Google က သူ့ ရဲ့ မျက်မှန် ကွန်ပြူတာဖြစ်တဲ့ Google Glass ကို တိုးတက်ကောင်းမွန်အောင်အမြဲပြုလုပ်နေပြီး အခုတစ်ခါမှာတော့ အိမ်၊ရုံး အစရှိတဲ့နေရာတွေကို လမ်းညွှန်ပေးနိုင်တဲ့ Feature ကို Google Glass မှာထပ်မံထည့်သွင်းလိုက်ပါတယ်။
“Okay Glass, Google……” လို့ အသံနဲ့ အမိန့်ပေးခိုင်းစေရမှာဖြစ်ပြီး သက်ဆိုင်ရာ Command တွေကို ဆက်လက် ပြောဆိုခိုင်းစေရမှာပါ။Google က Command တွေကို အမြဲ ဖြည့်စွက်နေတာဖြစ်လို့ Command အပြည့်အစုံကိုတော့ ဖော်ပြလို့မရနိင်သေးပါဘူး။ သင့်ရဲ့ လုပ်စရာအလုပ်တွေကို မှတ်သားထားတဲ့ ပြက္ခဒိန် ကို Glass ကသိရှိပြီး အစီရင်ခံစာကိုပြောပြပေးနိုင်တဲ့ Feature တစ်ခုလည်း အသစ်ထပ်မံဖြည့်စွက်လိုက်ပါတယ်။
အိမ် ကနေ ရုံးကို လမ်းညွှန်ပြဖို့ ၊ ရုံးကနေအိမ်ကို လမ်းညွှန်ပြဖို့ စသဖြင့် Google Glass ကို ခိုင်းစေနိုင်ပြီဖြစ်ပါတယ်။ အဲဒီ Feature ဟာ တောင်းဆိုမှုများပြားတဲ့အတွက် ဖြည့်စွက်ပေးရတာဖြစ်တယ်လို့ Google ကပြောပါတယ်။ လမ်းညွှန်ချက်ကို ရရှိဖို့ “Okay Glass, get directiions to home” , “Get directions to work” လို့ အသံနဲ့အမိန့်ပေးခိုင်းစေနိုင်ပါတယ်။