၁။ Ooredooက အခုဆိုရင် ကန့်ကွက်တာတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါကို အဓိကပြိုင်ဘက် အော်ပရေတာတစ်ခုအနေနဲ့ ဘယ်လိုများပြောကြားပေးနိုင်မလဲ။ ဒီလိုကန့်ကွက်မှုတွေဟာ ပြိုင်ဆိုင်မှုတွေနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ။
တယ်လီနောမြန်မာအတွက် မိမိတို့နှင့် ယှဉ်ပြိုင်နေသူများကို လေးစားစွာဆက်ဆံရန်မှာ အရေးကြီးသော အချက်ဖြစ်ပါသည်။ စျေးကွက်ယှဉ်ပြိုင်မှုကြောင့် မြန်မာပြည်သူများသည် ပိုမိုများပြားသော ဝန်ဆောင်မှုများနှင့် အရောင်းမြှင့်တင်မှုများကို စျေးနှုန်းသင့်တင့်စွာဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တယ်လီနောသည် ယှဉ်ပြိုင်မှုကို အားပေးပါသည်။
၂။ Telenor နဲ့ပတ်သက်ပြီး သိချင်တာလေးတွေ ရှိပါသေးတယ်။ စက်တင်ဘာဆိုရင် ဆင်းမ်ကတ်တွေ စတင်ရောင်းချပြီဆိုတော့ လက်ရှိအချိန်ရဲ့ ပြင်ဆင်ပြီးစီးမှုကို သိချင်ပါတယ်။
ဝန်ဆောင်မှုပေးမည့် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန်အတွက် တယ်လီနောသည် အားသွန်ခွန်စိုက် ကြိုးစားလျက်ရှိပါတယ်။ တယ်လီနောမှ သတ်မှတ်ထားသည့် အရည်အသွေးမြင့် ဝန်ဆောင်မှုကို ပေးစွမ်းနိုင်တဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ပြီးစီးသည့် အချိန်တွင်ဝန်ဆောင်မှုများ စတင်သွားမည်ဖြစ်ပါတယ်။ ရည်မှန်းချက်မှာ ချောမွေ့ပြီးအရည်အသွေးမြင့်သည့် ကွန်ယက်နှင့် ဝန်ဆောင်မှုများကို ရရှိနိုင်ရန်ဖြစ်ပြီး ဝန်ဆောင်မှုပေးရန် သတ်မှတ်ထားသည့် အချိန်သည်လည်း လုံလောက်မည်ဟု ယုံကြည်ပါတယ်။
၃။ စတင်ရောင်းချတဲ့အခါ နိုင်ငံဧရိယာ ဘယ်လောက်ကို ရောင်းချပေးမှာလဲ။
ဝန်ဆောင်မှုစတင် ပေးသည့်အချိန်မှစ၍ ၅ နှစ်အတွင်း နိုင်ငံရှိလူဦးရေး ၉၀% ကို ကွန်ယက်ဖြန့်ကျက်မှု ပေးမည်ဖြစ်ပါသည်။ တာဝါတိုင်များ ပိုမိုဆောက်လုပ် ပြီးစီးသည့်အခါ ဝန်ဆောင်မှုစတင်သည့် မြို့များမှ ကွန်ယက်ကျယ်ပြန့်သွားမည် ဖြစ်ပါသည်။ ဝန်ဆောင်မှုစတင်မည့် အချိန်အတွက် ကိန်းဂဏန်းအတိအကျကို ယခုအချိန်တွင် မဖော်ပြနိုင်သေးပါ။
၄။ free central government SMS Channel အကြောင်း ၊ 200 Communication Centers အကြောင်း ပြည့်ပြည့်စုံစုံလေး သိချင်ပါတယ်။
လိုင်စင်လျှောက်ထားရာတွင် တယ်လီနောမြန်မာသည် မြန်မာအစိုးရအတွက် free central government SMS communication channelကို လိုအပ်လာသည့် အချိန်တွင်ထောက်ပံ့သွားမည်ဟု ကတိပြုခဲ့ပါသည်။ ကွန်ယက်နှင့် SMS တို့လုပ်ငန်းလည်ပတ်လာသည့် အချိန်တွင်အစိုးရနှင့် အခြားအရာရှိများမှ အရေးပေါ် သတင်းအချက်အလက်များနှင့် စာများကိုတယ်လီနော၏ ကွန်ယက်မှတစ်ဆင့် ပေးပို့ပေးမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို ယခုအချိန်တွင် မဖော်ပြနိုင်သေးပါ။ တယ်လီနောမှ နိုင်ငံအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနှင့် အတူ Community Information Centres များကိုလည်း ဗဟုသုတ တိုးပွားစေရန် တည်ဆောက်သွားမည် ဖြစ်ပါသည်။ CIC များသည် ဆက်သွယ်ရေးဖြင့် ရေရှည်တည်တံ့မှုရှိအောင် ထိန်းသိမ်းဆောင်ရွက်သွားပြီး ကျေးလက်ဒေသများတွင် ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်မှု တိုးတက်အောင် ဆောက်ရွက်သွားမည်ဖြစ်သည်။ တက္ကသိုလ်များအပါအဝင် ဒေသခံလုပ်ဖော် ကိုင်ဘက်များနှင့်လည်း မြန်မာနိုင်ငံတွင် ICT စွမ်းရည်မြှင့်တင်ရေးကို ပံ့ပိုးသွားမည်ဖြစ်သည်။ ယခုအချိန်တွင်မူ ထိုအစီအစဉ်များကို ပြင်ဆင်မှုပြီးဆုံးခါနီးပြီဖြစ်ပြီး အသေးစိတ် အချက်အလက်များရရခြင်း ကြေငြာသွားပါမည်။
၅။ လက်ရှိအချိန်တွင် တယ်လီနောမှ POS ဘယ်လောက်ရှိပါသလဲ။ မည်သည့်နေရာများတွင် ရှိပါသလဲ။ မည်ကဲ့သို့အကျိုးရှိနိုင်ပါလဲ။
ဝန်ဆောင်မှုစတင်သည့်အခါ ကွန်ရက်ချိတ်ဆက်မှု ရှိသည့်နေရာများတွင် points of sale ၂၅၀၀၀ ရှိရန် ရည်ရွယ်ထားပါသည်။ ဆက်လက်ဖြန့်ချိသည့် အလျောက် လက်လီဖြန့်ချိသူများမှ တစ်ဆင့် တစ်နိုင်ငံလုံးအနှံ့ ကွန်ရက်တည်ဆောက်ပြီး မြန်မာနိုင်ငံ၏ ဒေသတိုင်းတွင် စျေးကွက်ချဲ့ထွင်သွားပါမည်။ ထိုနိုင်ငံအနှံ့ ဖြန့်ချိရေးကွန်ရက်သည် ၅နှစ်အတွင်း ၁၀၀,၀၀၀ points of sale အထိ ကျယ်ပြန့်သွားမည်ဖြစ်ပါသည်။ သုံးစွဲသူများ လွယ်ကူစွာ၊ ကျယ်ပြန့်စွာ ရရှိနိုင်မှု သေချာစေရန် တယ်လီနော branded ဆိုင်များ၊ မိသားစုစတိုးဆိုင်များ၊ လုပ်ငန်းငယ်များ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုနှင့် ပစ်စည်းအရောင်းဆိုင်များ၊ နှင့်ပူးတွဲဆောင်ရွက် သွားမည်ဖြစ်ပါသည်။ တယ်လီနောသည် လုပ်ငန်းပူးပေါင်း ဆောင်ရွက်သူများအတွက် အကျိုးအမြတ်ရှိစေမည့် အစီအစဉ်များရှိသော်လည်း အသေးစိတ်များမှာမူ commercially sensitive ဖြစ်သောကြောင့် ယခုအချိန်တွင် ထုတ်ပြန်နိုင်ခြင်းမရှိသေးပါ။
၆။ ဆိုင်ပိုင်ရှင်များ နှင့် SIM ကဒ်ရောင်းချခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကိုပြောပြပါ။
တယ်လီနောသည် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်တိုင်းတွင် လက်လီဖြန့်ချိမည့်သူများ ထားရှိသွားပါမည်။ လက်ရှိမိုဘိုင်းဆိုင်များ၊ တယ်လီနော branded ဆိုင်များအပြင် အခြား points of sales များတွင်လည်း ရောင်းချသွားပါမည်။ တယ်လီနောတွင် ဝန်ဆောင်မှုနှင့် ပစ်စည်းဖြန့်ချိရေးအတွက် စည်းမျဉ်းစည်းကမ်းများရှိပြီး လုပ်ငန်းဖက်တစ်ဦး ဖြစ်လာရန် စိတ်ဝင်စားပါက တယ်လီနောနှင့် [email protected] တွင် ဆွေးနွေးနိုင်ပါတယ်။