Business, Featured, Gadgets, News, Opinion, Review, Travel

Selfie စီးပွားရေးနယ်ပယ်မှာ တစ်ခေတ်ဆန်းနေတဲ့ Selfie Sticks

Selfieစီးပွားရေးနယ်ပယ်မှာ တစ်ခေတ်ဆန်းနေတဲ့ Selfie Sticks

Sydney Opera Houseအဆောက်အဦးရဲ့ စုလစ်မွန်းချွန် အပေါ်မှာ ထိုးထိုးထောင်ထောင်နဲ့ တွေ့ရတဲ့ တုတ်ချောင်းကတော့ သင်နဲ့ သင့်သူငယ်ချင်းများစွာကို ဓါတ်ပုံရိုက်ကူးပေးနိုင်ပြီး ဆန့်ထုတ်နိုင်တဲ့ Selfie Stickဖြစ်ပါတယ်။ ဖင်လန်နိုင်ငံမှ အသက် ၂၁ အရွယ် Niklas Riuttaက Harbour Bridgeကို နောက်ခံထားပြီး Selfie Stickနဲ့ ဓါတ်ပုံရိုက်ကူးနေတာ ဖြစ်ပါတယ်။

“ ခင်ဗျားမှာ Selfie Stickရှိရင်တော့ အကောင်းဆုံး ရိုက်ချက်တွေကို ရိုက်ကူးနိုင်ပါပြီ။ ဓါတ်ပုံရိုက်ပေးဖို့ တစ်ခြားလူတစ်ယောက်ကို အကူအညီတောင်းစရာမလိုတော့ပါဘူး။ “ လို့ သူကပြောပါတယ်။

ဒီလို Selfieဓါတ်ပုံတွေ ရိုက်ကူးနေတဲ့ လူတွေ အဲဒီမှာ ရာပေါင်းများစွာ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဓါတ်ပုံရိုက်ဖို့ အကူအညီတောင်းစရာမလိုကြပါဘူး။ အဲဒီလူတွေရဲ့ အထက်မှာတော့ စမတ်ဖုန်းနဲ့ GoPro Cameraတွေကို တပ်ဆင်ထားတဲ့ ရှည်လျားတဲ့ သတ္တုချောင်းကိုတွေ့ရမှာပါ။ အဲဒီအတွက် ကျွန်တော်တို့ ခန္ဓာကိုယ်အရှည်လောက်ရှိတဲ့ လက်တွေမရှိလည်း ပြဿနာ မရှိတော့ပါဘူး။

Selfie Stickရောင်းအားဟာ အရှေ့တောင်အာရှ တစ်လွှားမှာ မြင့်မားနေပြီး ဥရောပနဲ့ အမေရိကမှာလည်း ရေပန်းစားနေပါတယ်။ သူတို့ဟာ ဖွံ့ဖြိုးဆဲ Selfieစီးပွားရေးမှာ တစ်ခေတ်ထနေပါတယ်။ လူတွေဟာ သူတို့ရဲ့ ဓါတ်ပုံတွေထဲမှာ လှပဖို့ မျက်နှာခွဲစိတ်ပြုပြင်တာတွေကိုတောင် ပြုလုပ်နေကြတာပါ။ အဲဒါကလည်း Selfie စီးပွားရေးထဲမှာ ပါရှိနေပါတယ်။
selfie stick
Timeမဂ္ဂဇင်းက Bluetooth Remote Controlကိရိယာနဲ့ တွဲဖက် အသုံးပြုရတဲ့ Selfie Stickကို မကြာခင်ကပဲ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး တီထွင်မှုတွေထဲက တစ်ခုလို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ a high-beta fusion reactor, super smart spacecraft နဲ့ the hoverboardတို့လည်း ပါ၀င်ပါတယ်။

Opera Houseအနားမှာ Selfie Stickကို လက်ချောင်းအရွယ်ဆန့်ထုတ်ထားတာက Yorkshireမှ စိုက်ပျိုးရေး အင်ဂျင်နီယာ ဖြစ်သူ အသက် ၁၉နှစ်အရွယ် George Leeဖြစ်ပါတယ်။ ဒီတုတ်ချောင်းက သူ့အတွက် လုံလောက်တဲ့ အဖော်ဖြစ်ပြီး သူ့ပုံရိုက်ဖို့အတွက် တစိမ်းတွေအပေါ် မှီခိုစရာမလိုတော့ဘူးလို့ သူကပြောပါတယ်။ သူ့တုတ်ချောင်းဟာ တစ်မီတာကျော် ဆန့်ထုတ်နိုင်တဲ့အတွက် မဖြစ်နိုင်တဲ့ Angleတွေကနေတောင် ကိုယ်တိုင် ဓါတ်ပုံရိုက်နိုင်ပါတယ်။ သင့်ရဲ့ လက်ဟာ အကန့်အသတ်ရှိပါတယ်လို့ သူက စိတ်ပျက်စွာ ပြောပါတယ်။

သူက သူ့ပုံရော သူငယ်ချင်း Andy Hickson ၂၉နှစ်ရဲ့ ဓါတ်ပုံတွေကိုပါ Harbour Bridge အနားမှာ၊ ပင်လယ်ထဲမှာ ရေကူးနေစဉ်မှာ ရိုက်ကူးခဲ့ပါတယ်။ “ မင်းက မင်းကိုယ်တိုင် မှတ်တမ်းတင်နေတာပဲ။ မင်းသွားတဲ့ နေရာတိုင်းမှာလိုလို ဓါတ်ပုံထဲမှာ မင်းခေါင်းပါအောင် ရိုက်နိုင်တာပေါ့။ “ လို့ Hicksonက ပြောပါတယ်။

သူတို့ အနားမှာရှိသူအားလုံးကလည်း တစ်ခြားလူတစ်ယောက်က သူတို့ပုံတွေ ရိုက်ကူးပေးထားသလို ထင်ရစေမယ့် Selfieတွေ ရိုက်နေပါတယ်။ ဒီလိုရိုက်ကူးတာဟာ အထီးကျန်နေတယ်လို့တောင် ထင်ရစေမှာ မဟုတ်ပါဘူး။ လူတော်တော်များများဟာ Selfie Stickကိုသာ အသုံးမပြုရင် မြင်ရတဲ့ မြင်ကွင်းဟာ စိတ်ပျက်စရာ ရလဒ်ဖြစ်လို့ Selfieပုံတွေထဲမှာ ပြုံးတောင်ပြုံးလေ့ မရှိပါဘူး။

ဖိလစ်ပိုင်က Audrey Amparoကလည်း အုပ်စုလိုက်ခရီးသွားရင် သူမရဲ့ Selfie Stickက အသုံး၀င်တယ်လို့ ပြောပါတယ်။ ဒီနည်းကို သုံးရင် လူအားလုံးဟာ ဓါတ်ပုံထဲမှာ ပါနိုင်တယ်လို့ သူမကပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။