News

Samsung၏ Galaxy S4ရွှေရောင် ဗားရှင်း

Appleရဲ့ iPhone 5Sကို ရွှေရောင်နဲ့ ထုတ်လုပ်ပြီး အခုမကြာခင်မှာပဲ တောင်ကိုရီးယား အခြေစိုက် Samsungမှ ရွှေရောင် Galaxy S4ထုတ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြန် ပါပြီ။ အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ Samsung Mobile၏ Twitter Pageတွင် Samsung Galaxy S4၏ Gold Version(ရွှေရောင်ပုံစံ) ဓာတ်ပုံများ ပေါ်ထွက်လာခဲ့ပါတယ်။ Gold Pink, Gold Brownဆိုပြီး ကာလာနှစ်မျိုး ထွက်ရှိလာမှာ ဖြစ်ကာ တစ်ကမ္ဘာလုံးသို့ ဖြန့်ဖြူးမည့် အစီအစဉ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ Nokiaရဲ့ ရွှေရောင်ပုံစံ Nokia Oroဖုန်းလိုမျိုးပဲ ရွှေရောင်ဖုန်းတွေ ခေတ်စားပြီး အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ ယနေ့ခေတ်ကြီးထဲမှာ Galaxy S4ရွှေရောင် ဗားရှင်းက ဘယ်လိုထူးခြားချက်တွေနဲ့ တကယ်ပဲ ထွက်ရှိလာမလား ဆိုတာကတော့ စိတ်၀င်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

2 thoughts on “Samsung၏ Galaxy S4ရွှေရောင် ဗားရှင်း

  1. shat sa yar gyee naw… Apple nout lite tar..

  2. ပြောရင်ပြောတယ်ဖြစ်အုံမယ် …. သူများပြီးလုပ်မှ ..

Leave a Reply

Your email address will not be published. Required fields are marked *