News

Android 4.4 KitKat ရဲ့ Feature အသစ်များ

Google က Nexus 5 ကို ဒီနေ့စတင်ရောင်းချပေးလိုက် ပြီးနောက်ဆုံးထုတ် Android OS 4.4 KitKat ကို ထည့်သွင်းမောင်းနှင်အသုံးပြုခဲ့ပါတယ်။ မှတ်သားစရာကောင်းတဲ့တိုးတက်မှုတစ်ခုကတော့ Android ရဲ့ ပြဿနာ တစ်ခုဖြစ်တဲ့ Fragmentation ကို KitKat မှာ ပြုပြင်ပေးထားပါတယ်လို့ Google ကအာမခံထားပါတယ်။

KitKat ဟာ Android Phone အားလုံးမှာအဆင်ပြေစွားအသုံးပြုနိုင်မယ့် Android OS တစ်ခုဖြစ်လာမယ်လို့  Google ရဲ့ အရာရှိတစ်ယောက်ဖြစ်သူ Sundar Pichai ကပြောပါတယ်။ အရင် Android Version တွေထက် Memory အသုံးပြုမှုနည်းပါးအောင်ပြုလုပ်ထားပါတယ်။

Android ဖုန်းတိုင်းမှာ KitKat အသုံးပြုနိုင်မည်။

Google ရဲ့  ရည်ရွယ်ချက်က Android ဖုန်းတိုင်းမှာ KitKat ကိုအသုံးပြုစေချင်တာပါ။ Nexus Phones , Galaxy S4 တွေကို အရင်ဆုံး Update လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်တဲ့ Company တွေကိုလည်း ၂၀၁၄ ခုနှစ်ကစပြီး KitKat ကိုအသုံးပြုဖို့တွန်းအားပေးမှာပါ။

KitKat  ရဲ့  Memory အသုံးပြုမှုကို Jelly Bean ထက် 16% နည်းပါးအောင်ပြုလုပ်ထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း Pixel တွေကိုကောင်းမွန်စွာအသုံးချနိုင်မှုကို 12.9% တိုးတက်အောင်ပြုလုပ်ထားပါတယ်။

Interface and Features

KitKat မထွက်ခင်ကတည်းက သူ့ရဲ့  Feature တွေနဲ့ ပတ်သက်ပြီး ကောလဟာလတွေထွက်ရှိထားတာဖြစ်ပါတယ်။အခုတကယ်ထွက်ရှိတဲ့အခါမှာ အဲဒီ ခန့်မှန်းချက်တွေထဲက Feature တွေပါရှိလာသလို မသိသေးတဲ့ Feature အသစ်တွေလည်းပါရှိလာပါတယ်။

  • ဖုန်းခေါ်တဲ့ Dialer App ဟာ သင် ဆက်သွယ်မှု အများဆုံးသူတွေကို ဦးစားပေးပြီး Phone Book မှာပြထားပေးမှာဖြစ်ပါတယ်။ Google Map ကိုအသုံးပြုပြီးလည်း နေရာတွေ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ပတ်သက်တဲ့ ဖုန်းနံပါတ်တွေကိုလည်း Dialer App ထဲမှာ ပဲ ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်။
  • သင့် Phone Book ထဲမှာ မရှိတဲ့ သူတွေဆီက ဖုန်းတွေ၀င်လာရင် Google Apps တွေက အဲဒီ ဖုန်းနံပါတ်ကို Google Maps မှာရှာဖွေပေးမှာဖြစ်ပြီး ဘယ်သူ ဘယ်ဝါ ၊ ဘယ် အဖွဲ့အစည်း ကဖုန်းဆက်တာလဲဆိုတာ သင် သိရှိနိုင်ပါတယ်။
  • Immersive Mode ကတော့ သင်အသုံးပြုနေတဲ့ App ကလွဲပြီး တစ်ခြား အရာတွေကို ဖျောက်ပေးထားမှာဖြစ်လို့ မျက်စိ ရှုပ်သက်သာစေမှာပါ။ Status Bar , Navigation Buttons တွေကိုပါဖျောက်ပေးထားမှာဖြစ်ပြီး ပြန်အသုံးပြုချင်ရင် Screen ရဲ့ အစွန်းကို လက်နဲ့ပွတ်ဆွဲရမှာဖြစ်ပါတယ်။
  • Hangouts မှာ Text, Multimedia Messages, Video Calls အားလုံးကို အသုံးပြုနိုင်ပါတယ်။
  • Photos, Documents, Web Pages တွေ အားလုံးကို သင့်ဖုန်း ကနေ Print ထုတ်နိုင်ပါတယ်။ Google Cloud Print ကို အသုံပြုလို့ရတဲ့ Printer တွေဖြစ်တဲ့ HP ePrint Printers တွေ နဲ့  Google Play Apps တွေပါရှိတဲ့ Printer တွေမှာ လည်း Print ထုတ်နိုင်ပါတယ်။

KitKat မှာ Google Services တွေကို အဓိက အသုံးပြုအောင် ပြုလုပ်ထားပါတယ်။ Google Now ကို Home Screen ကနေ လက်နဲ့ပွတ်ဆွဲပြီးလျှင်မြန်စွာသုံးနိုင်ပါတယ်။ “OK Google” လို့ Voice Command ပေးပြီး အသံနဲ့ ရှာဖွေတာတွေ၊ စာပို့တာတွေ၊ လမ်းတည်နေရာ ညွှန်ပြခိုင်းတာတွေ ၊ သီချင်းဖွင့်တာတွေ ပြုလုပ်နိုင်ပါတယ်။

KitKat ကို ဘယ်တော့ အသုံးပြုလို့ရမလဲ?

KitKat ကို ဒီနေ့ရောင်းချတဲ့ Nexus 5 မှာ စတင်ထည့်သွင်းပေးလိုက်ပါတယ်။ Nexus 4, Nexus 7, Nexus 10 စတဲ့ Tablet တွေနဲ့ Galaxy S4 တို့ကိုလာမယ့် ရက်သတ္တပတ်အတွင်းမှာ Update လုပ်ပေးမယ်လို့ပြောပါတယ်။HTC က HTC One အသုံးပြုသူတွေကို ရက် ကိုးဆယ်အတွင်းမှာ Update ပေးမယ်လို့ပြောပါတယ်။ HTC One Google Play Edition ကတော့ မကြာမီမှာပဲရရှိမှာပါ။ ပြီးရင်တော့ HTC One Max, One Mini တို့အလှည့်ဖြစ်ပါတယ်။

တစ်ခြား Android Phone တွေကတော့ ဘယ်အချိန် မှာ KitKat ကိုအသုံးပြုနိုင်မလဲဆိုတာတော့ သေချာမသိရသေးပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *