News

မိန်းကလေးများနှင့် Facebook အကြောင်း…

ဆယ်ကျော်သက် မိန်းကလေးအများစုမှာ Facebook, Instagram ကဲ့သို့သော လူမှုကွန်ရက်များကိုသုံးပြီး အချိန်ကုန်နေကြကြောင်း တွေ့ရှိရသည်။ ၎င်းတို့၏ အလှဓာတ်ပုံများကိုတင်ကာ Like အနည်းအများကိုလည်း ပြိုင်ဆိုင်ကြသည်။ သူ့ထက်ငါ Like များခြင်း၊ နည်းခြင်းကိုလည်း ပကာသနတစ်ခုအဖြစ် ဂုဏ်ယူကြသည်။ Like များသထက် များစေရန်လည်း အပြိုင်အဆိုင် ကြိုးစားကြသည်။

New Flinders တက္ကသိုလ်မှ သုတေသီများက အထက်တန်းကျောင်းသူ အယောက်တစ်ထောင်ခန့်ကို လေ့လာချက်များအရ အဆိုပါ မိန်းကလေးငယ်တို့သည် ၎င်းတို့၏ Facebook, Twitter, Instagram စသည့် Social Media များကို အဆင့်အတန်းတစ်ခု အဖြစ်သုံးစွဲနေကြကြောင်း သိရှိရသည်။ မိန်းကလေးများတွင် ၉၀ ရာနှုန်းကျော်တို့သည် ၎င်းတို့မသိစိတ်ထဲ၌ အလွန်တရာ popular ဖြစ်ချင်ကြသည်။ ကျော်ကြားမှုကို ခုံမင်ရုံသာမက Social Media များတွင် မည်သည့်သတင်းများ နေ့စဉ် Update ဖြစ်ကာ တက်လာမည်ကို အထူးစိတ်၀င်စားကြသည်။ ၎င်းတို့တွင် Facebook ပရိသတ်ဘယ်လောက်ရှိသည်၊ Like ဘယ်လောက်ရသည်ကိုလည်း နေ့စဉ်အာရုံစိုက်လျက် ရှိကြသည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်ရှိ Facebook အသုံးပြုသူများအနက် မိန်းကလေးပရိသတ်က ပိုများနေခြင်းပင် ဖြစ်သည်။
သုတေသီများ၏ လေ့လာချက်အရ အသက်ဆယ်နှစ်မှ ဆယ့်တစ်နှစ်အရွယ် မိန်းကလေးများ၏ ၉၀ ရာနှုန်းကျော်သည် Facebook အကောင့်များ ရှိနေပြီဖြစ်ပြီး သူငယ်ချင်းအယောက် ၅၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။ အဆိုပါ မိန်းကလေးတို့သည် ၎င်းတို့၏ ဓာတ်ပုံများ၊ Status များကို နေ့စဉ်မပြတ် Upload လုပ်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှနှစ်နာရီကျော်ခန့် Facebook အတွက် အချိန်ပေးကြသည်။

အဆိုပါ New Flinders တက္ကသိုလ်၏ စိတ်ပညာဋ္ဌာနမှ Amy Slater က “လူမှုကွန်ရက် ၀က်ဘ်ဆိုဒ် တွေအတွက် အချိန်များများ ပေးလေလေ မိမိကိုယ်မိမိ ယုံကြည်မှု၊ လေးစားမှု စသည်တို့ ပျောက်ဆုံးလေလေ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါကိုပါ ဖြစ်ပွားစေနိုင်ပြီး အချိန်ကြာလာတာနဲ့ အမျှ အထီးကျန်ခြင်း ေ၀ဒနာကိုပါ ခံစားရနိုင်ပါတယ်” ဟုပြောကြားခဲ့သည်။ Social Commentator တစ်ဦးဖြစ်သူ Melinda Tankard Reist ကလည်း “မိန်းကလေးငယ်အများစုက Internet အသုံးပြုပြီး ရှာဖွေနေရခြင်းကို သာယာတတ်ကြပါတယ်။ အများစုကတော့ ဒီနေ့ခေတ်မှာ ခေတ်အစားအဆုံး Facebook, Instagram, Twitter တို့ကို သုံးပြီးရှာဖွေကြပါတယ်။ ဒါပေမယ့်လို့တော့ ပြင်ပလောကမှာ social ကျပြီး အပေါင်းအသင်းဆန့်တဲ့ လူတစ်ဦးဖြစ်ဖို့က ပိုပြီးအရေးကြီးတယ် မဟုတ်ပါလား” ဟုလည်း တွေးတောချင့်ချိန် စရာအဖြစ် ပြောကြားခဲ့သည်။

Ref : http://m.smh.com.au/digital-life/digital-life-news/under-the-sway-of-social-media-20130720-2qaws.html

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *