Cameras, Featured, Review

Fujifilmရဲ့ X-A2 Cameraမှာ Selfieအတွက် LCDနဲ့ လန်းစ်အသစ်ပါရှိလာ

Fujifilmရဲ့ X-A2 Cameraမှာ Selfieအတွက် LCDနဲ့ လန်းစ်အသစ်ပါရှိလာ

Fujifilmရဲ့ အောင်မြင်နေတဲ့ X Systems Camerasများကို ၀ယ်ယူချင်သူတွေအတွက်တော့ ဈေးနှုန်းက အရင်ကထက် သက်သာလာပါတယ်။ X-A2အမျိုးအစားကင်မရာတွေက ၂၀၁၃မှာ ထုတ်လုပ်ပြီး ဖူဂျီရဲ့ ဈေးအသက်သာဆုံး လန်းစ်ပြောင်းလဲနိုင်တဲ့ ကင်မရာ ဖြစ်တဲ့ X-A1ထက် Updatesတွေကို ယူဆောင်လာပါတယ်။ မပြောပလောက်ပမေယ့် ကြိုဆိုရမှာ ဖြစ်ပါတယ်။ သူ့မှာ အရင်ရောင်းချခဲ့တဲ့ နာမည်ကြီး X-Seriesကင်မရာတွေရဲ့ Retro Styleစွမ်းဆောင်ချက်နဲ့ ဆင်တူတာပါရှိပါတယ်။ ဒါပေမယ့် သူဟာ အသတပ် လန်းစ်ပါတဲ့ X100Tလိုတော့ မကျစ်လစ်ပါဘူး။ ဒါ့အပြင် X-T1လို Viewfinderလည်း မပါပါဘူး။ မ၀ယ်ယူခင်မှာ သူ့ရဲ့ ထိန်းချုပ်ခလုတ်တွေနဲ့ လန်းစ်တွေကို စမ်းသပ်ပြီးတာက အဆင်ပြေစေမှာ ဖြစ်ပါတယ်။

X-A2ရဲ့ အဓိက တိုးတက်မှုက ကိုယ်တိုင်ရိုက် ဓါတ်ပုံ Selfieများအတွက် နည်းမျိုးစုံနဲ့ ခေါက်ချိုးနိုင်တဲ့ LCD မျက်နှာပြင်ပါရှိတာ ဖြစ်ပါတယ်။ Autofocusကလည်း တိုးတက်လာပြီး အရောင်များကို ချိန်ညှိနိုင်တဲ့ စွမ်းဆောင်ချက် အသစ်ပါရှိလာပါတယ်။ ဖူဂျီရဲ့ လန်းစ် အမျိုးအစား အသစ်ဖြစ်ပြီး Optical Stabilizationနည်းပညာပါရှိတဲ့ 16-50mm F/3.5-5.6 zoom တပ်ဆင်ထားတာက စွယ်စုံ အသုံးပြုချင်သူတွေအတွက် ကောင်းမွန်ပါတယ်။ လန်းစ်ပါတဲ့ X-A2ကို ဖေဖော်ဝါရီလမှာ ဒေါ်လာ ၅၅၀ နဲ့ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *