Featured, News, Review

Googleက Appleကို ကျော်လွန်ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Brandအဖြစ် ရပ်တည်

Googleက Appleကို ကျော်လွန်ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Brandအဖြစ် ရပ်တည်

သုတေသန ကုမ္ပဏီ Millward Brown၏ စစ်တမ်းအရ Googleက ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး Brandအဖြစ် Appleနေရာကို လုယူနိုင်လိုက်ပြီဖြစ်ပါတယ်။ Apple၏ တန်ကြေးမှာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒေါ်လာ ၁၄၈ ဘီလီယမ် ဖြစ်ပါတယ်။ Googleရဲ့ တန်ကြေးကတော့ ၄၀ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒေါ်လာ ၁၅၉ဘီလီယမ် ဖြစ်လာပါတယ်။

Googleဟာ နည်းပညာနယ်ပယ်အားလုံးမှာ ဖြန့်ကျက်လုပ်ဆောင်နေတာက ကျွန်တော်တို့ရဲ့စိတ်ကို လွှမ်းမိုးနိုင်တာ ဖြစ်ပါတယ်လို့ Millward Brownရဲ့ ဒါရိုက်တာ ဖြစ်သူ Peter Walsheက ပြောပါတယ်။ ဟုတ်ပါတယ်။ Googleဟာ Apple မလုပ်နိုင်တဲ့ အလိုအလျှောက်မောင်းနှင်တဲ့ကားများ၊ အင်တာနက်မရရှိတဲ့ ကမ္ဘာ့ဒေသများမှာ အင်တာနက် ထုတ်လွှင့်ပေးနိုင်တဲ့ မိုးပျံပူဖောင်းများနဲ့ ဆန်းကြယ်လှတဲ့ Google Glassမျက်မှန်ကို တီထွင်ထုတ်လုပ်နေပါတယ်။ Appleကတော့ မိုဘိုင်းဖုန်း၊ တက်ဘလက်နဲ့ ပီစီများသာ ထုတ်လုပ်နိုင်သေးတာ ဖြစ်ပါတယ်။

တတိယနေရာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်တာကတော့ IBMဖြစ်ပါတယ်။ စတုတ္ထနေရာမှာ Microsoft၊ အဌမနေရာမှာ AT&T၊ ဒဿမနေရာမှာ Amazonတို့ အသီးသီး ရပ်တည်နေကြပါတယ်။ အထူးခြားဆုံးက တရုတ် ကုမ္ပဏီ Tencentက အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ Facebookက အဆင့် ၂၁နဲ့ Samsungက အဆင့် ၂၉ နေရာမှာ ရပ်တည်နေပါတယ်။

သုတေသန ကုမ္ပဏီ Millward Brownက ဘယ်လို အချက်တွေကို အခြေခံတွက်ချက်တာလဲဆိုတာ စိတ်၀င်စားစရာ အချက်ဖြစ်ပါတယ်။ Millward Brownက Optimorဆိုတဲ့ Toolကို အသုံးပြုပါတယ်။ အဲဒီ Toolမှာ ထည့်သွင်းတွက်ချက်တဲ့ ဒေတာများကိုတော့ ကြေညာလို့မရဘဲ ဖုံးကွယ်ထားရတာ ဖြစ်ပါတယ်။ ဒေတာများကို ကမ္ဘာအ၀န်းမှ စားသုံးသူ တစ်သိန်းခွဲနဲ့ အင်တာဗျူးပြီး ရယူထားတာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *