News

ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ်တာ၀န်မှ ရပ်နား

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ကင်တားနားအား ရာထူးသက်တမ်းကို ထပ်မံတိုးပေးတော့မည်မဟုတ်ပဲ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၂၄ရက်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူအဖြစ် တာ၀န်သက်တမ်းကို ထပ်မံတိုးမပေးတော့တာလို့ သိရပါတယ်။ သူ့နေရာမှာ အသစ်တစ်ဦး ခန့်ထားရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတရုံးမှ တာ၀န်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက “အရင်စစ် အစိုးရလက်ထက် ကတည်းက သူလာခဲ့တယ်။ အကျဉ်းထောင်တွေထဲ ၀င်ကြည့်တယ်။ တွေ့တယ်၊ ဆုံတယ်၊ ပြန်သွားတာတွေ စတာတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် သူလုပ်ကိုင်တာတွေနဲ့ ပတ်သက်လို့ စစ်အစိုးရက အရေးတယူ လုပ်ခဲ့တာ မရှိဘူး။ ကင်တားနားကြောင့်လည်း ကျွန်တော်တို့ ထောင်ထဲက လွတ်ခဲ့တာ မဟုတ်ပါဘူး။ ခုအချိန်ကျတော့ လူ့အဖွဲ့အစည်းဟာ ပွင့်လင်းလာပြီဆိုတဲ့ အချိန်မှာ ကင်တားနားအနေနဲ့တော့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်မှာ ဘုန်းတော်ကြီးတွေကို မရိုမသေလုပ်တယ်။ ဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီးတော့ သူ့ကိုပြောဆိုကြတာတွေရှိတော့ ကုလသမဂ္ဂအနေနဲ့ စဉ်းစားမယ်ထင်တယ်။ နောက်သူ့ရဲ့ သက်တမ်းကုန်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ကင်တားနားသည် မြန်မာနိုင်ငံ၏ နောက်ဆုံးဆယ်ရက်ကြာ ခရီးစဉ်အတွင်း သြဂုတ်လအတွင်းက မိတ္ထီလာမြို့သို့ ရောက်ရှိစဉ်ဒေသခံများက သူ၏လမ်းကြောင်းအား ပိတ်ဆို့ကာ ယင်းလိုက်ပါ စီးနင်းလာသော ကားအား ၀ိုင်း၀န်းထုနှက်ခဲ့ကြကြောင်း သြဂုတ် ၂၁ရက်တွင် ရန်ကုန်လေဆိပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ယင်းပြောကြားချက်အား ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က မှန်ကန်မှုမရှိကြောင်းနှင့် ပြည်သူများက ယင်းအားအေးချမ်းစွာ ဆန္ဒပြရန် ရောက်ရှိနေခြင်းသာဖြစ်ကြောင်း၊ ယင်းလိုက်ပါ စီးနင်းလာသော ကားအား ပြည်သူများက ၀ိုင်း၀န်းကန်ကျောက်သည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

13 thoughts on “ကင်တားနားအား မြန်မာ့လူ့အခွင့်အရေး ကိုယ်စားလှယ်တာ၀န်မှ ရပ်နား

  1. Ko Kyaw says:

    ကောင်းပါတယ်

  2. ဖြစ်သင့်တာကြာပြီ

  3. Lamin Lay says:

    တဘက်ပဲကြည့်တဲ့ ခြံခုန်သမား တားတားပဲ

  4. ကောင်းလိုက်တာ good news

  5. John Naing says:

    Right U N this is really good news for Myanmar .

  6. Ko Naung says:

    ကျေးဇူး အများကြီးတင်တယ်

  7. Moe Htet says:

    ပျော်လိုက်တာ

  8. ဟေ့ ကင်တားနား “မင်းအလုပ်လက်မဲ့ဖြစ်သွားပြီပေါ့။ မြန်မာ့လူ့အခွင့်အရေးတွေကိုသိပ်လုပ်ခဲ့တာဆိုတော့ ငါတို့ကလည်းမင်း အခုလိုအလုပ်လက်မဲ့ဖြစ်နေချိန်မှာပြန်ကူညီပေးမှာပါ။စိတ်ဓာတ်တွေ မကျပါနဲ့ကွာ။မြန်မာနိုင်ငံကို ပြန်လာခဲ့ပါ။ မကြောက်ပါနဲ့ကွာ မင်းကို ငါတို့ ဘာမှမလုပ်ပါဘူး ။ အေး… အာချောင်တဲ့မင်းပါးစပ်ကိုတော့ နှစ်ချက်၊သုံးချက်လောက်ရိုက်ချင်တယ်။တစ်ချက်တည်းက အားမရလို့ပါ။ပြီးရင် မင်းသိပ်ပြီး ချစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုခုမှာ နေခွင့်ပေးမယ်။ မင်းပျော်သလောက်နေပေါ့။”

  9. Phyo Lynn Oo says:

    အကုသိုလ် မဖြစ်ရတော့ဘူးပေါ့

  10. Ar Kar says:

    ဟေးးးးးးးးပျော်…တှာ

  11. Than Htut says:

    မဂ်လာသတင်းပါ

Leave a Reply

Your email address will not be published. Required fields are marked *