News

နည်းပညာကို ဆည်းပူးခြင်းသည် ရှက်စရာ မရှိ

အင်တာနက် ကော်နက်ရှင်တွေ ယခင်ကထက် ဈေးနှုန်း သက်သာပြီး ကွန်ပျူတာ ပစ္စည်းမျိုးစုံနှင့် ဘယ်နေရာက မဆို Onlineပေါ်မှာ ရှိတဲ့ အရာအားလုံးကို လွယ်လင့်တကူ ကြည့်ရှု လေ့လာ အသုံးချလို့ ရတဲ့ ခေတ်ကြီး ရောက်နေပြီ ဆိုတာ ငြင်းပယ်လို့ မရတော့ပါဘူး။ ဒီလို ခေတ်ကြီးထဲမှာ အကောင်းဆုံး တွေကို ပညာရပ် တစ်ခုအဖြစ် ယူပြီး မိမိအလုပ် အတွက် သော်လည်းကောင်း၊ မိသားစုအတွက် သော်လည်းကောင်း အသုံးချ တတ်မယ် ဆိုရင်လည်း တိုးတက် ခေတ်မီတဲ့ တိုင်းပြည်ကြီးကို ပို၍ လျှင်မြန်စွာ ရောက်ရှိမှာ အမှန်ပါ။

ယခုအခါ လူငယ်အများစုက Facebook ပေါ်တွင် ကိုယ်နဲ့ပတ်သက်သော ဓာတ်ပုံများ၊ ဗီဒီယိုများကို Upload တင်ကြ၊ Emailတွေကနေတဆင့် Share ကြ၊ မျှေ၀ကြနဲ့ အပေါင်းအသင်း ၀ိုင်း၀န်းတဲ့ ခေတ်ကြီး ရောက်ရှိနေပါပြီ။ သို့ပေမယ့် လောကကြီးမှာ လူကောင်း၊ လူဆိုး၊ စိတ်ပုပ်၊ စိတ်ယုတ်တွေလည်း ရှိကြတာမို့ မိမိတို့ မျှေ၀လိုက်သော ဓာတ်ပုံ၊ ဗီဒီယိုတို့ကို ကမ်ဘာတစ်၀ှမ်းလုံးမှ အင်တာနက်အသုံးပြုသူအားလုံးက လိုသလို ပြန်လည်ခိုးယူ အသုံးပြုနိုင်သည်ကိုလည်း သတိထားသင့်ပါသည်။ တဒင်္ဂတ ဆုံးဖြတ်ချက် တွေကြောင့် မိမိဘ၀ရဲ့ ရည်မှန်းချက် ပျက်စီးစေနိုင်ပြီး ပတ်၀န်းကျင်ရဲ့ မေးငေါ့ခြင်းများကို အတိုင်းအတာ တစ်ခုအထိ ရင်ဆိုင်ရနိုင်ကြောင်းလည်း တင်ပြလိုက် ရသည်။ ထို့ကြောင့်လည်း နည်းပညာကို အသုံး မပြုခင် လေ့လာမေးမြန်းသင့်ကြောင်း၊ နည်းပညာကို ဆည်းပူးသည့်အတွက်ကြောင့် ရှက်စရာ မရှိကြောင်းလည်း ပညာရှင်များက ဆိုကြသည်။

အလားတူ ယနေ့ခေတ် အဆင့်မြင့် မိုဘိုင်ဖုန်းများတွင် ပါ၀င်သည့် ကင်မရာ၊ အသံသွင်းဖမ်းယူနိုင်သည့် Recorder Software၊ GPS Locatorအစရှိသည်တို့ကိုလည်း အရေးကြီးသော စီးပွားရေး Meetingများနှင့် မိမိ ကို်ယ်ပိုင်လွတ်လပ်ချိန်လေးများ၌ မိမိအပါအ၀င် အတူရှိနေသူအားလုံးလည်း ကောင်းကျိုးအတွက် အသုံးပြုသင့်ကြောင်း နည်းပညာရပ်ကွက်က တိုက်တွန်းထားပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *