News

အင်တာနက် မီဒီယာများ ကို တီဗီ မှာ ကြည့်နိုင်တဲ့ Roku Streaming Stick ကို ရောင်းပြီ

Google က အင်တာနက် မီဒီယာများ ကို တီဗီမှာ ကြည့်နိုင်တဲ့ Chromecast ကို အမေရိကန် ပြင်ပရှိ နိုင်ငံများမှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ Chromecast ရဲ့ ပြိုင်ဖက် Roku က လည်း သူ့ရဲ့ Streaming Stick ကို Roku.com, Amazon.com, BestBuy.com , Target.com, Walmart.com ၀က်ဆိုက်များမှ စတင်ရောင်းချပေးလိုက်ပါတယ်။ Streaming Stick ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်ပြီး အင်တာနက် မီဒီယာများ ကို တီဗီ မှာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

၀က်ဆိုက်များ မှ ကြိုတင်မှာယူနိုင်ပြီး ဧပြီလ အစောပိုင်းမှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ စတင် ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ Roku က Streaming Stick ကို ဥရောပ မှာ နောက်လထဲမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။

Roku Streaming Stick ကို ဒေါ်လာ ၄၉.၉၉ (စတာလင်ပေါင် ၄၉.၉၉) ဖြင့်ရောင်းချပေးမှာ ဖြစ်ပါတယ်။ 1080p အရည်အသွေးရှိ ဗီဒီယို တွေကို ပြသပေးနိုင်ပါတယ်။ ရုပ်သံလိုင်းပေါင်း (၁၂၀၀) ကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Remote လည်းပါရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *