Apps, Mobile, News, Review

Googleက ကွန်ပျူတာကို Android Phoneကနေ ထိန်းချုပ်နိုင်မယ့် Appကို ပြုလုပ်ပေး

Googleက ၂၀၁၁ ခုနှစ်မှာ Chrome Remote Desktop ၀န်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပြီး Chrome Browser အသုံးပြုတဲ့ ကွန်ပျူတာ အချင်းချင်း အဝေးမှ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ Android Phoneကနေ Windows, Mac, Linux, Chrome OS ကွန်ပျူတာတွေကို ထိန်းချုပ်နိုင်တဲ့ Android Appကို ဖြန့်ချိပေးလိုက်ပါတယ်။ ကွန်ပျူတာ OSများမှာ Chrome Web Appကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ကွန်ပျူတာမှာ Set Up လုပ်ပြီးတာနဲ့ စမတ်ဖုန်းကနေ Appကို အသုံးပြုပြီး ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ GigaOm က အဲဒီ App ကို Beta အနေနဲ့ ပြုလုပ်ပေးလိုက်တယ်ဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းပေးခဲ့ပါတယ်။ အခုတော့ အဲဒီ App ကို အများ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Android Phone နဲ့ တက်ဘလက် နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ iOS အတွက် App ကို ဘယ်အချိန်မှာ ပြုလုပ်ပေးမလဲဆိုတာကို အတိအကျ မသိရသေးပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ ပြုလုပ်ပေးမယ်လို့ Google က ပြောပါတယ်။

Android App ကို Chrome Remote Desktop လို့ အမည်ပေးထားပါတယ်။ Google က Desktop Computer တွေကို အခြား Device များနဲ့ ချိတ်ဆက်နိုင်မယ့် နည်းလမ်းတွေကို တိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ Hangouts မှာလည်း Remote Desktop Feature ကို ၂၀၁၃ ခုနှစ် နှစ်လယ်မှာ ပြုလုပ်ပေးခဲ့ပါတယ်။ Chromecast Device ကိုလည်း ထုတ်လုပ်ပေးထားပြီး Chrome Browser မှ Tab တွေကို တီဗီမှာ ကြည့်နိုင်ပါတယ်။ အခြား Company တွေကလည်း အဲဒီလို စွမ်းဆောင်ပေးနိုင်တဲ့ App တွေ ပြုလုပ်ပေးထားပါတယ်။ Microsoft က Windows 8 မှာ Remote Desktop စွမ်းဆောင်ချက် ထည့်သွင်းပေးထားပြီး Android, iOS App တွေကို ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာ ပြုလုပ်ပေးခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *