News

TMW Enterprise မှ LG နှင့် Google တို့ ပူးပေါင်းထုတ်လုပ်ထားသော Nexus 4 ကို မြန်မာနိုင်ငံတွင် မိတ်ဆက်ပြသပြီး ဖြန့်ဖြူးရောင်းချမည်

LG-google

ရန်ကုန်မြို့ မတ်လ (၁)ရက်နေ့တွင် LGနှင့် Googleတို့ ပူးပေါင်း ထုတ်လုပ်လိုက်သည့် နောက်ဆုံးပေါ် Smart Phone ဖြစ်သည့် Nexus 4ကို မြန်မာနိုင်ငံတွင် ပထမဆုံးသော Jelly Bean Plus (Version 4.2) အသုံးပြုသည့် တစ်ခုတည်းသော ဖုန်းအမျိုးအစား အဖြစ် တရားဝင် တင်သွင်းမည် ဖြစ်ပြီး ၂၀၁၃ခုနှစ်၊ မတ်လ (၉)ရက်နေ့မှ စတင်ပြီး ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း LGအမှတ်တံဆိပ် Productများကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ရောင်းချခွင့် ရရှိထားသော TMW Enterprise Limitedမှ ၂၀၁၃ခုနှစ်၊ မတ်လ (၁)ရက်နေ့ Traders Hotelတွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ကြေညာထားကြောင်း သိရသည်။

Nexus 4ကို နိုင်ငံတကာမှာ Shortage ဖြစ်နေတဲ့ကြားကနေပြီး မြန်မာနိုင်ငံမှာ Officially Launch လုပ်တဲ့ တစ်ခုတည်းသော Android Version 4.2 (Jelly Bean Plus) အသုံးပြုထားတဲ့ Smat Phone အဖြစ် ဒီနိုင်ငံမှာ ရှိတဲ့ Smart Phone Userများနဲ့ LG Customerများ လက်ထဲကို ပို့ဆောင်ပေးချင်လို့ တင်သွင်းထားကြောင်းသိရသည်။ Google Playတွင် Online Salesဖြင့် စတင်ရောင်းချချိန်မှ စပြီး အနောက်နိုင်ငံများတွင် ဝယ်လိုအား အဆမတန် များပြားလာပြီး UK, America, Spainနဲ့ Australia အပါအဝင် နိုင်ငံအတော်များများမှာ ရောင်းချပြီး နာရီပိုင်းအတွင်း ပစ္စည်းရောင်းကုန်သွားပါသဖြင့် ပစ္စည်းပြတ်လပ်မှုများ ရှိနေသည့်ကြားမှပင် TMW Enterprise Limitedမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ Nexus 4တွင် သင့်ပတ်ဝန်းကျင် ကမ္ဘာရှိအလှအပများကို အသေးစိတ် ပုံဖော်မှတ်တမ်းတင်ပေးနိုင်မည့် နည်းပညာမြင့် 8 Megapixel Cameraပါဝင်ပြီး၊ 320PPi ရှိ ၄.၇လက်မ True HD IPS Plus Displayကလည်း စာလုံး (Text)များကို ပြတ်သားစေလို Still Pictureများ၊ ဗီဒီယိုများနဲ့ ဂိမ်းများမှ ရုပ်ပုံများကိုပါ ကြည်လင်ပြတ်သားပြီး သဘာဝကျကျ စိုပြည်တောက်ပအောင်ဖော်ပြပေးနိုင်ပြီး အားလုံးကိုသက်ဝင်လှုပ်ရှားနေသလို မြင်တွေ့ခံစားနိုင်စေရန် ဖန်တီးပေးထားပါသည်။

အစင်းအခြစ်ရာများမထင်နိုင်အောင်လည်း Corning Gorilla Glass 2 ကိုအသုံးပြုထားပြီးသုံးစွဲရာတွင် လျင်မြန်မှုနှင့်စွမ်းဆောင်မှုအပိုင်း တွင်ကောင်းမွန်စေရန်အတွက် Qualcomm Snapdragon S4 Processor ပါဝင်သည်။2GB ပမာဏရှိသော RAMဖြင့်ပေါင်းစပ်အားဖြည့်ထားသဖြင့်လည်း လိုတာထက်ပိုသော စွမ်းဆောင်ရည်ကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။Nexus 4များကို TMW Enterprise Limitedမှ အာမခံ (၁)နှစ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုပါက ၄၃၉,၀၀၀ကျပ်ဖြင့် ဖေဖော်ဝါရီ (၂၃)ရက်မှ မတ်လ (၈)ရက်နေ့အထိ LG၏ Official facebook page ဖြစ်သော www.facebook.com/LGmobilemyanmarတွင် ကြိုတင်မှာယူ (Pre-Order) ပြုလုပ်နိုင်ပြီး မတ်လ (၉)ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ LG Showroomများ၊ Wai Yan Electronics Showroomများအပြင် ဖုန်းဆိုင်များတွင်လည်း TMW Enterprise Limitedမှ ဖြန့်ဖြူးသော ပစ္စည်းအစစ်အမှန်များကို မေးမြန်းဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *