Gaming

Evangelion Movie 3 – You Can (Not) Redo

Evangelion-mivie-3

ဒီ Animationဟာ Japan Animation လောကအတွက် အရေးအပါဆုံးနှင့် ပရိသတ်အပေါ် အလွှမ်းမိုးနိုင်ဆုံး ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ နာမည်ကျော် Neon Genesis Evangelion Anime Seriesကို အသစ်တစ်ဖန် Remake Versionအဖြစ်ပြန်လည် ဖန်တီးထားတဲ့ Rebuild of Evangelion ရုပ်ရှင်ဇာတ်ကားများရဲ့ တတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။ 2012 November လအတွင်းက Japan နိုင်ငံမှာ ရုံတင်ပြသခဲ့ပြီး 2013 အတွင်း နိုင်ငံတကာမှာ စတင် ပြသတော့မှာ ဖြစ်သလို Aprilလအတွင်းမှာ Evangelion Movie 3.33 အမည်ဖြင့် ဇာတ်ဝင်ခန်းအသစ်များ ပါဝင်သလို Animation Quality အဆင့်မြင့်တင်ထားတဲ့ BluRay Disc Versionကို ဖြန့်ချိခဲ့ပါတယ်။ Evangelion Movie 3 ရုပ်ရှင်ဟာ ပထမနှစ်ကားရဲ့ တိုက်ရိုက် အဆက်ဖြစ်သလို၊ TV Seriesနှင့်လည်း ကွာခြားတဲ့ အချက်တွေရှိလို့ ဇာတ်လမ်းအရှေ့ပိုင်းမှ အဖြစ်အပျက် အများစုကိုလည်း ပြန်လည် ရှင်းပြထားခြင်း မရှိလို့ ရှေ့ဇာတ်ကား နှစ်ကား အတွင်းမှ အဖြစ်အပျက်တွေကို သိမှ Storyပိုင်း သေချာ နားလည်မှာ ဖြစ်ပေမယ့် Actionခန်းတွေ ထူးခြားကောင်းမွန်တဲ့ Animation Sequenceတွေကြောင့် ပရိသတ်အသစ်တွေကိုပါ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
Evangelion ဇာတ်လမ်းတွေရဲ့ အခြေခံဇာတ်လမ်းကတော့ ရိုးရှင်းပေမယ့် သူ့ရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ အဖြစ်အပျက်နှင့် ပူးပေါင်းကြံစည်မှု Conspiracyတွေ၊ အဓိက ဇာတ်ကောင်နှင့် ဇာတ်ပို့တွေရဲ့ နက်နဲတဲ့ ဇာတ်ကောင်စရိုက်တွေ အများကြီး ပါဝင်ပါတယ်။ Evangelionရဲ့ အဓိက ဇာတ်လမ်းကတော့ ကမ္ဘာကို လာရောက် တိုက်ခိုက်နေတဲ့ Angel/Shito လို့ခေါ်တဲ့ သတ္တဝါတွေကို Eva Unitလို့ခေါ်တဲ့ Biomechnical Unitတွေကို မောင်းနှင်နိုင်တဲ့ လူငယ်တွေက ပြန်လည် တိုက်ခိုက်ရပုံ ဇာတ်လမ်းဆင်ထားတာပါ။ Eva Unitတွေဟာ သီးသန့်စက်ရုပ် Mechaတွေ မဟုတ်ဘဲ မောင်းနှင်သူရဲ့ စိတ်နှင့်ဆက်စပ်ပြီး ထိမ်းချုပ်ရတာ ဖြစ်ပြီး လှုပ်ရှားမှုတွေကလည်း သက်ရှိတွေလို သွက်လက်တဲ့ အတွက်ကြောင့် ပုံမှန် Mecha Action ဇာတ်လမ်းက တိုက်ပွဲတွေ ကြည့်ရတာနဲ့ ကွဲပြားနေမှာပါ။ ပထမ ရုပ်ရှင်နှစ်ကားမှာ Angelတွေနှင့် Eva Unitတွေရဲ့ တိုက်ပွဲတွေ ပိုများပြီး Evangelion Movie 3ကတော့ TV Seriesရဲ့ ဇာတ်သိမ်းနားလောက် ရောက်နေပြီဖြစ်လို့ Angelတွေနှင့် တိုက်ပွဲထက် ဇာတ်လမ်းပိုင်းနှင့် Eva Unit အချင်းချင်းရဲ့ တိုက်ပွဲတွေကို ပိုအသားပေးထားတာ တွေ့ရပါတယ်။
Evangelion Movie 2 အပြီးမှာ Eva Unit 01 Pilot ဖြစ်တဲ့ Shinjiဟာ Tenth Angel Zeruelနှင့် တိုက်ခိုက်ပြီးနောက် ၁၄ နှစ်ကြာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှင့်မျောနေပုံနှင့် ဇာတ်လမ်း စတင်ထားပါတယ်။ Unit 02 Pilot ဖြစ်သူ Asukaနှင့် Unit 05 ဖြစ်သူ Mariတို့ Shinjiကို ကယ်ဆယ်ပြီးနောက်မှာတော့ Eva Unitတွေနှင့် Sync ပြုလုပ်ထားတဲ့ Pilotတွေက လွဲပြီး ကျန်ရှိတဲ့ ဇာတ်ကောင်များအားလုံး ပုံမှန်အတိုင်း အသက် ကြီးနေကြတာကို တွေ့ရမှာပါ။ Angelတွေကို နှိမ်နှင်းဖို့ ဖွဲ့စည်းထားတဲ့ NERV အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Misatoဟာ ခုဆိုရင် NERVနှင့် သူတို့ရဲ့ Eva Unitတွေကို နှိမ်နှင်းမည့် အဖွဲ့သစ် WILLEရဲ့ ခေါင်းဆောင် ဖြစ်နေပါပြီ။ Shinji အနေနှင့် သူ၏ ဖခင် ဦးဆောင်တဲ့ NERV Headquarterကို ပြန်လည် ရောက်ရှိပြီး နောက်မှာတော့ WILLEမှ Eva Unitများနှင့် ပြန်လည် တိုက်ခိုက်ရပါတယ်။ TV Seriesမှာ ပါဝင်ရတဲ့ အချိန် Screen Time နည်းပေမယ့် လူစိတ်ဝင်စားမှု အများဆုံး Eva Pilot တစ်ယောက်ဖြစ်တဲ့ Kowaruကို Movie 3မှာ အရင်ကထက် ပိုမြင်တွေ့ရမှာပါ။
Evangelion Movie 3မှာ ရုပ်ရှင်ကြည့် ပရိသတ်တွေက Shinji နေရာက ဝင်ရောက် ကြည့်နေရသလိုဖြစ်ပြီး ၁၄နှစ်အတွင်း ပြောင်းလဲသွားတဲ့ အဖြစ်အပျက်များ ကြားမှာ မျက်စိလည်နေမှာပါ။ Movie 4မှာတော့ အဖြစ်အပျက်တွေကို ပြန်လည် ရှင်းပြမယ်လို့ မျှော်လင့်ရပြီး Movie 3ဟာ ပထမ ရုပ်ရှင်နှစ်ကားကလို ပျော်စရာအခန်းတွေ၊ Fan Serviceတွေ ပါဝင်ခြင်းမရှိဘဲ Evangelion Seriesရဲ့ ဇာတ်သိမ်းပုံစံအတိုင်း ကြည့်ရှုသူကို စဉ်းစားစရာ အချက်တွေ အပျံစား ရေးဆွဲထားတဲ့ Actionခန်းတွေ၊ အဆင့်မြင့် Character Designနှင့် Art Design ပိုင်းတွေ ပါဝင်တဲ့ ရုပ်ရှင် ဇာတ်ကားကောင်း တစ်ခု ဖြစ်ပါတယ်။ Rebuild of Evangelion ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ အဆုံးသတ်ဖြစ်တဲ့ Evangelion Movie 4ကိုတော့ 2014 အတွင်း ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *