Mobile

HTC Desire VC

htc-desire-vc

မယုံနိုင်လောက်အောင် အစွမ်းထက်သော

သုံးစွဲရအလွယ်ကူဆုံး Android နှင့်အတူ Smartphone ရဲ့စွမ်းအားကို HTC Desire VC က ကိုယ်စား ပြုထားပါတယ်။ အကောင်းတကာ့အကောင်းဆုံး HTC Sense ™ 4.0 ကို Beat Audio ™ ကြည်လင် ပြတ်သားသော ရုပ်မြင်၊ ၂၅ ဂျီဘီသိုလောင်နိုင်သော Dropbox နှင့်အတူ သုံးခြင်းဖြင့် သင့်အား ဉာဏ် စွမ်းအားထက်တဲ့ လုပ်ဆောင်နိုင်ချက်နှင့် အလွယ်ကူဆုံးအသုံးပြုနိုင်မှုကို အသေအချာပေးစွမ်းပါလိမ့်မယ်။

Beats Audio ™

သင့်တေးသံရဲ့ မှန်ကန်တဲ့အသံလှိုင်းကို HTC Desire VCမှာတွေ့ကြုံရပါလိမ့်မယ်။ သင့်တော်သော အသံအနိမ့်အမြင့်၊ ပြတ်သားကြည်လင်တဲ့အသံလှိုင်းတို့ကို တေးသံရှင်တစ်ဦးအသံသွင်းနေသကဲ့သို့ ကြည်လင်ပြတ်သားစွာ သင်ကြားရပါလိမ့်မယ်။

SIM ကဒ်နှစ်ခုလုံးထည့်ပြီး သုံးလို့ရတဲ့ဖုန်း (CDMA+GSM)

HTC Device VC ဟာ နံပါတ်နှစ်ခုကို ဖုန်းတစ်ခုထဲမှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းသုံးနိုင်သော တစ်ခု တည်းသော ဖုန်းဖြစ်ပါတယ်။ ဖုန်းတစ်လုံးမှ တစ်လုံးသို့ရွှေ့ပြောင်းရန်မလိုသဖြင့် အားစိုက်ထုတ်စရာမလိုဘဲ နှစ်သက်ရာ နံပါတ်ကို ရွေးချယ်နိုင်ပါတယ်။

 

၂၅ ဂျီဘီ Dropbox ဆော့၀ဲလ်နဲ့ပေါင်းစည်းသုံးစွဲခြင်း

၁၉၀၀၀* ၈မက်ဂါပစ်ဆာ (MP) ဓာတ်ပုံ (သို့မဟုတ်) သီချင်းအပုဒါရေ ၆၀၀၀**ကျော် (၁၇ ရက် ဆက်တိုက် နားထောင်နိုင်တဲ့ အပုဒ်ရေနှင့် ညီမျှသော) စာရွက်စာတမ်းတွေ အပါအ၀င် သိမ်းဆည်း ထားနိုင်ပြီး အချိန်မရွေး သင့်ရဲ့ဖုန်းမှတစ်ဆင့်လိုသလို အသုံးချနိုင်ပါသည်။

HTC Sense ™ ၄.၀

သင့်သူငယ်ချင်းတွေရဲ့ နောက်ဆုံးလူမှုဆက်ဆံရေးဘ၀ကို Online ပေါ်မှအရယူနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့မွေးနေ့တွေဟာ ရေပန်းစားနေတဲ့ Social Network တွေမှတစ်ဆင့် သင့်ရဲ့ Calendar ထဲကို အလိုအလျှောက်တိုက်ရိုက်၀င်လာပါလိမ့်မယ်။ အရေးကြီးတဲ့နေ့များကို ကိုယ်ဘာသာကိုယ်ရေးမှတ် ရတဲ့ ခေတ်ကုန်သွားပါပြီ။ ဘယ်လိုနည်းနှင့် သူများတွေကို ဖုန်းဆက်သွယ်မယ်၊ စာ (Message) ပို့မယ် ဆိုတာဆုံးဖြတ်ပါ။ Smartdial က သင့်ရဲ့အဆက်အသွယ်တွေကို နာမည်နှင့် ဖြစ်စေ ရှာနိုင်အောင် လုပ်ပေးထားတဲ့အတွက်သင့်ရဲ့အရေးကြီးတဲ့အလုပ်တွေကို သင်ကောင်းကောင်းလုပ်နိုင်မှာပါ။ ဥပမာ- ဘယ်သူက ဒီညစာစားပွဲကို စီစဉ်မှုာကြားပေးမလဲ ဆိုတာမျိုးပေါ့။ သင်ကြိုက်နှစ်သက်တဲ့ အလုပ်တွေနှင့် apps တွေကို လက်တစ်ချက်တို့ထိရုံဖြင့် လုပ်ဆောင်နိုင်ပါပြီ။ Lockscreen-to-app ကို သုံးပြီး ဖုန်းကိုသော့ခတ်လို့ ရတဲ့အပြင် ဖုန်းထဲမှာရှိတဲ့ apps တွေကိုလည်း လိုသလိုစိတ်ကြိုက်လော့က်ခ် (Lock) လုပ်ထားလို့ရပါတယ်။ ဖုန်းထဲမှာရှိတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်ကို သုံး၍ စာ (SMS) ကို သိမ်းဆည်း၍ဖြစ်စေ၊ ပို့စာ (Email) နှင့်ဖြစ်စေ၊ Task+ Contactရဲ့အကူအညီဖြင့်သင်ကိုယ် သင် သတိပေးနိုင်ပါတယ်။ အခုတော့သင့်သူငယ်ချင်းက ဆက်သွယ်တဲ့အခါ ဘာကိုအတူတကွ ယူဆောင်သွားရမလဲဆိုတာကိုသင် သတိရပါတော့မယ်။ သင့်ရဲ့လိုအပ်ချက်တိုင်းကို HTC Design VC က အစီအစဉ်တကျ၊ အလိုက်သိစွာ၊ အလိုအလျောက် ဆောင်ရွက်ပေးသွားပါလိမ့်မယ်။

ရုပ်မြင်ဖန်သားပြင်

HTC Desire VC ဟာ တောက်ပပြီးခိုင်ခံတဲ့ (၄) လက်မ WVGA မှန်သားကို ရှေ့ဘက်ပုံစံထဲမှာ ထည့်သွင်း တည်ဆောက်ထားသဖြင့် သင့်ရဲ့လက်ထဲ၊ အိတ်ကပ်ထဲမှာ စိတ်ချလုံခြုံစွာ ထည့်သွင်းကိုင်ဆောင် နိုင်ပါတယ်။

 

ဖုန်းရဲ့အသေးစိတ်အချက်အလက်များ

မော်ဒယ်လ်: တီ၃၂၈ဒီ
CPU ရဲ့မြန်ဆန်မှုနှုန်း: ၆၀၀မီဂါဟာ့ဇ်
ဆော့ဒ်၀ဲလ်: AAndroid ကို အခြေခံထားတဲ့ HTC Sense ဆော့ဒ်၀ဲလ်
မမ်မိုရီ: ၅၁၂မီဂါဘိုဒ်(MB) ရှိတဲ့ RAM (စက်ရဲ့ခေတ္တယာယီသိမ်းဆည်းဖို့နေရာ)
ဖိုင်တွေသိမ်းဆည်းဖို့ နေရာစုစုပေါင်း ဖုန်းထဲမှာ ၄ဂျီဘီ*နေရာသိမ်းဆည်းနိုင်ပြီး၊ Dropbox ထဲမှာ ၂၅ဂျီဘီကို၂နှစ်အလကား အသုံးပြုနိုင်ပါတယ်။
အရွယ်အစား၊အလေးချိန် : ၁၁၉မီလီမီတာ(အလျား)၊ ၆၂မီလီမီတာ (အနံ)၊၉.၄မီလီမီတာ(အထူ)၊ ၁၁၈ဂရမ်အလေးချိန်(ဘက်ထရီ အပါအ၀င်)
ဖုန်းရဲ့အသွင်အပြင် : ၄လက်မအရွယ်ရှိပြီး WVGA (ပိုကြီးတဲ့ ဗီဒီယို ရုပ်ထွက်စနစ်) ကိုသုံးထားတဲ့ မှန်၊ ၄၈၀×၈၀၀ ပစ်ဆာ(အစက်တွေ ပေါင်းစည်းထားတဲ့ ) ရုပ်ထွက်စွမ်းရည်။
အသံ : Beats Audio ™ ရဲ့ နည်းစနစ် ပိုပြီးကျယ်ကျယ်ကြားရအောင် အထူးပြုလုပ်သော အသံဖွင့်စက်
နက်ေဝါ့က်ဒါ : CDMA ၂၀၀၀(၈၀၀ မီဂါဟာ့စ်ဒ်) EVDO Rev.A GSM/GPRS Triband (၉၀၀/၁၈၀၀/၁၉၀၀ မီဂါဟာ့စ်ဒ်) Dual SIM : CDMA+GSM
ဆက်သွယ်မှု : ၃.၅ မီလီမီတာ စတူဒီယိုနားကြပ်နှင့်ဆက်သွယ်ရန်အပေါက် Bluetooth® Wi-Fi®Micro-USB အပေါက်
အပို : MicroSD™ (အသေးစား ဆင်းကဒ်ထည့်ရန်နေရာ)
ကင်မရာ : ၅မီဂါပစ်ဆာရှိသော Auto Focus ဖြင့် Flash ပါရှိသော ကင်မရာ WVGA ( ပိုကြီးတဲ့ ဗီဒီယို ရုပ်ထွက်စနစ်)ဖြင့် ဗီဒီယို အရုပ်ဖမ်းစနစ်။
ဘက်ထရီ : အားပြန်သွင်းနိုင်သော Li-ion ဘက်ထရီအမျိုးအစား၊ Capacity ၊၁၆၅၀mAh

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *