News

တရုတ် အာဏာပိုင်များမှ Apple မှာ iPad နာမည်ကို ပိုင်ဆိုင်သူ မဟုတ်ဟုဆို

တရုတ်အာဏာပိုင်များမှ Apple အနေဖြင့် iPad ဟူသော အမှတ်တံဆိပ်ကို တရုတ်နိုင်ငံအတွင်း ပိုင်ဆိုင်ခြင်း မရှိကြောင်း ယခင်တစ်ပတ် အင်္ဂါနေ့တွင် ထုတ်ပြန် ကြော်ငြာသွားပါတယ်။
အဆိုပါ ကြော်ငြာချက်ကို တရုတ်နိုင်ငံ အစိုးရ စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်သော (SAIC) ၏ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Fu Shuangjian မှ Apple ၏ Proview နှင့် ကုန်အမှတ်တံဆိပ် တူညီနေခြင်းအပေါ် တရားရင်ဆိုင်နေရသည့် အခြေအနေအတွက် မှတ်ချက်ပေးခဲ့ရာမှ စတင်ခဲ့ပါတယ်။

အမေရိကန် နာမည်ကျော် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Apple မှာ တရုတ်နိုင်ငံ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဥပဒေများအရ iPad ဟူသော နာမည်ကို လက်လွှတ်ရဖွယ်ရှိနေပြီး လက်ရှိအချိန်တွင် ဥပဒေကြောင်းအရ Proview မှ တရုတ်နိုင်ငံတွင် iPad နာမည်ကို ပိုင်ဆိုင်သူ ဖြစ်နေပါတယ်။ တရုတ်နိုင်ငံတွင်း ဥပဒေများ ချမှတ်ရာတွင် ပါဝင်လေ့ရှိသော SAIC မှတော့ ယခုအချိန်တွင် iPad ၏ ပြဿနာကို အသေးစိတ်လေ့လာစုံစမ်းနေပြီး ၄င်းတို့မှ တရုတ်နိုင်ငံ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်းသာ လက်ခံသွားမည် ဖြစ်ကြောင်း ကြော်ငြာထားပါတယ်။သတင်းများ အရ Proview မှာ တရုတ်နိုင်ငံ အတွင်း iPad ဟူသော ကုန်အမှတ်တံဆိပ် နာမည်ကို ၂၀၀၉ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည့်အတွက် Apple ၏ iPad များအား တရုတ်နိုင်ငံတွင်း ရောင်းချနေမှုကို တားမြစ်စေလိုကြောင်း သိရပါတယ်။

Apple မှတော့ ယခုဖြစ်ရပ်များအတွက် တစ်စုံတစ်ရာ ပြန်လည် မှတ်ချက်ပေးခဲ့ခြင်း မျိုးမရှိသေးပဲ အကယ်၍ ၄င်းတို့သာ ဥပဒေကြောင်းအရ ရံှုးနိမ့်ခဲ့ပါက ကြီးလေသော လျော်ကြေးငွေကို ပေးဆောင် ရမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် iPad ဟူသော ကုန်အမှတ်တံဆိပ် အသုံးပြုမှုကလည်း ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *