News

နေထိုင်မှု စရိတ် အကြီးဆုံး နိုင်ငံ ၅၀တွင် မြန်မာနိုင်ငံက ၃၅ နေရာ၌ ဆွတ်ခူးရရှိ

အမေရိကန် အခြေစိုက် Mercer: Consulting, Outsourcing & Investment လုပ်သည့် ကုမ္ပဏီ၏ စစ်တမ်းအရ မြန်မာနိုင်ငံသည် 2011 ခုနှစ်တွင် ကမ္ဘာ့နေထိုင်စရိတ် ဈေးအကြီးဆုံးနိုင်ငံများထဲတွင် အဆင့် (၇၀)သာ ရှိခဲ့ရာမှ ၂၀၁၂တွင် အဆင့် (၃၅) နေရာသို့ တက်ရောက်ဆွတ်ခူးနိုင်ခဲ့ကြောင်း ၄င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။

Cost of Living 2012လို့ အမည်ပေးထားတဲ့ စစ်တမ်းမှာ ရှင်းပြထားသည့် အချက်အလက်များအရ ထိုစစ်တမ်းသည် ကမ္ဘာ့တိုက်ကြီး ၅ ခုမှ နိုင်ငံပေါင်း ၂၁၄ နိုင်ငံကို စာရင်းပြုစုထားကြောင်း သိရသည်။ ထိုနိုင်ငံအားလုံးမှ နေထိုင်စရိတ် နှိုင်းယှဉ်ရာတွင် အမေရိကန်နိုင်ငံ New York မြို့ကို စံထားပြီး နှိုင်းယှဉ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုင်းမှာ ၀ယ်ယူရရှိနိုင်သည့် ပစ္စည်းအမျိုးပေါင်း 200 ကျော်အပေါ်မှာ နေထိုင်စရိတ်ကို သုံးသပ်လေ့လာပြီး၊ နိုင်ငံတစ်နိုင်ငံစီ၏ သယ်ယူပို့ဆောင်ရေးစရိတ်၊ အစားအသောက်၊ အ၀တ်အထည်၊ အိမ်သုံးပစ္စည်း၊ Entertainment လုပ်ဖို့အတွက် စရိတ်စကများကိုပါ ထည့်သွင်း စဉ်းစားနှိုင်းယှဉ်သည်ဟု ဆိုသည်။

နိုင်ငံအလိုက် အဆင့်တွေကို အဓိက ဆုံးဖြတ်တဲ့နေရာမှာတော့ နိုင်ငံတိုင်းမှာရှိတဲ့ အိမ်ယာ၊ တိုက်ခန်းတွေ၏ ၀ယ်ယူ၊ ငှားရမ်းနှုန်းထားများဖြစ်ကြောင်းလည်း ထပ်မံဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ကမ္ဘာ့နေထိုင်စရိတ် အကြီးဆုံးမြို့မှာ ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုဖြစ်ပြီး အသက်သာဆုံးမြို့ကတော့ ပါကစ္စတန်ရှိ ကရာချီမြို့ ဖြစ်ကြောင်း တင်ပြထားသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *