News

တန်ဖိုးနည်းဖုန်းများ ကတ်ထုတ်ယူပြီး ၁၅ ရက်ကြာလျှင် ဖုန်းကတ်ပျက်သည်ဟုဆိုခြင်းမှာ မှန်ကန်မှုမရှိဟုဆို

တန်ဖိုးနည်းဖုန်းများ ကတ်ထုတ်ယူပြီး ၁၅ ရက်ကြာလျှင် ဖုန်းကတ်ပျက်သည်ဟုဆိုခြင်းမှာ မှန်ကန်မှုမရှိဟုဆို

တန်ဖိုးနည်းဖုန်းများ ကတ်ထုတ်ယူပြီး ၁၅ ရက်ကြာလျှင် ဖုန်းကတ်ပျက်သည်ဟုဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြောကြားသည်။ ဆက်သွယ်ရေးဝန်ကြီးဌာနက မြို့နယ်များသို့ ဖြန့်ဖြူးနေသော ၁၅၀၀ တန် ဖုန်းကတ်ထုတ်ယူရာတွင် ၁၅ ရက်ကြာလျှင် ဖုန်းကတ်ပျက်သည်ဟု သိရှိရကြောင်း၊ ဖုန်းကတ်များပျက်သည်ကား ရှိပါသလား၊ ရှိပါကလည်း ရက်ကန့်သတ်ချက်ကို တိုးမြှင့်ပေးသင့်ကြောင်း မေးမြန်းချက်နှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်မှုအခြေအနေများကို ဖြေကြားခြင်းဖြစ်သည်။

၁၅၀၀ တန် တန်ဖိုးနည်းဖုန်းကတ်များမှာ ထုတ်ယူပြီး ၁၅ ရက်ကြာလျှင် ဖုန်းကတ်ပျက်သည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း၊ ဖုန်းကတ်များကို စျေးကစားလိုသူများက ဝယ်ယူသိုလှောင်၍ စျေးနှုန်းတင်ရောင်းချခြင်း မပြုနိုင်စေရန် ယခင်က တန်ဖိုးနည်းဆင်းမ်ကတ်များအား စတင်ထုတ်ယူသည့်အချိန်မှ ၁၅ ရက်အတွင်း အသုံးပြုနိုင်ခြင်းမရှိပါက လိုင်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှစတင်၍ တန်ဖိုးနည်းဆင်းမ်ကတ်များအား စတင်ထုတ်ယူချိန်မှ ၁၅ ရက်အစား တစ်လအတွင်း အသုံးပြုရန် သက်တမ်းတိုးမြှင့်ပေးခဲ့ပြီး တစ်လ ၂၅၀၀ မသုံးမနေရ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ကြောင်း ဖြေကြားထားသည်။

“ကတ်ပျောက် ကတ်ပျက်အတွက် ဆောင်ရွက်ရတာ နည်းနည်းအလုပ်ရှုပ်တယ်လို့ မြင်မိပါတယ်။ နယ်ကယူလာအသုံးပြုနေတဲ့ ဖုန်းပျောက်သွားရင် နယ်မှာပဲ လုပ်ရမှာဖြစ်ပြီး ရန်ကုန်မှာ လုပ်မပေးဘူးလို့သိရတယ်။ အဲလိုမျိုးတွေမဖြစ်စေချင်ဘူး။ ကတ်ပျောက် ကတ်ပျက်ဌာနမှာ ဖုန်းအမျိုးအစားအားလုံးကို ဆောင်ရွက်လို့ ရစေချင်တယ်” ဟု ဖုန်းကတ်ပျောက်လျှောက်ထားသူ မမေမြတ်သူကပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်များကို လျှောက်ထားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၌ ပျောက်ဆုံး၊ ပျက်စီးပါက ရန်ကုန်တိုင်းဒေသကြီးရှိ သက်ဆိုင်ရာဆက်သွယ်ရေးရုံးများ၌ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မန်နေဂျာရုံးများတွင် လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *