News

အစားအစာအတွက် စတာလင်ပေါင် 7000 ဖြုန်းပစ်တဲ့ Rihanna

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ်ဘာကျော်အဆိုတော် Rihanna တစ်ယောက် အင်္ဂလန်တွင် ကျင်းပသည့် Wireless Festivalတွင် ဖျော်ဖြေနေစဉ် Nandoလို့ အမည်တွင်သည့် စားသောက်ဆိုင်လေးမှာ အစားအစာ စတာလင်ပေါင် 7000 ဖိုးကို ဖုန်းဆက်ပြီး မှာယူခဲ့ကြောင်း Daily Starမှ ဖော်ပြထားသည်။

သတင်းများအရ Nando ဆိုင်လေးမှာ ထိုသို့ အော်ဒါလက်ခံရရှိခဲ့သည့်အတွက် ဆိုင်ပိတ်ခဲ့ရသည်ဟုလည်း ရေးသားထားသည်။ အစားအသောက်များကိုလည်း Rihanna ဖျော်ဖြေနေသည့် စတိတ်စင်အနောက်ပိုင်းသို့ ပို့ဆောင်ပေးရန် ညွှန်ကြားခဲ့သည်ဟုလည်း စတိတ်စင်တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ၄င်းမှဆက်၍ “Rihanna တစ်ယောက်သာ Nandoလို ဆိုင်မျိုးကို ပိတ်ရသည်အထိ လုပ်နိုင်ကြောင်း၊ အားလုံးမှ ရယ်မောစွာ ပြောဆိုနေကြကြောင်းကိုလည်း” ဖြည့်စွက်ခဲ့သည်။

အခြားအင််တာနက်သတင်းများအရလည်း နာမည်ကျော် အဆိုတော်မလေးရဲ့ ဖျော်ဖြေပွဲအတွက် လုံခြုံရေးနှင့် နောက်လိုက် စုစုပေါင်း 90 ကျော် အမေရိကမှ လိုက်ပါလာခဲ့ကြောင်း၊ ပွဲစီစဉ်သူများမှလည်း သူ့အတွက် သီးသန့်အင်္ကျီလဲဖို့ အခန်း(၅)ခန်းနှင့် သီးသန့်ရေချိုးခန်း၊ အိမ်သာတို့ကို စီစဉ်ပေးထားခဲ့ရကြောင်း သိရသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *