News

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် တိုးတက်ဖံွ့ဖြိုးရေးအတွက် ဈေးပြိုင်တင်ဒါခေါ်ယူ

m-p-t

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ယခုလက်ရှိ အသုံးပြုလျက်ရှိသော GSM, UMTS မိုဘိုင်း ဆက်သွယ်ရေးကွန်ရက်တိုးတက်ဖွံ့ဖြိုးရေး (Line Expansion and Swap) လုပ်ငန်းအတွက် လုပ်ငန်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများထံ မှ ဈေးပြိုင် တင်ဒါများကို ခေါ်ယူလျက် ရှိကြောင်း သိရသည်။

တင်ဒါတင်သွင်း လိုသည့် အဖွဲ့အစည်းများအနေဖြင့် လိုအပ်သည့်အသေးစိတ်အချက်အလက်များ နှင့် တင်ဒါပုံစံများကို ရုံးအမှတ်(၂)ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော်တွင် နေပြည်တော်တွင် ပုံစံ တစ်စောင်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် ၂၀၁၃ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ် မေလ ၆ရက်နေ့ ညနေ ၄နာရီခွဲ မတိုင်မီ နောက်ဆုံးထား တင်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။ဈေးပြိုင် တင်ဒါ တင်သွင်းမှု စည်းမျဉ်းများအတိုင်း လူကိုယ်တိုင် လာရောက် တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်း ဆက်သွယ်ရေးကွန်ရက် တိုးတက်ဖံွ့ဖြိုးရေး စီမံကိန်းအတွက် ကုန်ကျစရိတ် များကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကျခံမည် ဖြစ်ကြောင်း သိရသည်။ ဈေးပြိုင်တင်ဒါများကို ၂၀၁၃ ခုနှစ် မေလ ၂၀ရက်နေ့ နံနက် ၁၀ နာရီတွင် ဖွင့်ဖောက် စစ်ဆေးမည်ဖြစ်ပြီး တင်ဒါ တင်သွင်းသူများ အနေဖြင့် အဆိုပါနေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ တက်ရောက်ရန် လိုအပ်ကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *