Featured, Review

OS X Yosemiteရဲ့ Trash Can ဒီဇိုင်းအသစ်နဲ့ Dock UIကို လေ့လာကြည့်ခြင်း

OS X Yosemiteရဲ့ Trash Can ဒီဇိုင်းအသစ်နဲ့ Dock UIကို လေ့လာကြည့်ခြင်း

အသစ်ထွက်ရှိလာတဲ့ Yosemiteရဲ့ ဒီဇိုင်းနဲ့ Mavericksရဲ့ ဒီဇိုင်းဟာ iOS 6နဲ့ iOS 7တို့လိုပဲ လွန်စွာ ပြောင်းလဲသွားတာတွေ့ရပါတယ်။ Appleက အိုင်ကွန်များကနေ UIအထိ OS အသစ်ရဲ့ ဒီဇိုင်းကို ဆန်းသစ်အောင် ကြိုးစားထားပါတယ်။

Yosemiteရဲ့ ဆန်းသစ်ပြောင်းလဲမှုများစွာထဲကမှ ဒီဆောင်းပါးမှာ အဓိကကျတဲ့ ပြောင်းလဲမှုနှစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

ပထမတစ်ခုက Trash Can ဒီဇိုင်းအသစ်ဖြစ်ပါတယ်။ Trash Canဟာ သိပ်ပြီး အရေးမပါလှပေမယ့် ဒီဇိုင်းအသစ်ရဲ့ ဆန်းသစ်မှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ Appleမှ Craig Federighiကလည်း Trash Can ဒီဇိုင်းအသစ်အတွက် အချိန်များစွာပေးခဲ့ရတယ်လို့ ပြောထားပါတယ်။

os+x+yosemite+trashcan

Trash Canအပြင် Yosemiteမှာ Dock Iconsများကိုလည်း ဆန်းသစ်ထားပါတယ်။ Trash Canအသစ်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက အသုံးပြုခဲ့တဲ့ ဒီဇိုင်းကို အဆုံးသတ်စေခဲ့ပါတယ်။

Appleက OS X Leopardမှာ ကတည်းက အသုံးပြုခဲ့တဲ့ Dock Iconတွေကို Yosemiteမှာ 3D ဒီဇိုင်းပြောင်းလဲလိုက်ပါတယ်။ အိုင်ကွန်တွေရဲ့အောက်မှာ Indicator Dotsတွေကို ပြသပေးထားပြီး Labelsတွေကိုလည်း မှိန်ဖျော့တဲ့ အရောင်နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

os+x+mavericks+yosemite+dock

ဒါ့အပြင် အပြာရောင် ဖိုဒါများကနေ ဒီဇိုင်းအသစ်နဲ့ Navigation Elementsများအထိ UI ပြောင်းလဲမှုများစွာ ပြုလုပ်ပေးထားပါတယ်။ OS X Yosemiteရဲ့ Final Versionကို အမေရိကန်မှာ ဆောင်းဦးရာသီမှာ ဖြန့်ချီမယ်လို့ သိရပါတယ်။ Yosemite Beta Versionကို စမ်းသပ်အသုံးပြုချင်သူများအတွက် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Yosemiteရဲ့ System Requirementsများဟာ Mavericksနဲ့ အတူတူပဲဖြစ်တဲ့အတွက် Mavericksကို အသုံးပြုတဲ့ Macများမှာ Yosemiteကို အသုံးပြုနိုင်ပါတယ်။ 2GB RAM, 8GB Storageရှိရမှာဖြစ်ပါတယ်။ Yosemiteကို အသုံးပြုနိုင်တဲ့ မော်ဒယ်အားလုံးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

o iMac: mid-2007 or newer
o MacBook Pro: mid-2007 or newer
o MacBook Air: late 2008 or newer
o Mac mini: early 2009 or newer
o Mac Pro: early 2008 or newer
o MacBook: late 2008 aluminum, early 2009 or newer
o Xserve: early 2009

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *