Gaming, Review

တက်ဘလက်နှင့် စမတ်ဖုန်းများနဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်တဲ့ Samsung Android Wireless Gamepad

အကယ်၍ သင်ဟာဂိမ်းကစားရတာကြိုက်နှစ်သက်တဲ့သူတစ်ယောက်ဆိုရင် Samsung Wireless Gamepad က သင့်ကို ဂိမ်းရသ အပြည့် အဝပေးနိုင်ပါလိမ့်မယ်။ မျက်နှာပြင်ကျယ်ပြန့်တဲ့ စမတ်ဖုန်းနှင့် တက်ဘက်တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး ဒီလိုအရည်အသွေးမြင့်မားတဲ့ Portable Game Controller ဟာ သင့်ရဲ့ Android စမတ်ဖုန်း သို့မဟုတ် တက်ဘလက်တွေကို Mobile Games Console အဖြစ်သို့ ပြောင်းလဲ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ Samsung GamePad မှာပါဝင်တဲ့ NFC နည်းပညာကိုအသုံးပြု ပြီးတော့ တခြား Device တွေနဲ့ လွယ်ကူစွာချိတ်ဆက်ပြီးတော့ တစ်ချက်တို့ထိစနစ်နဲ့ ဆော့ကစားနိုင်ပါတယ်။ Racing Games, RPG Games တွေကို ဂိမ်းရသ အပြည့်အဝ နဲ့ဆော့ကစားနိုင်အောင် Samsung GamePad ရဲ့ ဂိမ်းခလုတ်တွေက စွမ်းဆောင်ပေးပါလိမ့်မယ်။

Android Wireless GamePad ဟာ ဂိမ်းတွေကို ဆော့ကစားတဲ့အချိန်မှာ လွယ်ကူစွာ ထိန်းချုပ်ကစားနိုင်ပြီး စမတ်ဖုန်း (သို့မဟုတ်) တက်ဘလက်ကို GamePad နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်သည့်အပြင် Bluetooth 3.0 နည်းပညာထောက်ပံ့ ပေးထားတဲ့ တီဗီနှင့် မော်နီတာများနဲ့လည်း ချိတ်ဆက်နိုင်ပါသေးတယ်။ Samsung ဟာ Android Wireless Gamepad အတွက် Mobile Console App ဆိုတဲ့ Game Centre တစ်ခုကိုပြုလုပ် ပေးထားပြီး အဆိုပါ Mobile Console App ထဲမှာ ဂိမ်းအမျိုးအစားပေါင်း များစွာကို စုံလင်စွာကစားနိုင်အောင် စီမံပေးထားပါတယ်။ Mobile Console App ထဲမှ ဂိမ်းများကို ကစားချင်လို့ ရှိရင်တော့ Gamepad ရဲ့ Play ခလုတ်လေးကိုနှိပ်ပြီး ကြိုက်နှစ်သက်ရာဂိမ်းတွေကို ရွေးချယ်နိုင်မှာပါ။

Gamepad နဲ့ မိုဘိုင်း Devices တွေနဲ့ချိတ်ဆက်ဖို့အတွက် မိုဘိုင်းမျက်နှာပြင်အရွယ်အစားဟာ ၄လက်မ နှင့် ၆.၃လက်မ အရွယ်အစားနှစ်ခုကြားမှာရှိရမယ်လို့ သတ်မှတ်ပေးထားတာတွေ့ရပါတယ်။ Samsung Gamepad ဟာသင့်ရဲ့ ဂိမ်းကစား နိုင်မှုစွမ်းရည်တွေကို ပြသနိုင်ဖို့အတွက် ဖန်တီးပေးထားတဲ့ Mobile Games Console တစ်မျိုးဖြစ်ပါတယ်။ Gamepad မှာပါဝင်တဲ့ ဂိမ်းခလုတ်တွေကတော့ Dual Analog Stick, D-Pad, ‘Game” button, 2 ‘Trigger’ buttons, 4 ‘Action’ buttons အစရှိတဲ့ ဂိမ်းခလုတ်တွေပါဝင် ပါတယ်။ Samsung Gamepad ရဲ့ကိုယ်ထည်ဒီဇိုင်းကို အနက်ရောင်ဖြင့်ထုတ်လုပ်ပေးထားပြီး ဘက်ထရီ အမျိုးအစားကတော့ Rechargeable Li-ion ဘက်ထရီအမျိုးအစားဖြစ်ပါတယ်။ ကိုယ်ထည်အရွယ်အစားကတော့ 137.78x 31.8×86.47mm အရွယ်အစားရှိပြီး 195g အလေးချိန်ရှိပါတယ်။

EI-GP20HNBEGWW-110092-0

EI-GP20HNBEGWW-140580-0

 

 

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *