News

အနာဂတ် Samsung ဖုန်းများတွင် Tizen စနစ်ကိုသာ အသုံးပြုသွားမည်ဟု သိရ

Samsung-Phone-Tizen

Tizenဆိုသည်မှာ Smartphoneနှင့် Tablets, TVတွင် အဓိက အသုံးပြုသည်။ အဓိက အစိတ်အပိုင်းဖြစ်သော Softwareမှာ Linux Kernelနှင့် Webkit Suntimeတို့ဖြစ်သည်။ Intelနှင့် Samsungကုမ္ပဏီများ ပေါင်းပြီး Linux Foundationကို အခြေခံကာ ဖန်တီးထားသည်။ Tizenတွင် Java Scrip Libraryကို အခြေခံသော jQueryနှင့် jQuery Mobileတို့ ပါဝင်ပြီး အသုံးပြုသူများကို Software Development Kit (SDK)မှတစ်ဆင့် HTML 5ကို သုံးစွဲနိုင်မည် ဖြစ်သည်။ Android စက်လည်ပတ်မှု စနစ်သုံး မိုဘိုင်း ပစ္စည်းများဖြင့် ဈေးကွက်အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့သော Samsung အနေဖြင့် ၎င်းတို့၏ အနာဂတ် မိုဘိုင်း ထုတ်ကုန်များတွင် Androidထက် Tizen စက်လည်ပတ်မှုကိုသာ အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Android စက်လည်ပတ်မှုကဲ့သို့ Linux အခြေပြု Open Source ပလတ်ဖောင်းဖြစ်သည့် Tizenသည် အချိန် အတိုင်းအတာများစွာ ရင်းနှီးခဲ့ရသော စက်လည်ပတ်မှု စနစ် တစ်ခုဖြစ်ပြီး ငွေအရင်းအနှီးများစွာလည်း မြှုပ်နှံခဲ့ရသည်။ Samsung အနေဖြင့် Android နေရာတွင် Bada စက်လည်ပတ်မှုကို အနည်းငယ် အစားထိုးကာ ထုတ်လုပ်ခဲ့ဖူးသော်လည်း Tizen Projectအား ဖန်တီးပြီးချိန်မှ စတင်ကာ Badaကို လက်လွတ်ခဲ့သည်။ မိုဘိုင်းပစ္စည်းများ ဖြစ်သည့် တက်ဘလက်များတွင် Windows 8 စက်လည်ပတ်မှုနှင့် စမတ်ဖုန်းများတွင် Windows 8 Phone စက်လည်ပတ်မှုများကို နည်းပညာကုမ္ပဏီ အများစု၏ မိုဘိုင်းပစ္စည်း အမျိုးအစားသစ်များအတွက် အသုံးပြုနေကြရာ Samsung အနေဖြင့် ယင်းစက်လည်ပတ်မှု စနစ်များအား စိတ်ဝင်စားမှု ရှိသော်လည်း Tizenကိုသာ ပိုမိုကောင်းမွန်ရန် အာရုံစိုက်နေကြသည်။

Samsung၏ အကြီးအကဲ ဖြစ်သူ ဂျေကေရှင်းကတော့ “Windows စက်လည်ပတ်မှုတွေကို အသုံးပြုထားတ့ဲ မိုဘိုင်းပစ္စည်းတွေက ထုတ်လုပ်သူ များပေမယ့် ဈေးကွက် အခြေအနေအရ Androidလောက် မကောင်းပါဘူး။ ဒါကြောင့် Android ထက်ပိုပြီး ပြည့်စုံမှုရှိသလို Windows ပလတ်ဖောင်းထက်လည်း ပိုပြီး လူကြိုက်များနိုင်တဲ့ Tizenကို အဓိက ရွေးချယ်ဖို့ စိတ်ကူးခဲ့ရတာပါဟု ပြောကြားခဲ့သည်။ Tizen စက်လည်ပတ်မှု အခြေပြု စမတ်ဖုန်းများကို လာမည့် စက်တင်ဘာတွင် အကောင်းဆုံး နည်းပညာ ဖန်တီးမှုများဖြင့် ထုတ်လုပ် မိတ်ဆက်သွားမည်ဟုလည်း ပြောကြားထားပြီး ဟာ့ဒ်ဝဲပိုင်း၌ အရည်အသွေး အကောင်းဆုံးဖြစ်ရန် စီစဉ်သွားမည် ဖြစ်သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *