News

Google Glass ဖြင့် တိရစ္ဆာန်ရုံသို့ အလည်အပတ် သွားခြင်း

Google Glass က ထူးခြားဆန်းကြယ်တဲ့ အတွေ့အကြုံများစွာ ကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီထဲက တစ်ခုက ဟူစတန် ရှိ ကလေးဆေးရုံ က ဖျားနာနေတဲ့ ကလေးငယ်တွေဟာ Google Glass ကို ၀တ်ဆင်ပြီး တိရစ္ဆာန်ရုံ ကို အလည်အပတ် သွားရောက်နိုင်တာဖြစ်ပါတယ်။

ဟူစတန် ရှိ Children’s Memorial Hermann Hospital က ဆေးရုံ မှ ထွက်ခွာနိုင်ခြင်းမရှိတဲ့ ကလေးငယ်တွေ ကို Google Glass ရဲ့ အကူအညီ နဲ့ Houston Zoo ကို လည်ပတ်နိုင်တဲ့ အစီအစဉ် ကို ပြုလုပ်ပေးလိုက်ပါတယ်။

အဲဒီအစီအစဉ် ဟာ အမေရိကန် မှာ ပထမဆုံး ဖြစ်ပါတယ်။ ဆေးရုံ က ကလေးငယ် နဲ့ တိရစ္ဆာန်ရုံ ရှိ ၀န်ထမ်း တို့ ဟာ Google Glass ၀တ်ဆင်ထားကြပါတယ်။ တိရစ္ဆာန်ရုံ ၀န်ထမ်း ၀တ်ဆင်ထားတဲ့ Google Glass ကနေ တိရစ္ဆာန်တွေ ကို ဗီဒီယို ရိုက်ကူးပေးပြီး ကလေးငယ်ရဲ့ Google Glass ဆီသို့ တိုက်ရိုက် ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ တိရစ္ဆာန်ရုံ ကို လည်ပတ်ခွင့်ရသလို ၀န်ထမ်းတွေ ရဲ့ အကူအညီ နဲ့ တိရစ္ဆာန်တွေကို အနီးကပ် မြင်တွေ့ခွင့်ရပါတယ်။

ကျွန်မ ရဲ့ ဖျားနာနေတဲ့ ကလေး ဟာ ကျန်းမာတဲ့ ကလေး တစ်ယောက်လို တိရစ္ဆာန်ရုံ ကို လည်ပတ်ခွင့်ရခဲ့ပါတယ် လို့ နေမကောင်းဖြစ်နေတဲ့ ခြောက်နှစ်အရွယ် ကလေးငယ် ရဲ့ မိခင် က ပြောပါတယ်။ အဲဒီကလေး ဟာ အစီအစဉ် မှာ ပါ၀င်ခွင့်ရတဲ့ ပထမဆုံး ကလေးငယ်ဖြစ်ပါတယ်။

ကလေးဆေးရုံ ဟာ Houston Zoo ရဲ့ လမ်းတစ်ဖက် မှာ တည်ရှိပါတယ်။ လူမမာ ကလေးငယ်တွေကို Google Glass အသုံးပြုပြီး ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဆေးရုံ က ပြောပါတယ်။

Houston Zoo က Google Glass Explorer Program ကို ပြီးခဲ့တဲ့ နွေရာသီ က ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

ကလေးငယ်တွေက Google Glass နဲ့ တိရစ္ဆာန်ရုံ ကို အလည်အပတ် သွားရောက်တဲ့ ဗီဒီယို ကို အောက်က လင့် မှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *