Education, Featured, Lifestyle, News

၁၅ ကြိမ်မြောက် အင်္ဂလိပ်ဘာသာသင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် ပညာရှင်များအား ဖိတ်ခေါ်

၁၅ ကြိမ်မြောက် အင်္ဂလိပ်ဘာသာသင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် ပညာရှင်များအား ဖိတ်ခေါ်

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗြိတိသျှကောင်စီ (မြန်မာ) ၏ အင်္ဂလိပ်ဘာသာသင်ကြားရေး နှီးနှောဖလှယ်ပွဲကို ယခု၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၃ရက် နှင့် ၁၄ရက် နေ့များတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲတွင် ပါဝင်မည့် workshop များတွင် ဦးဆောင်ဆွေးနွေးလိုသော မြန်မာနိုင်ငံသား ဆရာ၊ ဆရာမများအား ဖိတ်ခေါ်လျက်ရှိသည်။

နှီးနှောဖလှယ်ပွဲ၏ ယခုနှစ် အဓိကအကြောင်းအရာ (Theme) မှာ “Engage: Making Teaching and Learning More Engaging for All” ဖြစ်ပြီး ယခုနှစ် ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်လာသော အခြေအနေများအရ အင်္ဂလိပ်ဘာသာကို သုံးစွဲမှုပိုမိုကျယ်ပြန့်လာနေပြီဖြစ်ရာ အင်္ဂလိပ်ဘာသာသင်ကြားမှုနှင့် သင်ယူမှုတွင် လူအားလုံး စိတ်ဝင်တစားပါဝင်နိုင်ရန် ဆွဲဆောင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးသွားကြရန် ဖြစ်ပါသည်။

ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie မှ ယခုကဲ့သို့ ထူးခြားလေးနက်သည့် အင်္ဂလိပ်ဘာသာသင်ကြားရေး  နှီးနောဖလှယ်ပွဲကို ဗြိတိသျှကောင်စီ မှ  ၁၅နှစ်မြောက်အထိ နှစ်စဉ်ဦးစီးကျင်းပပေးနိုင်သည်ကို ဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့်  ယခုနှစ်တွင်လည်း အခြားနှစ်များနည်းတူ ပြည်တွင်းရှိ အင်္ဂလိပ်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများကို ပိုမိုထိရောက်သည့်နည်လမ်းများဖြင့် ပံ့ပိုးသင်ကြားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဗြိတိသျှကောင်စီ (မြန်မာ) မှ ပညာရေးဌာန ညွှန်ကြားရေးမှူး Susana Galvan မှလည်း အင်္ဂလိပ်ဘာသာစကားကို ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုအသုံးပြုလာသည်နှင့် တစ်ပြိုင်နက် အင်္ဂလိပ်ဘာသာသင်ကြားသူ ဆရာ၊ ဆရာမများ၏ အရည်အချင်းများသည်လည်း ပိုမိုဆန်းသစ်ထိရောက်ရန် လိုအပ်လာကြောင်း၊ သင်ကြားသင်ယူမှုတွင် သင်ယူသူများ ပိုမိုစိတ်ပါဝင်စားစွာ ပါဝင်လာနိုင်ရန်အတွက် ယခုနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတကာအတွေ့အကြုံရှိ ဝါရင့်အင်္ဂလိပ်ဘာသာ သင်ကြားပြသနေသော ပညာရှင်များမှ ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ဆရာ၊ ဆရာမများ တက်ရောက်သင့်ကြောင်း တိုက်တွန်းပြောကြားသည်။

၁၅ ကြိမ်မြောက် အင်္ဂလိပ်ဘာသာသင်ကြားရေး နှီးနှောဖလှယ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့် ပညာရှင်များအား ဖိတ်ခေါ်

Via https://www.facebook.com/BritishCouncilMyanmar

ဤပွဲတွင် အလုပ်ရုံဆွေးနွေးပွဲပေါင်း (၅၀) ခန့် ပါဝင်မည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲ၏ အဓိကအကြောင်းအရာကို နိုင်ငံခြား ပညာရှင်တစ်ဦးက အဖွင့်သဘော ဦးဆောင်ဆွေးနွေးခြင်းဖြင့် စတင်မည်ဖြစ်ကာ ဆက်လက်၍ မြန်မာနှင့် နိုင်ငံတကာပညာရှင်များမှ parallel workshop များကို နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ဆွေးနွေးမည့် မြန်မာနိုင်ငံသား အင်္ဂလိပ်ဘာသာသင်ကြားရေး ပညာရှင်များကို ဖိတ်ခေါ်လျက်ရှိရာ ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာဖွံ့ဖြိုးတိုးတက်မှု တာဝန်ခံ ဒေါက်တာခိုင်ဖြူထွဋ်မှ အဆိုပါ ဖိတ်ခေါ်လွှာများကို www.myanmar-network.net နှင့် http://www.britishcouncil.org.mm/call-for-workshop-proposals တို့မှ download ရယူနိုင်ပြီး ဖြည့်ပြီးသော ဖိတ်ခေါ်လွှာများကို  [email protected] သို့ အီးမေး ဖြင့် ၂၀၁၄ ဇူလိုင်လ ၁၁ရက် မတိုင်မီ ပြန်လည်ပေးပိုရန်ဖြစ်ကြောင်း ပြောကြားသည်။ ဦးဆောင်ဆွေးနွေးရန် ရွေးချယ်ခြင်းခံရသူများကို ဗြိတိသျှကောင်စီမှ ၂၀၁၃ ဇူလိုင်လ ၁၈ ရက် မတိုင်မီတွင် ပြန်လည်အကြောင်းကြားပေးမည်ဖြစ်သည်။

ယခုသတင်းထုတ်ပြန်ချက်သည် workshop များတွင် ဦးဆောင်ဆွေးနွေးလိုသူများ အတွက်သာဖြစ်ပြီး တက်ရောက်လိုသူများ အတွက်ကိုမူ ထပ်မံ၍ သတင်းထုတ်ပြန်ပေးမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲများနှင့် ပါတ်သက်၍ စုံစမ်းမေးမြန်းလိုသည်များကို ဦးဝေလင်းကျော်၊ ပညာရေးဌာန၊ ဗြိတိသျှကောင်စီ – အီးမေးလ် [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဖုန်းဖြင့်ဆက်သွယ်လိုပါက ၂၅၄၆၅၈, ၂၅၆၂၉၀ နှင့် ၂၅၆၂၉၁ တို့သို့ဆက်သွယ်နိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *