Facebook Check in Competition Ceremonyကို မတ်လ၊ ပထမအပတ်အတွင်း ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ၊ Edulink Centreမှာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားဟာ Edulink Centreကို လာရောက်လေ့လာတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ မိဘတွေကို Facebookကနေ Checkလုပ်ပြီး အများဆုံး လာရောက် လေ့လာသူများကို ကျပ်တစ်သိန်းဆု (၃)ဆုကို မဲဖောက် ပေးခဲ့သည်ဟု သိရပါသည်။ “ဒီလို မဲဖောက် ပေးရာမှာလည်း ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ အလယ်ကနေ ယခု ဖေဖော်ဝါရီလ အလယ် အထိ၊ Check in အများဆုံး လုပ်ထားတဲ့ သူတွေကို မဲဖောက် ပေးတာ ဖြစ်တယ်။ Edulink Centreမှာတော့ 4Skills, IELTS Business English, Report Writing, Custom Programsတွေကို သင်ကြားနိုင်ပြီး သြစတြေးလျမှာ ကျောင်းတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း Study Abroad, Student Visa Services, English Language Programsတွေကိုလည်း ဝန်ဆောင်မှု ပေးနေပါတယ်”ဟု အထက်ပါ Centreမှ တာဝန်ရှှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
Facebook Check in Competition Ceremony ကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီ

11
Mar