News

သင့်ရဲ့ တစ်နေ့တာ အကျင့်တွေထဲက လျှော့ချပစ်သင့်တဲ့ အကျင့် (၈)ချက်

englewood.kdvr.com

ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀မှာ လုပ်ကိုင် ဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ စိတ်ကျဉ်းကြပ် မှုတွေကို လျော့ချပစ်နိုင်ဖို့၊ အဲဒီကမှ ပျော်ရွှင် တက်ကြွတဲ့ ဘ၀တစ်ခုအဖြစ် ရည်ရွယ်ရာကို အောင်မြင်အောင် လျှောက်လှမ်းနိုင်ဖို့ နေ့စဉ် လုပ်ဆောင်နေတဲ့ အထဲက အောက်ပါအကျင့် (၈)ချက်ကို လျှော့ချပစ်သင့်ပါတယ်။

(၁) တစ်စုံတစ်ယောက်နဲ့ စကားပြောနေချိန် မှာ လက်ကိုင်ဖုန်းကို ပြန်စစ်တဲ့အကျင့်

အကြောင်းပြချက် – ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာတောင်မှ လက်ကိုင်ဖုန်း အသုံးပြုသူ တွေ တော်တော်များနေပြီဖြစ်တာ တွေ့နိုင်ပါ တယ်။ လက်ကိုင်ဖုန်းသုံးသူ တစ်ယောက် မှာ အလုပ်ချိန် ပြင်ပမှာ ဖြစ်စေ၊ လုပ်ငန်းခွင် မှာဖြစ်စေ လွတ်လပ်စွာ စကားပြောတဲ့ အချိန်တွေမှာ ကိုယ့်လက်ကိုင်ဖုန်းကို ပြန် စစ်၊ ပြန်ကြည့်တတ်တဲ့ အကျင့်တွေ ရှိပါတယ်။ အကြောင်းကတော့ Missed Call ၀င်သေးလား၊ Messageတွေ ရောက်သေး လား ဆိုတာတွေနဲ့ အကျင့်တစ်ခုခုကြောင့် ကြည့်ဖြစ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာရုံက လက်ကိုင်ဖုန်းဆီမှာပဲ ရောက်နေပြီး တစ်စုံ တစ်ယောက်နဲ့တော့ စကားဆက် ပြောနေတာဟာ ကိုယ်နဲ့ စကားပြောနေတဲ့ တစ်ဖက်သားကို မလေးစားရာ ရောက်ပါ တယ်။ ဒါကြောင့် အဲဒီ အကျင့်တစ်ခုကြောင့် လူတစ်ဖက်သားရဲ့ ကိုယ့်အပေါ် မကောင်း မြင်ခြင်း၊ အထင်လွဲခြင်းကို ခံရနိုင်သလို လေးစားမှုနည်းတဲ့ ကိုယ့်ရဲ့ စရိုက် လက္ခဏာ ကိုလည်း ဖော်ပြရာ ရောက်တာကြောင့် အဲဒီ အကျင့်ကို ဖျောက်ပစ်သင့်ပါတယ်။

(၂) အစည်းအေ၀းမှာ ဗျာများတဲ့အကျင့်
အကြောင်းပြချက် – အစည်းအေ၀တစ်ခုမှာ ကိုယ်ဟာ ဘယ်လောက်ဂုဏ်ရှိတယ်ဆိုတာ ဖော်ပြဖို့ အကောင်းဆုံး နည်းလမ်းကတော့ လိုအပ်တာကိုပဲ ပြောပြီး တည်ငြိမ်အေးဆေး စွာ နေခြင်း ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲ ဆွေးနွေးချက် တစ်စုံတစ်ရာကြောင့်ပဲ ဖြစ် စေ၊ သက်သက်မဲ့ ဗျာများပြခြင်းတွေက ဖြစ်စေ အစည်းအေ၀း အပေါ်ကို လေးစားမှု နည်းရာရောက်စေသလို၊ ကိုယ့်ရဲ့ ဂုဏ် သိက္ခာ အဆင့်အတန်းနိမ့်ပါးခြင်းကိုလည်း ဖော်ပြရာ ရောက်တာကြောင့် ဗျာများတတ် တဲ့ အကျင့်ကိုလည်း ဖျောက်ပစ်သင့်ပါတယ်။

(၃) အဆင့်အတန်းခွဲခြားတတ်တဲ့ အကျင့်

အကြောင်းပြချက် – ဒီအကျင့်ကတော့ ထူး ထူးထွေထွေ ပြောနေစရာ မလိုအောင် အရင်ကတည်းက မကောင်းတဲ့ အကျင့်အဖြစ် ပြောဆို သတ်မှတ်ထားပေမယ့် ဒီနေ့ခေတ် လူမှုဘ၀မှာတောင် ဒီအကျင့်ရှိနေဆဲပါ။ သင်ဟာ အလုပ်ရှင်ပဲ ဖြစ်နေပါစေ၊ အုပ်ချုပ် သူ တစ်ယောက်ပဲ ဖြစ်နေပါစေ၊ လူသားတိုင်း မှာ အဆင့်အတန်းအတူတူ ရှိသင့်တယ်ဆို တာကို နားလည် လက်ခံပြီး အဆင့်အတန်း ခွဲခြားတတ်တဲ့ အကျင့်ကို ဖျောက်ပစ်သင့် ပါတယ်။

(၄) အယုံလွယ်တဲ့အကျင့်
အကြောင်းပြချက် – သင့်အနေနဲ့ မိတ်ဆွေ အပေါင်းအသင်းများတဲ့ လူတစ်ယောက်ပဲ ဖြစ်စေ၊ အင်တာနက်က တစ်ဆင့် သူငယ်ချင်း အများကြီးထားတဲ့ လူတစ်ယောက်ပဲ ဖြစ်စေ လူတိုင်းရဲ့ ပြောစကား၊ မှတ်ချက်တွေကို အယုံမလွယ်တတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါ တစ်ရံမှာ ဘေးစကားတွေက မှန်ကန်တဲ့ ဆုံး ဖြတ်ချက်တစ်ခုအတွက် အပြောင်းအလဲတွေ ဖြစ်သွားစေတတ်ပြီး သင့်ဘ၀အတွက် အရေး ကြီးတဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရံှုး ရမှု၊ ဆုံးဖြတ်ချက် မှားယွင်းမှုတွေ ဖြစ်စေ တတ်တာကြောင့် အဲဒီအကျင့်ကို ပြင်သင့် တာ အမှန်ပါပဲ။

(၅) အတိတ်က အမှားတွေကို နောင်တရ နေတတ်တဲ့ အကျင့်

အကြောင်းပြချက် – အမှားဆိုတာတွေက အလွန်တန်ကြေး ရှိပါတယ်။ အဲဒီ အမှားတွေ ကနေ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက် ကြောင်းကို သင်ခန်းစာယူပြီး အကောင်းဆုံး လျှောက်လှမ်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အမှားအတွက် နောင်တရနေဖို့၊ နောက်တစ် ကြိမ်မှားယွင်းမှာ ကြောက်လို့ တွန့်ဆုတ်နေဖို့ တွေ မဖြစ်သင့်ပါဘူး။ ပထမ မှားယွင်းခဲ့တဲ့ အဖြစ်မျိုး နောက်တစ်ကြိမ် ထပ်မမှားရ အောင်ပဲ လုပ်ဆောင်ရမှာ ဖြစ်ပြီးတော့ နေရာတိုင်းမှာ မှားမှာကြောက်နေဖို့ မလိုအပ် ပါဘူး။ တကယ်လို့ အဲဒီလို အကျင့်မျိုးသာ သင့်မှာ ရှိနေရင် ဒီနေ့ပဲ မေ့ဖျောက် ပစ်လိုက် ပါတော့။

(၆) ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ အကျင့်
အကြောင်းပြချက် – အရာရာတိုင်းကို ငါလုပ် နိုင်တယ်၊ ငါလုပ်မှ ပြီးမယ်ဆိုတဲ့ အကျင့်တွေ လူ တော်တော်များများမှာ ရှိတတ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်တစ်ခုမှာ ဦးဆောင် နေတဲ့ လူတော်တော်များများမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ ကျွမ်းကျင်လိမ္မာတဲ့လူဆိုတာ မရှိဘူးဆိုတဲ့ အချက်ကို လက်ခံပါ။ ကိုယ့်ကို်ယ်ကို အထင် ကြီးစိတ်ကို လျော့ချပြီး ပူးပေါင်းလုပ် ဆောင် တတ်တဲ့အကျင့်တစ်ခုကို မွေးမြူရမှာ ဖြစ်ပြီး တော့ အဲဒီအကျင့် ရှိနေရင်လည်း မေ့လိုက် တာ အကောင်းဆုံး ဖြစ်မှာပါ။

(၇) နောက်ကွယ်က အတင်းပြောတတ်တဲ့ အကျင့်

အကြောင်းပြချက် – တစ်စုံတစ်ယောက်နဲ့ ပတ်သက်ပြီး ကို်ယ်သဘောကျနှစ်ခြိုက်မှု မရှိတဲ့ အကြောင်းအရာတွေကို အဲဒီလူရဲ့ နောက်ကွယ်မှာ သွားပုပ်လေလွင့် (အတင်း) ပြောတတ်တဲ့အကျင့် လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့် အများကြီး ပြောဖြစ်တာနဲ့ မပြော တာပဲ ရှိနိုင်ပြီး လုံး၀ မပြောဖြစ်ပါဘူးဆိုတဲ့ လူကတော့ မရှိနိုင်ပါဘူး။ ဒါကြောင့် အကြံ ပေးချင်တာက အဲဒီအကျင့်ကို ဖျောက်ပစ်ဖို့ ဖြစ်ပြီး အကျင့်ကို မဖျောက်နိုင်ရင်တော့ တတ်နိုင်သလောက် မပြောဖြစ်အောင် နေ ထိုင်ဖို့ပဲ လုပ်ဆောင်သင့်ပါတယ်။ ဒါပေမယ့် အဲဒီထက် ကောင်းတဲ့ အကြံတစ်ခု ရှိနေ သေးပါတယ်။ အဲဒါကတော့ ကိုပြောချင်တဲ့ အကြောင်းအရာတွေ အားလုံးကို အပေါင်း လက္ခဏာဆောင်တဲ့ စကားလုံးတွေ အဖြစ် ပြောင်းလဲပြီး တစ်ဖက်သားရဲ့ ကောင်းကွက် တွေကိုပဲ ရွေးချယ်ပြောဆို ဖြစ်မယ်ဆိုရင် ကို်ယ့်ရဲ့ သဘောထားကြီးမှုကို ပြသရာ ရောက်သလို အတင်းပြောတတ်တဲ့ အကျင့် လည်း ဖျောက်ပစ်ရာ ရောက်ပါတယ်။

(၈) လိမ်ပြောတတ်တဲ့ အကျင့်
အကြောင်းပြချက် – လိမ်လည်ဖို့ ဆန္ဒရှိလိုပဲ ဖြစ်ဖြစ်၊ သဘောရိုးနဲ့ပဲ ဖြစ်ဖြစ် လိမ်လည် တတ်တဲ့ အကျင့်ဟာလည်း ကိုယ့်အပေါ် တစ်ဖက်သားရဲ့ ရိုသေမှုကို လျော့နည်း စေတတ်ပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံး တစ်ချက်ဖြစ်တဲ့ ယုံကြည်မှုလည်း လျော့ပါးစေ တာကြောင့် လိမ်တတ်တဲ့ အကျင့်ဟာလည်း ပြုပြင်သင့်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

Ref: www.businessinsider.com

2 thoughts on “သင့်ရဲ့ တစ်နေ့တာ အကျင့်တွေထဲက လျှော့ချပစ်သင့်တဲ့ အကျင့် (၈)ချက်

  1. may thu kyaw says:

    ဟုတ်ကဲ့မှတ်ထားပါ့မယ်

  2. manawphyulay says:

    အင်း အကုန်မကိုက်ညီရင်တောင် တစ်ချက်ချက်တော့ ကိုက်ညီနေမိတယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *