News

Google က ၈.၉ လက်မအရွယ် Nexus Tablet ကို ထုတ်လုပ်မည်။

Google က ၈.၉လက်မအရွယ် Nexus Tablet ကို ဒီနှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Nexus Tablet ဟာ စွမ်းဆောင်ရည်မြင့် Tablet တစ်လုံးဖြစ်မယ်လို့ မျှော်လင့်ရပါတယ် လို့ IHS Technology မှ Director ဖြစ်သူ Rhoda Alexander က ပြောပါတယ်။
Nexus Tablet ကို ဇူလိုင်လနဲ့ ဩဂုတ်လ များမှာ ထုတ်လုပ်ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ Specification လည်း ကောင်းမွန်ပြီး ဈေးနှုန်းလည်း မြင့်မှာ ဖြစ်ပါတယ်။

Nexus Tablet ကို အများအပြားထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။ ရောင်းချမယ့် ဈေးနှုန်းကိုတော့ Google က ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဒေါ်လာ (299) ထက်ကြီးမြင့် မယ်လို့သိရပါတယ်။ Google က အဆိုပါ Tablet ကို HTC နဲ့ ပူးပေါင်းထုတ်လုပ်မယ်လို့ Alexander က ပြောကြားပါတယ်။

အာရှမှ ရရှိတဲ့ အခြားသတင်းများအရလည်း Google က ၈.၉ လက်မ Tablet ကို ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။
Amazon က ၈.၉လက်မ HDX ကို ရောင်းချနေပြီ ဖြစ်ပါတယ်။

Google က ထုတ်လုပ်ရောင်းချမယ့် Nexus Tablet ဟာ Google Nexus 7 ရဲ့ မျိုးဆက် Tablet ဖြစ်လာမှာ ဖြစ်ပါတယ်။
Nexus 7 Tablet ရဲ့ မျိုးဆက် ကို ဒီနှစ်ထဲမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Google နဲ့ HTC တို့ကတော့ အဆိုပါ Tablet အကြောင်းကို ပြောကြားခြင်း မရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *