Featured, Gadgets, Review

Samsungက Google Glassကို ယှဉ်ပြိုင်မယ့် စမတ်မျက်မှန်ကို စက်တင်ဘာလတွင် ရောင်းချမည်

Samsungက Google Glassကို ယှဉ်ပြိုင်မယ့် စမတ်မျက်မှန်ကို စက်တင်ဘာလတွင် ရောင်းချမည်

Samsungက Google Glassလို အင်တာနက် ချိတ်ဆက်နိုင်တဲ့ စမတ်မျက်မှန်ကို စက်တင်ဘာလမှာ ရောင်းချမယ်လို့ သတင်းရရှိပါတယ်။ Samsungရဲ့ စမတ်မျက်မှန်မှာ မကြာမီက ရောင်းချခဲ့တဲ့ Gear စမတ်နာရီများမှာလိုပဲ Tizen Operating Systemကို အသုံးပြုထားမှာ ဖြစ်ပြီး ဘာလင် IFA နည်းပညာပြပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

Googleက Google Glassကို အမေရိကန်မှာ အကန့်အသတ်နဲ့ ရောင်းချပေးနေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်ရှိ လူတိုင်းကို ရောင်းချပေးလိုက်ပါပြီ။ Samsungက စက်တင်ဘာလမှာ ရောင်းချမယ့် စမတ်မျက်မှန်ဟာ Google Glassကို ယှဉ်နိုင်လောက်တဲ့ စွမ်းဆောင်ရည်ရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချနိုင်မယ်ဆိုရင်တော့ Samsungဟာ Googleကို နောက်ကောက်ချနိုင်မှာ ဖြစ်ပါတယ်။

SamMobile၀က်ဆိုက်ရဲ့ အဆိုအရ Business Koreaဟာ စမတ်မျက်မှန်နဲ့ ပတ်သက်တဲ့အစီစဉ်များကို ဆွေးနွေးခဲ့တဲ့ Samsungနဲ့ နီးစပ်သူတစ်ယောက်ရဲ့ နာမည်ကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။ Samsungရဲ့ စမတ်မျက်မှန်ကို Gear Glassလို့ အမည်ပေးမယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပေမယ့် တရားဝင် ရောင်းချချိန်မှာ Gear Glassအမည်နဲ့ပဲ ပွဲထွက်လာမလားဆိုတာ မသေချာသေးပါဘူး။

၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ မှတ်ပုံတင်ထားခဲ့တဲ့ Patentအရ Samsungဟာ Google Glassလို စွမ်းဆောင်ရည်ရှိတဲ့ စမတ်မျက်မှန်ကို တီထွင်နေတယ်ဆိုတာ သိသာပါတယ်။ စမတ်မျက်မှန်မှာ Gear 2, Gear 2 Neo စမတ်နာရီများမှာ အသုံးပြုထားတဲ့ Tizenကို အသုံးပြုမယ်ဆိုတာလည်း ဖြစ်နိုင်ခြေရှိတဲ့ သတင်းဖြစ်ပါတယ်။

IFA Trade Showမှာ စမတ်မျက်မှန်ကို ပြသမယ်လို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ Samsungက ပထမမျိုးဆက် Galaxy Gear စမတ်နာရီကို IFA 2013 ပွဲမှာ ပြသခဲ့လို့ဖြစ်ပါတယ်။ စက်တင်ဘာလ ငါးရက်နေ့မှာ IFAပွဲကို ကျင်းပလေ့ ရှိပါတယ်။

Samsungရဲ့ စမတ်မျက်မှန်ရောင်းချတော့မယ်ဆိုတဲ့ သတင်းဟာ စမတ်မျက်မှန်ဈေးကွက်ကို ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်လာစေမှာ ဖြစ်ပါတယ်။ Googleက Google Glass Beta Versionကို ဒေါ်လာ ၁၅၀၀ နဲ့ အမေရိကန်တစ်နိုင်ငံလုံးမှာ ရောင်းချပေးနေပါပြီ။ Vuzix, Epsonတို့ကလည်း စမတ်မျက်မှန်များကို ရောင်းချပေးနေပါပြီ။ Apple, Microsoftတို့ကလည်း စမတ်မျက်မှန်များကို တီထွင်နေတယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *