစံလေးပါ။ အဲ့ဒီမှာ ကစားသူက သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ပြီး ကစားနိုင်မှာပါ။ ပေးထားတဲ့ လက်နက်တွေလည်း ရှိသလို တစ်ခန်းဆော့ပြီးရရှိတဲ့ ရမှတ်တွေနဲ့ လက်နက်အသစ် ၀ယ်လို့ရမယ်၊ ရှိတဲ့ သေနတ်ကို Upgrade လုပ်လို့ရပါမယ်။ တစ်ခန်းနဲ့တစ်ခန်း ဇွန်ဘီးတွေရဲ့ ပုံစံက ပိုကြမ်းလာမယ် ခက်လာမယ်၊ ဒီ့အပြင် Level ရွေးပြီး ဆော့လို့ရနိုင်ပါသေးတယ်။

Pcပေါ်မှာ ဆော့ရတာဖြစ်တဲ့အတွက် ရုပ်ထွက် အကောင်းဆုံးမဟုတ်တောင် အသင့်တင့်တော့ ရှိပါတယ်။ ဒီလိုဇာတ်အိမ်မျိုးနဲ့ Actionတွေ အများကြီး ထွက်ထားပေမဲ့ R.I.P.Dမှာ မတူညီတဲ့ ဂိမ်းပုံစံမျိုး ရှိပါတယ်။ co-op shooter ပုံစံမျိုး ဆော့ရမယ့် ဇွန်ဘီးတွေ နှိမ်နင်းတဲ့ Action ဂိမ်း R.I.P.Dကို ဘာဂိမ်းမှ မထွက်သေးခင် ဂိမ်းအသစ်ဆော့ချင်တဲ့ ဂိမ်းမာတွေအတွက် အပျင်းပြေဆော့လို့ရမဲ့ Action ဂိမ်းတစ်မျိုးနဲ့ မိတ်ဆက်လိုက်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *