News

Samsung ရဲ့ ခေါက်ဖုန်း အသစ် W2014

Samsung က နည်းပညာမြင့် ခေါက်ဖုန်း အသစ် ကို   ကြေညာလိုက်ပါတယ်။ W2014 လို့နာမည်ပေးထားပြီး  Samsung ရဲ့ ခေါက်ဖုန်းတွေထဲမှာတော့ အမြန်ဆုံး ဖုန်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ 2.3GHz quad-core Snapdragon 800 processor ကိုအသုံးပြုထားပြီး 2GB RAM, 32GB Internal Memory ပါရှိပါမယ်။ Micro SD Card Slot တစ်ခုလည်းပါရှိပါမယ်။ 13 Megapixel Camrea ကို အနောက် ဘက်မှာတပ်ဆင်ထားပြီး အရှေ့ ကင်မရာကတော့ 2 Megapixel ရှိပါတယ်။ Wifi 802.11 a/b/g/n/ac , Bluetooth 4.0, 1900mAh Battery တို့ပါရှိမှာဖြစ်ပြီး Android 4.3 Jelly Bean ကိုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ Galaxy Golden လို Dual Display ပါရှိမှာဖြစ်ပြီး 3.7 လက်မ 800×480 Resolution ပါရှိမှာဖြစ်ပြီး Super AMOLED ကိုအသုံးပြုထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “Samsung ရဲ့ ခေါက်ဖုန်း အသစ် W2014

  1. zinmim says:

    very good

Leave a Reply

Your email address will not be published. Required fields are marked *