Gaming

Marvel Heroes

marvel-heroes

ဒီတစ်ခါ ဟဲဗီးဂိမ်းတွေ ဆော့နေတဲ့ အမှန်အကန် ဂိမ်းမာကြီးတွေအတွက် ဂိမ်းအသစ်တွေ ထွက်နေတဲ့ကြားကမှာ ဟိုမရောက် ဒီမရောက်နဲ့ ဆော့လို့ကောင်းမယ့် ဂိမ်းတစ်မျိူးကို မိတ်ဆက်ပေးချင်တယ်ဗျ။ ဘာရယ်မဟုတ်ဘူး တချို့ ဂိမ်းလေးတွေကလည်း ဆော့လို့ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါး ဆော့လို့ရနိုင်မယ့် Marvel Heroesကို Release လုပ်တော့မယ်တဲ့။ ဒီတစ်ခေါက် Gazillion Entertainmentက ကလေးတွေကို ပစ်မှတ်ထားတာ ဖြစ်နိုင်သလို အွန်လိုင်း ဂိမ်းမာတွေကိုလဲ ပစ်မှတ်လုပ်ထားတာ ဖြစ်နိုင်တယ်။ ဇာတ်ညွန်းရေးဆရာတွေ စိတ်ကူးယဉ်ထားတဲ့ သူရဲကောင်းတွေကို Gazillion ကောက်စားလိုက်တယ်။ လုပ်နေကြပါပဲ။ ဒီသူရဲကောင်းတွေကလည်း ဇာတ်လမ်းထဲမှာ တစ်မျိုး ကာတွန်းတွေထဲမှာ တစ်ဖုံ ကလေးတွေနဲ့လူငယ်အများအပြားကို ဆွဲဆောင်ထားနိုင်တာကို။ ဒီတော့ ဂိမ်းအဖြစ်တဖန် အသက်သွင်းလိုက်ကြပြန်ပါတယ်။ Marvel Heroesက Andventure ထက်တောင် စုံနေပါသေးတယ်။ တကယ့် သူရဲကောင်းကြီးတွေကို စုထားပေးတာဆိုတော့ ဘယ်လိုမျိုးလဲပေါ့။ ဒီလို သူရဲကောင်းတွေ ပါတယ်ဆိုတော့ ဂိမ်းက ဟဲဗီးလာပေါ့။ မဟုတ်ပါဘူး အလယ်လတ် ဂိမ်းတစ်ခုပါပဲ။
Developerကလည်း Gazillion Entertainmentပါပဲ။ ဒီလိုနဲ့ June 4, 2013 ထွက်တော့မယ် ဆိုလာပါတယ်။ မြင်နေကျ သူရဲကောင်းတွေကြီးပဲ ဆိုတော့ သူတို့ ပါဝါတွေကိုတော့ မပြောတော့ပါဘူး။ ဂိမ်းရဲ့ အမျိုးအစားကတော့ Action၊ ဒါပေမယ့် အွန်လိုင်း တက်ရဦးမယ်လို့ ဆိုထားပြန်တယ်။ ထွက်မှပဲ စမ်းရသေးတာပေါ့။ ဇာတ်ကောင်တွေ ဖန်းတီိးထားတာ အစစ်တွေ အတိုင်းပါပဲ။ သို့သော် Graphic Engineကို သင့်တော်ရုံလောက် သုံးထားတာဆိုတော့ အရမ်းမလန်းဘူးပေါ့ဗျာ။ ဇာတ်လမ်းတွေထဲမှာတွေ့နေကြ သူရဲကောင်းတွေဖြစ်တဲ့ Spider Man, Iron Man, Captain America, Hulk, Thor, Black Panther, Nova, Jean Grey, Deadpool, Rocket Raccoonတို့လို လူကြိုက်များတဲ့ သူရဲကောင်း အယောက်နှစ်ဆယ်ကျော်လောက် ထည့်ပေးထားပါတယ်။ သူတို့တွေ သုံးနေကြ ပါဝါတွေအတိုင်း ဂိမ်းထဲမှာလည်း သုံးရမှာပါ၊ ဆော့နေရင်းမှာ Levelတွေ တက်လာတဲ့အခါမှ တစ်ခုပြီး တစ်ခု သုံးခွင့်ပြုသွားမှာပါ။ စဆော့တဲ့ အချိန်မှာတော့ Level 1က စရမှာပေါ့။ ဂိမ်းရဲ့ဇာတ်လမ်းက Adventure ကားထဲလို လူဆိုးတစ်စုရဲ့ ကမ္ဘာကို နှောင့်ယှက်ရန်ကနေ ကာကွယ်ပေးသွားရမှာပါ။
Doctor Doom ဦးဆောင်တဲ့ လူဆိုးအဖွဲ့မှာ သူရဲကောင်းလိုစွမ်းတဲ့ ဂြိုလ်သားတွေအပြင် အစွမ်းရှိတဲ့ လူသားတွေလည်း ပါ၀င်နေပါသေးတယ်။ မြို့ထဲမှာပဲ ရန်သူတွေကို တိုက်ခိုက်ရင်း စွန့်စားရဦးမှာပါပဲ။ Multi Player ကစားလို့ ရနိုင်တာကြောင့် သူငယ်ချင်းတွေနဲ့ အတူတူ ဆော့နိုင်သလို ကူညီပေးမယ့် သူရဲကောင်းတွေ ပါလာဦးမှာပါ။ PC, Mac OSမှာပဲ ဆော့လို့ရမယ့် Marvel Heroesကို အွန်လိုင်း ဂိမ်းမာတွေအတွက် သတင်းကောင်း တစ်ခုပေးရင်း တကယ် ထွက်မယ့်နေ့မှာ ပွဲကြမ်းနိုင်ကြပါစေကြောင်း။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *