News

ကမ္ဘာမြေနဲ့အရွယ်တူပြီး လူများနေထိုင်နိုင်မယ့် ဂြိုလ်တစ်လုံးတွေ့ရှိ

ကမ္ဘာမြေနဲ့ အရွယ်တူပြီး လူများနေထိုင်နိုင်မယ့် ဂြိုလ်တစ်လုံး ကို တွေ့ရှိကြောင်း နာဆာ က ကြေညာပါတယ်။ Kepler 186f လို့အမည် ပေးထားပြီး ဓာတ်ပုံမှာ ဖော်ပြထားတာကတော့ ပန်းချီပညာရှင်ရဲ့ စိတ်ကူးဖြစ်ပါတယ်။ တွေ့ရှိထားတဲ့ ဂြိုလ်အသစ်ဟာ ကမ္ဘာမြေနဲ့ တူညီတဲ့ အဓိက အကြောင်းအရာ တွေရှိပါတယ်။ ကမ္ဘာမြေနဲ့ အရွယ်အစားတူညီသလို Kepler 186f နဲ့ နေရဲ့ အကွာအဝေး ကလည်း လူတွေနေထိုင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ နောက်ပြီး အဲဒီဂြိုလ် မှာ ရေ ရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ကမ္ဘာမြေနဲ့ ဆင်တူတဲ့ အခြားဂြိုလ်များကို တွေ့ရှိခဲ့ကြပေမယ့်လည်း အလွန်ပူပြင်းတဲ့အပြင် ကမ္ဘာမြေထက် လွန်စွာ ကြီးမားပါတယ်။ Kepler 186f က ကမ္ဘာမြေထက် ဆယ်ရာခိုင်နှုန်းလောက်သာ ကြီးမားပါတယ်။ အဲဒီဂြိုလ် ဟာ M dwarf sun လို့ ခေါ်တဲ့ ကြယ်ကို ရက်ပေါင်း ၁၃၀ လျှင် တစ်ကြိမ် လှည့်ပတ်နေပါတယ်။ အဲဒီအတွက် Kepler 186f မှာ ရေရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ Kepler 186f မှာ လူတွေ နေထိုင်နိုင်ပေမယ့်လည်း ကမ္ဘာမြေက နေဆီက အလင်းရောင်ရရှိမှုရဲ့ သုံးပုံပုံတစ်ပုံသာ Kepler 186f က သူလှည့်ပတ်နေတဲ့ကြယ်ကနေ ရရှိတယ်လို့ နာဆာ ကပြောပါတယ်။ Kepler 186f ရဲ့ နေ့လည် အချိန်မှာ ရရှိတဲ့ အလင်းရောင်ဟာ ကမ္ဘာမြေမှာ ညနေ နေ၀င်ချိန် ရရှိတဲ့ အလင်းရောင်လောက်သာ ရှိပါတယ်။

Kepler 186f ရဲ့ ထုထည် အတိုင်းအတာကို မသိရသေးပေမယ့် နာဆာက ကမ္ဘာမြေ ထုထည်လောက်ရှိမယ်လို့ ယူဆနေပါတယ်။ လူသားတွေ အသက်ရှင်နိုင်မယ့် လေထု ရရှိမလားဆိုတဲ့ အထောက်အထားတွေ မတွေ့ရှိရသေးဘူးလို့ ပညာရှင် Victoria Meadowsက ပြောပါတယ်။

Kepler 186f ဟာ ကမ္ဘာမြေနဲ့ အရွယ်အစား တူညီပြီး လူတွေနေထိုင်နိုင်တဲ့ ပထမဆုံး ဂြိုလ်ဖြစ်ပါတယ်။ Kepler 186f ဟာအရင်တွေ့ရှိ ထားတဲ့ ဂြိုလ်လေးလုံး ထက်လည်း ကမ္ဘာမြေနဲ့ ပိုမို တူညီပါတယ်။ အဲဒီဂြိုလ်လေးလုံးဟာ နေကို သုံးပတ်အတွင်းမှာ တစ်ကြိမ်လှည့်ပတ် နေတာဖြစ်ပါတယ်။ အဲဒီအတွက် လူတွေ အသက်မရှင်နိုင်အောင် ပူလောင်ပါတယ်။ Kepler 186f ဟာ အလင်းနှစ်ငါးရာ အကွာအဝေးမှာ ရှိတဲ့အတွက် သွားရောက်ဖို့တော့ လွယ်ကူအုံးမှာ မဟုတ်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *