News

Google က Android TV ကို ထုတ်လုပ်မည်

Amazon က မကြာမီ က အင်တာနက် မီဒီယာများ ကို တီဗီ မှာ ကြည့်နိုင်တဲ့ Fire TV ကို ကြေညာခဲ့ပါတယ်။ Google ကလည်း သူ့ကိုယ်ပိုင် Set-Top Box ကို ထုတ်လုပ်မယ်လို့ သတင်းတွေထွက်လာပါတယ်။

Google က Fire TV, Apple TV , Roku တို့ကို ယှဉ်ပြိုင်မယ့် Android စနစ် သုံး Android TV ကို မကြာမီမှာ ကြေညာတော့မယ်လို့ သိရပါတယ်။ Google က ၃၅ ဒေါ်လာတန် Chromecast ကို လည်းဆက်လက် ရောင်းချမှာ ဖြစ်ပါတယ်။ Chromecast ကို HDTV မှာ တပ်ဆင်ပြီး စမတ်ဖုန်း၊ တက်ဘလက် ၊ ကွန်ပြူတာ က အွန်လိုင်း ဗီဒီယို တွေကို ကြည့်ရှုနိုင်တာဖြစ်ပါတယ်။

Video App Developer တွေက Android TV အတွက် App တွေ ထုတ်လုပ်ဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ Android TV မှာ Fire TV လိုပဲ ဂိမ်းတွေ ကစားနိုင်မှာဖြစ်သလို ဂိမ်းလက်ကိုင် လည်းပါရှိမှာဖြစ်ပါတယ်။

The Verge ရဲ့ သတင်းအရ အခုထုတ်လုပ်မယ့် Android TV ဟာ ၂၀၁၀ ခုနှစ် မှာ ထုတ်လုပ်ခဲ့တဲ့ Google TV ထက်ပိုမို ရိုးရှင်းမှာ ဖြစ်ပါတယ်။ Google TV ဟာ TV တွေကို စမတ်ဖုန်း အကြီးစားဗားရှင်း အဖြစ် အသုံးပြုနိုင်တာဖြစ်ပါတယ်။

Android TV ဟာ ဖျော်ဖြေမှု အတွက် ရည်ရွယ်ထားတာဖြစ်ပြီး ကွန်ပြူတာ လို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Android TV ဟာ Fire TV လိုပဲ Voice Command ကို အသုံးပြုနိုင်ပါတယ်။ Content တွေကို အလွယ်တကူ ရှာနိုင်ဖို့ ဒီဇိုင်း ရေးဆွဲထားပါတယ်။

Movie, Show, App, Game တွေအတွက် Card Interface ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Remote Control ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Android TV ရဲ့ Screenshot မှာ YouTube , Hangouts စတဲ့ Google Apps တွေကို တွေ့ရပါတယ်။ ဒါ့အပြင် Hulu, Netflix, Pandora တို့လည်း ပါရှိပါတယ်။

အခုသတင်းဟာ Google က Google Fiber Internet ကို ၀န်ဆောင်မှုပေးနေတဲ့ နေရာဒေသ တွေမှာ သူ့ကိုယ်ပိုင် Wireless Service ကို ပြုလုပ်ပေးမယ်ဆိုတဲ့ သတင်းအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *