Mobile

HTC Desire C

htc-desire-c

မယုံနိုင်လောက်အောင် စွမ်းဆောင်ရည်ပြည့်၀သော

သုံးစွဲရအလွယ်ကူဆုံး Android နှင့်အတူ Smartphone ရဲ့ စွမ်းအားကို HTC Desire C ကကိုယ်စားပြု ထားပါတယ်။ အကောင်းတကာ့ အကောင်းဆုံး HTC Scense ™ 4.0 ကို Beat Audio ™၊ ကြည်လင် ပြတ်သားသော ရုပ်မြင်၊ ၂၅ ဂျီဘီသိုလောင်နိုင်သော Dropbox နှင့်အတူသုံးခြင်းဖြင့် သင့်အား ဉာဏ်စွမ်းအားထက်တဲ့ လုပ်ဆောင်နိုင်ချက်နှင့် အလွယ်ကူဆုံးအသုံးပြုနိုင်မှုကို အသေအချာ ပေးစွမ်း ပါလိမ့်မယ်။

Beats Audio ™

HTC Smartphone ဟာလိုသလို ညှိယူနိုင်သော Beats Audio ™ ကို ထည့်သွင်းအသုံးပြုထားတဲ့ တစ်ခုတည်းသော ပစ္စည်းဖြစ်ပါတယ်။ ကြည်လင် ပြတ်သားတဲ့ အသံလှိုင်း၊ အသံအနိမ့်အမြင့်တို့ကို တေးသံရှင်တစ်ဦးအသံသွင်းနေသကဲ့သို့ ကြည်လင်ပြတ်သားစွာ သင်ကြားရပါလိမ့်မယ်။

၂၅ ဂျီဘီ Dropbox ဆော့၀ဲလ်နဲ့ ပေါင်းစည်းသုံးစွဲခြင်း

၁၉၀၀* ၈မီဂါပစ်ဆာ (MP) ဓာတ်ပုံ (သို့မဟုတ်) သီချင်းအပုဒ်ရေ ၆၀၀၀** ကျော် (၁၇ ရက်ဆက်တိုက် နားထောင်နိုင်တဲ့ အပုဒ်ရေနှင့် ညီမျှသော) စာရွက်စာတမ်းတွေ အပါအ၀င် သိမ်းဆည်းထားနိုင်ပြီး အချိန် မရွေးသင့်ရဲ့ ဖုန်းမှတစ်ဆင့် လိုသလို အသုံးချနိုင်ပါတယ်။

HTC Sense ™ Sense ™4.0

သင့်သူငယ်ချင်းတွေရဲ့ နောက်ဆုံးလူမှုဆက်ဆံရေးဘ၀ကို Online ပေါ်မှအရယူနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့မွေးနေ့တွေဟာ ရေပန်းစားနေတဲ့ Social Network တွေမှတစ်ဆင့် သင့်ရဲ့Calendar ထဲကို အလိုအလျောက်တိုက်ရိုက်၀င်လာပါလိမ့်မယ်။ အရေးကြီးတဲ့နေ့များကို ကိုယ်ဘာသာကိုယ်ရေးမှတ်ရ တဲ့ခေတ်ကုန်သွားပါပြီ။ ဘယ်လိုနည်းနှင့် သူများတွေကို ဖုန်းဆက်၊စာ(Message) ပို့မယ်ဆိုတာဆုံးဖြတ်ပါ။ Smartdial က သင့်ရဲ့အဆက်အသွယ်တွေကို နာမည်နှင့်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ်နှင့်ဖြစ်စေ ရှာ နိုင်အောင်လုပ်ပေးထားတဲ့အတွက်် သင့်ရဲ့အရေးကြီးတဲ့အလုပ်တွေကို သင်ကောင်းကောင်းလုပ်နိုင်မှာပါ။
ဥပမာ- ဘယ်သူကဒီညစာစားပွဲကို စီစဉ်မှာကြားထားပေးမလဲဆိုတာမျိုးပေါ့။ သင်ကြိုက် နှုစ်သက်တဲ့ အလုပ်တွေနှင့် apps တွေကို လက်တစ်ချက်တို့ထိရုံဖြင့် လုပ်ဆောင်နိုင်ပါပြီ။ Lockscreen –to –app ကို သုံးပြီး ဖုန်းကိုသော့ခတ် လို့ရတဲ့အပြင် ဖုန်းထဲမှာရှိတဲ့ apps တွေကိုလည်း လိုသလိုစိတ်ကြိုက်လော့ကခ် (Lock) လုပ်ထားလို့ရပါတယ်။ ဖုန်းထဲမှာရှိတဲ့ ဖုန်းနံပါတ်၊အီးမေးလ်ကို သုံး၍ စာ (SMS) ကို သိမ်းဆည်း၍ ဖြစ်စေ၊ ပို့စာ(Email) နှင့်ဖြစ်စေ၊ Task+Contact ရဲ့အကူအညီဖြင့် သင်ကိုယ် သင်သတိပေးနိုင်ပါတယ်။ အခုတော့ သင့်သူငယ်ချင်းက ဆက်သွယ်တဲ့အခါ ဘာကသင်နှင့်အတူဆောင်သွားရမလဲဆိုတာကို သင် သတိရပါတော့မယ်။ သင့်ရဲ့လို်အပ်ချက်တွေတိုင််းကို HTC Design C ကအစီစဉ်တကျ၊ အလိုက်သိစွာ၊ အလိုအလျောက်ဆောင်ရွက်ပေးသွားပါလိမ့်မယ်။

သင့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှု

သင်နှစ်သက်ရာ အရောင်ရွေးချယ်နိုင်ရန် အရောင်မျိုးစုံ ထုတ်လုပ်ထားပါတယ်။ များပြားလှစွာသော အရောင်စုံဖုန်းကာဗာလေးများနှင့် သင့်စိတ်ကြိုက် အလှဆင်နိုင်ပါတယ်။

သင့် HTC စမတ်ဖုန်းပေါ်တွင် တစ်ခုတည်း စစ်မှန်သော မြန်မာဘာသာစကားအတွေ့အကြုံကို ခံစားပါ။

HTC စမတ်ဖုန်းများတွင်သာလျှင် စာရိုက်ခြင်းနှင့် စာဖတ်ခြင်းအတွက် ၁၀၀% တိကျသည့် မြန်မာ ဘာသာစကား တစ်ခါတည်းပါ၀င်သည့် ကီးဘုတ်တစ်ခု ဖြင့်ထွက်ပေါ်လာသည်။ ကျွနု်ပ်တို့သည် ဤနည်း ပညာကို မြန်မာဘာသာစကားကျွမ်းကျင်သူများနှင့်အတူတကွ ဖော်ထုတ်လုပ်ဆောင်ခဲ့ပါသည်။

ဖုန်းရဲ့အသေးစိတ်အချက်အလက်များ

မော်ဒယ်လ်: အေ၃၂၀အီး
CPU ရဲ့မြန်ဆန်မှုနှုန်း: ၆၀၀မီဂါဟာ့ဇ်
ဆော့ဒ်၀ဲလ်: Android ကို အခြေခံထားတဲ့ HTC Sense ဆော့ဒ်၀ဲလ်
ဆင်းကဒ်အမျိုးအစား : မိုက်ခရို အသေးစားဆင်းကဒ်
မမ်မိုရီ: ၅၁၂မီဂါဘိုဒ် (MB) ရှိတဲ့ RAM (စက်ရဲ့ယာယီသိမ်းဆည်းဖို့နေရာ)
ဖိုင်တွေသိမ်းဆည်းဖို့ နေရာစုစုပေါင်း ဖုန်းထဲမှာ၄ဂျီဘီနေရာသိမ်းဆည်းနိုင်ပြီး၊ Dropbox ထဲမှာ၂၅ဂျီဘီကို ၂နှစ်အလကားအသုံးပြုနိုင်ပါတယ်။
အရွယ်အစား၊အလေးချိန် : ၁၀၇မီလီမီတာ(အလျား)၊၆၀မီလီမီတာ(အနံ)၊၁၁.၉မီလီမီတာ ၉၈ဂရမ်အလေးချိန်၊(ဘက်ထရီအပါအ၀င်)
ဖုန်းရဲ့အသွင်အပြင် : ၃.၅လက်မအရွယ်ရှိပြီး HVGA (ဗီဒီယိုရုပ်ထွက်စနစ်) ကိုသုံးထားတဲ့မှန်၊ ၃၂၀ ×၄၈၀ ပစ်ဆာ (အစက်တွေပေါင်းစည်း ထားတဲ့) ရုပ်ထွက်စွမ်းရည်
အသံ : Beats Audio ™ ရဲ့ နည်းစနစ်
နက်ေဝါ့က်ဒါ : HSPA/UMTS Dual Band (၉၀၀/၂၁၀၀ မီဂါဟာ့ဇ်) GSM/GPRS /EDG Quad-band (၈၅၀/၉၀၀/၁၈၀၀/၁၉၀၀ မီဂါဟာ့ဇ်)
ဆက်သွယ်မှု : ၃.၅မီလီမီတာ စတူဒီယို နားကြပ်နှင့်ဆက်သွယ်ရန်အပေါက် Bluetoo@Wi-Fi® Micro-USB အပေါက်
အပို : MicroSD™ (အသေးစား ဆင်းကဒ်ထည့်ရန်နေရာ)
ကင်မရာ : ၅မီဂါပစ်ဆာရှိသောကင်မရာနှင့် VGA ဗီဒီယိုရုပ်ဖမ်းစနစ်
ဘက်ထရီ : အားပြန်သွင်းနိုင်သော Li-ion ဘက်ထရီအမျိုးအစား Capacity၊ ၁၂၃၀mAh

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *