News, Review

KMD မြေနီကုန်း၊ တာမွေ နှင့် လမ်းမတော်စင်တာများတွင် မိုးရာသီအထူးဈေးရောင်းပွဲ ပြုလုပ်ကျင်းပမည်။

KMD မြေနီကုန်း၊ တာမွေ နှင့် လမ်းမတော်စင်တာများတွင်မိုးရာသီအထူးဈေးရောင်းပွဲ ပြုလုပ်ကျင်းပမည်။

ကွန်ပျူတာ၊ မိုဘိုင်း၊ Tabletနှင့် ဆက်စပ်ပစ္စည်းများကို အထူးလျှော့ဈေးများ၊ လက်ဆောင်များစွာဖြင့် KMD MNG, China Town and Tamwe Centre များတွင် ဝယ်ယူရရှိနိင်မည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၄ခုနှစ်၊ Juneလ (၁၆)ရက်မှ June လ (၂၂)ရက်အတွင်း ဈေးနှုန်းတူညီစွာဖြင့် ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။KMD Sale Centreများမှ မည့်သည့် Notebookနှင့် Desktopမဆို ဝယ်ယူသူများအတွက် အထူးဈေးနှုန်း၊ Cash Back ပြန်အမ်းငွေများ ပြန်ပေးသွားမည်ဖြစ်ပြီး Norton Antivirusကို လက်ဆောင်ထည့်ပေးသွားမည့် အထူးအစီအစဉ်များဖြင့် ရောင်းချသွားမည်ဖြစ်ဖြစ်ကြောင်း သိရပါသည်။

Smartphone & Tablet ဝယ်ယူသူများအတွက် Micro SD Card8 GBအား မေတ္တာလက်ဆောင်အဖြစ် ပေးသွားမည့်အပြင် Lenovo K900နှင့် A385e Smartphone ဝယ်ယူသူများအတွက် 5,000 Ks တန် ငွေဖြည့်ကဒ်လက်ဆောင် ပေးသွားမည်ဖြစ်ပြီး GSM/ CDMA Feature Phone များကို ကျပ်တစ်သောင်းကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

HTC Myanmar ပရိတ်သတ်များ စောင့်မျှော်နေကျသော HTC One M8နှင့် HTC Desire 816 Smartphone များကိုလည်း ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူသူများအတွက်လည်း အထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အထူးလျှော့ဈေး အစီအစဉ်များနှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းသိရှိလိုပါက KMD (မြေနီကုန်း)- 503511, 503522၊ KMD (တာမွေ)- 546600, KMD(လမ်းမတော်)- 01 2303082 များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *