Cameras

Nikon D600

Nikon-d600

Nikon D600ဟာ အလေးချိန် ပေါ့ပါးပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ ကင်မရာ တစ်လုံးဖြစ်ပါတယ်။ Nikon FX-Format CMOS Sensorကို သုံးထားပြီး 24.3 Megapixel ရှိလို့ ရုပ်ထွက်ကောင်းမွန်တဲ့ ထိပ်တန်း ကင်မရာ တစ်လုံးပဲ ဖြစ်ပါတယ်။ 21 Full HD ဗီဒီယိုတွေကို 1080Pအထိ မှတ်တမ်းတင် ရိုက်ကူးနိုင်မှာ ဖြစ်ပြီး 5.5 FPSအထိ ရိုက်ကူးနိုင်လို့ ဓာတ်ပုံတွေကို တစ်ပုံပြီး တစ်ပုံ လျင်မြန်စွာ ဆက်တိုက် ရိုက်ဖို့ ကောင်းမွန်တဲ့ ကင်မရာ တစ်လုံးပဲ ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ကူးတဲ့နေရာမှာ ၂၉မိနစ်လောက် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပြီး Noise Reduction ပါဝင်လို့ ဆူညံသံတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ISO Sensitivity Rangeအနေနဲ့ ISO 100ကနေ 6400အထိ ရရှိနိုင်ပြီး အလေးချိန်အနေနဲ့ 760gပဲ ရှိပါတယ်။

ကင်မရာ ကိုယ်ထည်ရဲ့ ထောင့်တွေမှာ မက်ဂနီစီယမ် အလွိုင်းတွေ ထည့်သွင်းထားလို့ ပေါ့ပါးရုံသာမက ကြာရှည် ခိုင်ခန့်မည့် ကင်မရာ တစ်လုံးပဲ ဖြစ်ပါတယ်။ Weather-Resistant, Dust-Preventionစတဲ့ စွမ်းဆောင်ရည်တွေလည်း ပါဝင်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်သွားလို့ရပြီး ရုပ်ထွက်ကောင်းမွန်တဲ့ ကင်မရာ တစ်လုံး ဖြစ်တဲ့အပြင် အကြမ်းခံပြီး ကြာရှည် အသုံးပြုလို့ ရမှာပါ။ Memory Card နှစ်ခုစိုက်လို့ ရမှာဖြစ်ပြီး HDMI Portနဲ့ တီဗီကို ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို Playback ပြန်ကြည့်လို့ ရတဲ့အပြင် အဲဒီအချိန်မှာ တီဗီ Remoteနဲ့ ထိန်းချုပ်လို့ ရပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ USD 2000ခန့်လို့ သိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *