Education, Lifestyle, News

Scottish Qualifications Authority (SQA) ၏ Higher National Diploma (HND) Program ကိုမြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် သင်ကြားနိုင်မည့် အစီအစဉ်

Scottish Qualifications Authority (SQA) ၏ Higher National Diploma (HND) Program ကိုမြန်မာနိုင်ငံတွင်ပထမဆုံးအနေဖြင့်သင်ကြားနိုင်မည့်အစီအစဉ်

UK အစိုးရအသိအမှတ်ပြု  စကော့တလန် အရည်အချင်းစိစစ်ရေးအဖွဲ့ (Scottish Qualifications Authority)အဖွဲ့အစည်းမှ HND သင်တန်းများကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်းကိုယ်စားလှယ် အနေဖြင့် KMD တွင် တရားဝင်ဖွင့်လှစ်ခွင့် ရရှိထားပြီ ဖြစ်ပါသည်။ SQA/ HND ဆိုသည်မှာ UK အစိုးရအသိအမှတ်ပြု စကော့တလန် အရည်အချင်းစိစစ်ရေးအဖွဲ့ (Scottish Qualifications Authority) မှပေးအပ်သော နိုင်ငံတကာ တက္ကသိုလ်ကြီးများ၏ ဒုတိယနှစ်နှင့် ညီမျှသည့် UK Higher National Diploma ဖြစ်ပါသည်။ SQA သည် စကော့တလန်(UK) နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကောလိပ်များ၊ တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိနေသောqualification များကို သင်ကြားမှုပြုနေသော သင်တန်းများဖြစ်ပါသည်။

HND သင်တန်းကို Pre HND နှင့် HND ဟု ဖွင့်လှစ်မှာဖြစ်ပြီး PreHND ဆိုသည်မှာ HND၏ ပထမနှစ်သင်တန်းကို တက်ရောက်သည့်အခါ သင်တန်းသားများအနေဖြင့် အခက်အခဲမရှိစေရန် အခြေခံမှစတင်၍ သင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။ Pre HND တွင် Hardware/ Software နှင့်ဆိုင်သော IT ဘာသာရပ်များကို စာတွေ့လက်တွေ့ နှစ်ခုစလုံးရရှိအောင် ကျွမ်းကျင်သော၊ နိုင်ငံခြားအတွေ့ကြုံရှိသော၊ ဝါရင့် ဆရာ/မများမှ သင်ကြားပို့ချပေးမှာဖြစ်ပြီး Englishစာကိုပါ အခြေခံမှစတင်၍ သင်ကြားပေးမှာဖြစ်ပါသည်။

PreHND သင်တန်းအတွက် သင်တန်းဝင်ခွင့်အားဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများနှင့် အလားတူ အရည်အချင်းရှိသူများ တက်ရောက်နိုင်ပါသည်။ သင်တန်းကာလအားဖြင့် (၂)လ ဖြစ်ပြီး သင်တန်းပြီးဆုံးသောအခါ KMD နှင့် SQA/HND မှချီးမြှင့် သော Certificate ကို ရရှိမှာဖြစ်ပါသည်။ Pre HND  တက်ရောက်ပြီးသူများသည် HND ၏ ပထမနှစ်သင်တန်း (HNC)ကို တိုက်ရိုက် တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။ သင်တန်းဝင်ခွင့်အနေဖြင့် အစိုးရတက္ကသိုလ်၏ ပထမနှစ်အောင်မြင်ပြီးသူများ/ IDCS/ Level (4) Diploma ရရှိပြီးသူများသည် HNDသင်တန်းကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာဖြစ်ကာ သင်တန်းကာလအားဖြင့် Higher National Diploma အတွက် စုစုပေါင်း(၂)နှစ် ကြာမြင့်မှာ ဖြစ်ပါသည်။ ပထမနှစ် ပြီးဆုံးပါက Higher National Certificate (HNC)ကို ရရှိမှာဖြစ်ကာ ဒုတိယနှစ် ပြီးဆုံးပါက Higher National Diploma(HND) ရရှိမည်ဖြစ်ပါသည်။

HND သင်တန်းတွင် သင်ကြားမှုပုံစံအနေဖြင့် assignmentများ, group discussion များ, small quiz များနှင့် သင်ကြားပေးမည် ဖြစ်သောကြောင့် Pre-HND သင်တန်းပြီးသောအခါ HND ပထမနှစ်ကို အခက်အခဲမရှိ တက်ရောက်နိုင်မည်ဖြစ်ပါသည်။ ဒါ့အပြင် Student Basedကို အခြေခံ၍ သင်ကြားသော သင်ကြားမှုပုံစံဖြစ်သောကြောင့် သင်တန်းသားများအတွက် အကျိုးရလဒ်အနေဖြင့် ဝေဖန်ပိုင်းခြား ဆင်ခြင်စဉ်းစားတတ်သော အရည်အချင်းကို ရရှိမှာဖြစ်သလို စာသင်ကာလ တစ်လျှောက်လုံးတွင် အုပ်စုလက်တွေ့ လုပ်ကိုင်ရသောကြောင့် Team Work နှင့် Leadership Skill ကိုလည်းရရှိမှာဖြစ်ပါသည်။
SQA/ HNDCertificate လက်မှတ်အောင်မြင်ရရှိပြီးသူများ အနေဖြင့် ပြည်တွင်း (သို့) အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန်၊ မလေးရှား၊ စင်ကာပူ၊ အိုင်ယာလန်၊ ပြင်သစ်၊ ရုရှား နှင့် ကိုရီးယားရှိ ထိပ်တန်းတက္ကသိုလ်များမှ Graduate Degree ဘွဲ့ရရှိရန်အတွက် ဆက်လက် လေ့လာသင်ယူနိုင်မှာ ဖြစ်ပါသည်။

အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့်လည်း HNDလက်မှတ်ဖြင့် ပြည်တွင်း၊ ပြည်ပရှိ IT နှင့် ဆက်စပ် လုပ်ငန်းခွင်များတွင် IT professional တစ်ဦးအဖြစ် တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်သော အခွင့်အရေးကို ရရှိမှာဖြစ်ပါသည်။

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ စုံစမ်းမေးမြန်းလိုပါက KMD ပန်းဆိုးတန်းရုံးချုပ်၊ အမှတ်-၁၇၄-၁၈၂၊ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ် (ဖုန်း-ဝ၁-၃၈၁၁၂၉၊ ၃၈၁၁၇၆၊ ၃၈၁၀၃၅)နှင့် မြေနီကုန်း KMD၊ အမှတ်- ၃၃၁၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်(ဖုန်း-ဝ၁-၅၂၇၄၃၆၊ ၅၃၄၁၇၀၊ ၅၀၂၂၃၃) တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *