Mobile

စိတ်ကြိုက် ချိန်ညှိနိုင်မယ့် Screen ဒီဇိုင်းနဲ့ Dell XPS 12 Ultrabook

Dell-XPS-12-Ultrabook

Body

Aluminium ကိုယ်ထည်ကို အခြေခံပြီး Gorilla Glassနဲ့ ဘောင်ခတ်ထားတဲ့အပြင် Carbon Fiberတွေနဲ့ မွမ်းမံထားလို့ ကိုယ်ထည်ပိုင်း ကြံ့ခိုင်မှုကတော့ ပြောစရာ မလိုတော့ပါဘူး။ ဒါပေမယ့် Screen Positionကို ပြောင်းလဲနိုင်အောင် လုပ်ထားတာမို့ အကြိမ်များများ Adjust လုပ်မိလာရင် ပြဿနာ နည်းနည်းတော့ ရှိလာ နိုင်ပါတယ်။

Operating System

CPUက 3rd Gen Intel Core i5/i7ကို တပ်ဆင် အသုံးပြုထားပြီး Processor မြန်နှုန်းက 1.7 GHzရှိမှာ ဖြစ်ပါတယ်။ RAMက 4 GB(onward) ဖြစ်ပြီး Storageက SSDကို 256GBအထိ မြှင့်တင် သုံးစွဲနိုင်ပါလိမ့်မယ်။ Touchရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို သုံးစွဲနိုင်မှာဖြစ်ပြီး Window 8ကို အသုံးပြုထားတာကြောင့် Data Processing မြန်ဆန်မှုမှာ အကောင်းဆုံး ဖြစ်ပါတယ်။ Graphic Cardက Intel HD အမျိုးအစားဖြစ်ပြီး စွမ်းဆောင်ရည်က 4000 ရှိပါတယ်။

Display

Screen Sizeက ၁၂.၅ လက်မရှိမှာ ဖြစ်ပြီး Full HDအဖြစ် ပြသပေးမှာပါ။ Resolutionက 1920×1080 Pixels ရှိမှာဖြစ်လို့ Imageတွေရဲ့ ကြည်လင် ပြတ်သားမှုကတော့ ထိပ်တန်းအဆင့်ကို မြင်တွေ့ရမှာပါ။ Ultrabookရဲ့ အကျယ်က ၁၂.၄၈ × ၈.၄၆ လက်မရှိမှာ ဖြစ်ပြီး အထူကတော့ Systemက ၀.၇၉ လက်မနဲ့ Displayအပိုင်းက ၀.၅၉လက်မသာ ရှိပါလိမ့်မယ်။

General Feature

Hard Driveက 128 GB ပါရှိပါတယ်။ Memory စုစုပေါင်း 4 GBပါရှိမှာ ဖြစ်ပြီး 1600 MHzအထိ မြန်ဆန်မှာပါ။ Cameraအနေနဲ့ Webcam ပါရှိမှာဖြစ်ပြီး ကြည်လင် ပြတ်သားမှုက 1.3 MegaPixel ရှိပါတယ်။ Speaker အပိုင်းကိုတော့ Realtek ALC3260 အမျိုးအစားကို တပ်ဆင်ထားပြီး 2 Watt စွမ်းရည် ရှိတဲ့ အသံတွေကို ထုတ်ပေးနိုင်မှာပါ။ အလေးချိန် စုစုပေါင်းက Coverတွေ တစ်ခုမှ မပါ၀င်ဘဲ ၃.၃၅ ပေါင်ပဲ ရှိမှာဖြစ်လို့ သယ်ယူရ လွယ်ကူစေမယ့် အပြင် Classတွေထဲမှာပါ သုံးစွဲရ အဆင်ပြေပါလိမ့်မယ်။

Connection

Connectionများအနေနဲ့ Bluetooth 3.0 အပါအ၀င် Intel Smart Connectနဲ့ Intel Wireless Display (WiDi) 3.0တွေကို သုံးစွဲနိုင်ပါလိမ့်မယ်။ Port အပိုင်းမှာတော့ USB 3.0 Port တစ်ခု၊ Power Shareနဲ့ Window Debuggingတွေ ဆောင်ရွက်နိုင်မယ့် USB 3.0 Port တစ်ခု၊ 20 Pin Mini Display Port တစ်ခုနဲ့ Microphone/ Headphoneတွေအတွက် Combo Port တစ်ခုတို့ ပါ၀င်ပါလိမ့်မယ်။

Battery

Battery Typeက 47WHr ထုတ်ပေးနို်င်မယ့် Li-ion အမျိုးအစား 6 Cell Lithium Ion Batteryကို Built-in အဖြစ် ထည့်သွင်း ပေးထားပါတယ်။

ထူးခြားမှုနှင့် သုံးသပ်ချက်

ထူးခြားတာတစ်ခုက Display မျက်နှာပြင်ကို လိုအပ်သလို ချိန်ညှိနိုင်အောင် Adjust လုပ်လို့ရတာ ဖြစ်ပါတယ်။ Keyboard အမျိုးအစားကိုတော့ Backlit Chiclet သုံးထားပါတယ်။ ဒါ့အပြင် Screen စိုစွတ်မှုကို ပိုမို ခံနိုင်ရည်ရှိမယ့် အပေါ်ယံလွှာကိုပါ ထည့်သွင်း ပေးထားတာမို့ ပုံမှန် မျက်နှာပြင်တွေ ထက်တော့ ရေစိုခံနိုင်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀၀ဖြစ်ပြီး အိနိ္ဒယ ဈေးကွက်ကိုတော့ ရူပီး ၆၆,၀၀၀နဲ့ ဖြန့်ချိခဲ့ပါတယ်။ ဒါကြောင့် ဒေါ်လာ ၁၂၀၀ဆိုတဲ့ ဈေးနှုန်းဟာ Ultrabook တစ်ခုအတွက်တော့ ဈေးကြီးတယ်လို့ မဆိုနိုင်တဲ့အပြင် စွမ်းဆောင်ပေးနိုင်မယ့် အားသာချက်တွေကတော့ လူတိုင်းရဲ့ အိပ်မက်တွေကို အကောင်းဆုံး ဆွဲဆောင်နေပါလိမ့်မယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *